Celebrity


Written by Ms Cele





Source: Soe Moe Aung’s fb

မှော်ဘီမြို့ ကင်မလင်းချောင်းကျေးရွာ စိတ္တသုခကျောင်းတိုက်မှာ အချစ်ဆုံး သူငယ်ချင်း စာရေးဆရာမ မာရင်ရင်နဲ့ အတူ နဂါးရုံဘုရား တစ်ဆူကို လှူဒါန်းပူဇော် ခဲ့တဲ့ ဖွေးဖွေး

ပရိသတ်တွေက ဖွေးစိန်လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးချောလေး ဖွေးဖွေး ကတော့ အသက် (၁၉) နှစ်အရွယ်ကတည်းက မဂ္ဂဇင်းမျက်နှာဖုံးရှင် တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာ ခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် အနုပညာသက်တမ်း (၁၃) နှစ်ကျော်ရှိပြီ ဖြစ်တဲ့ ဖွေးဖွေးက သူမရဲ့ လူငယ်ဘဝကို အလုပ်တွေသာ လုပ်ကိုင်ခဲ့တာဖြစ်ပြီး အိမ်ထောင်ပြုဖို့ ကိစ္စကို လုံးဝမစဉ်းစားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ဖွေးဖွေးက သူမရဲ့ အိမ်ထောင်ရေးကို မစဉ်းစားသေးပဲ ချစ်ရတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့သာ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေသူတစ်ယောက်ပါ။

တစ်ကိုယ်တည်း အပျိုကြီးပီပီ မိသားစုနဲ့ သူငယ်ချင်းတွေကို အရမ်းချစ်တဲ့ ဖွေးဖွေးက သူမရဲ့ ငယ်သူငယ်ချင်း ဖြစ်တဲ့ စာရေးဆရာမ မာရင်ရင်နဲ့တော့ ညီအစ်မအရင်းလို သံယောဇဉ်ရှိသူ တစ်ယောက် ဖြစ်ပါတယ်။ ခင်မင်မှု (၁၉) နှစ်ကျော်ရှိနေပြီ ဖြစ်တဲ့ ဖွေးဖွေးနဲ့ မာရင်ရင်တို့ သူငယ်ချင်းနှစ်ယောက်က ဒီတစ်ခေါက်မှာလည်း မှော်ဘီမြို့ ကင်မလင်းချောင်းကျေးရွာ စိတ္တသုခကျောင်းတိုက်မှာ နဂါးရုံဘုရားတစ်ဆူကို အတူတူ လှူဒါန်းပူဇော်ခဲ့တာကို တွေ့ရပါတယ်။

ဖွေးဖွေးနဲ့ ဆရာမ မာရင်ရင်တို့ ကတော့ (၇) တန်းကတည်းက အတူတူ ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်း တစ်ယောက်ဖြစ်ပြီး ကောင်းမှုကုသိုလ်တွေနဲ့အတူတူ အမှတ်တရတွေများစွာကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖွေးဖွေးတို့ သူငယ်ချင်း နှစ်ယောက်ရဲ့ ကုသိုလ်လေးကို သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Soe Moe Aung’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment