Celebrity


Written by Ms Cele






မှော်ဘီခြံကြီးထဲမှာ ခင်မင်သူတွေကို ညအိပ်ညနေ ဖိတ်ခေါ်ပြီး အလှူလေး တစ်ခုကို ပျော်ပျော်ရွှင်ရွှင် ပြုလုပ်ခဲ့တဲ့ ခင်လှိုင်တို့ မိသားစု

ပည်သူချစ် ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ကတော့ အနုပညာ လောကမှာ အောင်မြင်မှုတစ်ခု ရရှိထားသလို သာယာအေးချမ်းတဲ့ မိသားစု ဘဝလေးကိုလည်း တည်ဆောက် ထားတာပဲ ဖြစ်ပါတယ်။ ခင်လှိုင်တို့ မိသားစုလေး ကတော့ ပျော်ပျော်နေတတ်ကြသလို မကြာခဏဆို သလိုလည်း အလှူအတန်းတွေ ပြုလုပ်လေ့ရှိတာ ပရိသတ်ကြီး သိပြီးသား ဖြစ်မှာပါ။

ဒီတစ်ခါ မှာလည်း ခင်လှိုင်တို့ မိသားစုက သူတို့ ပိုင်ဆိုင်တဲ့ မှော်ဘီမြို့က ခြံကြီးထဲမှာ ဟန်ဇာမိုးဝင်း၊ တင်မောင်ဆန်းမင်းဝင်း၊ ဘုန်းမင်းနေလ၊ ပတ္တမြားကေခိုင်၊ ထွန်းဝီရတို့နဲ့ ညဘက်ပျော်ပျော်ပါးပါး အချိန် ကုန်ဆုံးခဲ့ကြပြီး တန်ဆောင်မုန်းလပြည့်နေ့ မနက်ပိုင်းမှာလည်း အလှူအတန်း တွေပြုလုပ်နေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီး အတွက် ခင်လှိုင်တို့ မိသားစုရဲ့ အလှူလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ခင်လှိုင်တို့ မိသားစု ကတော့ ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေတွေကိုဖိတ်ပြီး အမှတ်တရ ကောင်းတွေကို ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ခင်လှိုင်တို့ မိသားစုရဲ့ အပျော်တွေကို ကြည့်ပြီး ထပ်တူဝမ်းသာနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment