Celebrity

ေမွာ္ဘီျမိဳ့ ေအာင္ဇမၺဴေတာရ ေက်ာင္းတိုက္မွာ သာသနာပြဲ ကပ္လွဴျပီး နွစ္သစ္ကို က်က္သေရ ရိွရိွ ျဖတ္သန္း ခဲ့တဲ့ သင္ဇာဝင့္ေက်ာ္

Written by Ms Cele

ေမွာ္ဘီျမိဳ့ ေအာင္ဇမၺဴေတာရ ေက်ာင္းတိုက္မွာ သာသနာပြဲ ကပ္လွဴျပီး နွစ္သစ္ကို က်က္သေရ ရိွရိွ ျဖတ္သန္း ခဲ့တဲ့ သင္ဇာဝင့္ေက်ာ္

ပရိသတ္ေတြ ဆယ္စုနွစ္ တစ္စုေက်ာ္တိုင္ အားေပးခဲ့ရတဲ့ မင္းသမီးေခ်ာေလး သင္ဇာဝင့္ေက်ာ္ က လက္ရိွ အခ်ိန္ထိလည္း ေအာင္ျမင္မႈအေပါင္း သရဖူေဆာင္း ထားနိုင္သူေလး ျဖစ္ပါတယ္။ လက္ရိွ အသက္ (၃၃) နွစ္အရြယ္ ေရာက္ေနျပီျဖစ္တဲ့ သင္ဇာဝင့္ေက်ာ္က အိမ္ေထာင္ျပဳသင့္တဲ့ အရြယ္ကို ေရာက္ရိွေနျပီ ဆိုေပမယ့္ အလုပ္ေတြအေပၚကိုသာ အာရံုစိုက္ေနျပီး တစ္ကိုယ္တည္း အပ်ိဳၾကီးအျဖစ္ ရိွေနဆဲ ျဖစ္ပါတယ္။ ပရိသတ္ေတြ ကေတာ့ သင္ဇာ့ကို ခ်စ္သူရည္းစားမရိွတဲ့ Single ေလးတစ္ေယာက္လိုပဲ ျမင္ခ်င္ၾကတာျဖစ္ျပီး သင္ဇာကလည္း သူမပရိသတ္ေတြရဲ့ စိတ္ဆႏၵ အတိုင္း ေနထုိင္သူေလး ျဖစ္ပါတယ္။

အျမဲတမ္းလိုလို ခပ္ေဟာ့ ေဟာ့ပံုစံနဲ့ လြတ္လပ္စြာ ေနတတ္တဲ့ သင္ဇာဝင့္ေက်ာ္က စိတ္လြတ္ ကိုယ္လြတ္ေနတတ္တယ္ ဆိုေပမယ့္ ဘာသာေရး ကိုေတာ့ အထူးျပဳလုပ္တတ္သူ တစ္ေယာက္ ျဖစ္ပါတယ္။ မေန့က ဇန္နဝါရီလ (၁) ရက္ေန့မွာလည္း သင္ဇာဝင့္ေက်ာ္က ေမွာ္ဘီျမိဳ့ ေအာင္ဇမၺဴေတာရ ေက်ာင္းတိုက္မွာ (၃၀၁) ဆူေသာ ေရွးေဟာင္းရုပ္ပြားေတာ္ေတြနဲ့ ေအာင္ဇမၺဴေတာရ ဆရာေတာ္ၾကီးကို ဦးထိပ္ထားျပီး သာသနာပြဲ ကပ္လွဴပူေဇာ္ကာ နွစ္သစ္အစကို က်က္သေရ မဂၤလာအျဖာျဖာနဲ့ ျဖတ္သန္းခဲ့တာပဲ ျဖစ္ပါတယ္။

သင္ဇာဝင့္ေက်ာ္ ကေတာ့ သူမရဲ့ နွစ္သစ္အစကုိ ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္ရင္း ျဖတ္သန္းခဲ့တာပဲ ျဖစ္ပါတယ္။ သင္ဇာ တစ္ေယာက္ နွစ္သစ္မွာ အလုပ္အကိုင္ ေတြလည္း အဆင္ေျပျပီး စိတ္ခ်မ္းသာ ကိုယ္က်န္းမာ ရိွပါေစလို့ ဆႏၵျပဳလုိက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Source: Thin Zar Wint Kyaw’s fb
Credit:Cele Connections

မှော်ဘီမြို့ အောင်ဇမ္ဗူတောရ ကျောင်းတိုက်မှာ သာသနာပွဲ ကပ်လှူပြီး နှစ်သစ်ကို ကျက်သရေ ရှိရှိ ဖြတ်သန်း ခဲ့တဲ့ သင်ဇာဝင့်ကျော်

ပရိသတ်တွေ ဆယ်စုနှစ် တစ်စုကျော်တိုင် အားပေးခဲ့ရတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော် က လက်ရှိ အချိန်ထိလည်း အောင်မြင်မှုအပေါင်း သရဖူဆောင်း ထားနိုင်သူလေး ဖြစ်ပါတယ်။ လက်ရှိ အသက် (၃၃) နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ သင်ဇာဝင့်ကျော်က အိမ်ထောင်ပြုသင့်တဲ့ အရွယ်ကို ရောက်ရှိနေပြီ ဆိုပေမယ့် အလုပ်တွေအပေါ်ကိုသာ အာရုံစိုက်နေပြီး တစ်ကိုယ်တည်း အပျိုကြီးအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကတော့ သင်ဇာ့ကို ချစ်သူရည်းစားမရှိတဲ့ Single လေးတစ်ယောက်လိုပဲ မြင်ချင်ကြတာဖြစ်ပြီး သင်ဇာကလည်း သူမပရိသတ်တွေရဲ့ စိတ်ဆန္ဒ အတိုင်း နေထိုင်သူလေး ဖြစ်ပါတယ်။

အမြဲတမ်းလိုလို ခပ်ဟော့ ဟော့ပုံစံနဲ့ လွတ်လပ်စွာ နေတတ်တဲ့ သင်ဇာဝင့်ကျော်က စိတ်လွတ် ကိုယ်လွတ်နေတတ်တယ် ဆိုပေမယ့် ဘာသာရေး ကိုတော့ အထူးပြုလုပ်တတ်သူ တစ်ယောက် ဖြစ်ပါတယ်။ မနေ့က ဇန်နဝါရီလ (၁) ရက်နေ့မှာလည်း သင်ဇာဝင့်ကျော်က မှော်ဘီမြို့ အောင်ဇမ္ဗူတောရ ကျောင်းတိုက်မှာ (၃၀၁) ဆူသော ရှေးဟောင်းရုပ်ပွားတော်တွေနဲ့ အောင်ဇမ္ဗူတောရ ဆရာတော်ကြီးကို ဦးထိပ်ထားပြီး သာသနာပွဲ ကပ်လှူပူဇော်ကာ နှစ်သစ်အစကို ကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော် ကတော့ သူမရဲ့ နှစ်သစ်အစကို ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ရင်း ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ သင်ဇာ တစ်ယောက် နှစ်သစ်မှာ အလုပ်အကိုင် တွေလည်း အဆင်ပြေပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Thin Zar Wint Kyaw’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment