Celebrity

ေယာက်ာ္းတကာနဲ ႔အိပ္ၿပီး ႐ြပိုးထလို႔ ကေလး ရခဲ့တယ္လို႔မထင္နဲ႔လို႔ တုံ႔ျပန္ လိုက္တဲ့ မယ္လိုဒီေခါင္

Written by mscele

ကြၽန္မဟာ ဘဝမွာအသက္အ႐ြယ္နဲ႔မလိုက္ေအာင္ အမ်ားႀကီးေတြ႕ႀကဳံဆုံခဲ့ရတဲ့သူျဖစ္ပါတယ္ ဒီအရာေတြကို မိခင္/မိဘ ကိုယ္တိုင္ ႀကဳံဖူးသူ ကိုယ္ခ်င္းစာတက္သူမ်ားသာ နားလည္သေဘာ ေပါက္မွာပါ တစ္ခါတေလကြၽန္မအရမ္းပင္ပန္းပါတယ္ ကြၽန္မရဲ႕ကေလးအ တြက္အေဖလိုလဲ ေငြရွာရတယ္ အေမလိုလဲျပဳစုေစာင့္ေရွာက္ရပါတယ္တစ္ခါတေလစိတ္ဓာတ္တအားက်ပါတယ္ ဒါေပမဲ့ သန္မွာေန ရဦးမွာပါပဲ သည္းခံေနရဦးမွာပဲလို႔ မယ္လိုဒီေခါင္က ေျပာၾကားလာခဲ့ပါတယ္။လ်စ္လ်ဴရႉသင့္တာေတြကိုလ်စ္လ်ဴရႉ ေနရဦးမွာပါပဲ ကြၽန္မတစ္ေယာက္တည္းမွ မဟုတ္တာထိုင္ငိုၿပီး စိတ္ဓာတ္က်ေနလို႔မွမရတာ ကြၽန္မတို႔သားအမိဘက္ကေနရပ္တည္ၿပီး။

ေမတၱာအျပည့္အဝျပသၿပီး အားေပးနားလည္ၾကတဲ့ သူေတြကိုေရာ ဆဲဆိုမုန္းတီး နားမလည္ တစ္ဖက္ပိတ္ သူေတြကိုေရာ ေမတၱာပဲပို႔ပါ တယ္ ေက်းဇူးလဲတင္ပါ တယ္ ဆက္ၿပီးေတာ့အားေပးခ်စ္ခင္သူေတြအတြက္သာ ဆက္လက္ႀကိဳးစားသြားမွာ ျဖစ္ေၾကာင္းတစ္ပါတည္း အသိေပးလိုက္ပါတယ္ေနာ္ ” ဆိုၿပီး ပြင့္ပြင့္လင္းလင္းေျပာျပ လာခဲ့ပါတယ္။အဆိုေတာ္မယ္လိုဒီေခါင္တစ္ေယာက္ သူမရဲ႕ခံစားခ်က္ေတြ ကို ” Single Mom ေတြဆိုတိုင္း ေယာက်ာ္းတကာနဲ႔အိပ္ၿပီး ႐ြပိုးထလို႔ ကေလးရခဲ့တယ္လို႔ပဲအမ်ားကထင္ၾကတယ္ Melody သည္ ရည္း စားျဖစ္သူနဲ႔ဦးေႏွာက္မဲ့လို႔ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ေတြေၾကာင့္ (၁၆) ႏွစ္မွာ ကေလးရခဲ့တဲ့သူျဖစ္ပါတယ္။

အသက္ေတာင္မျပည့္ခဲ့ပါဘူး (ဒါဟာအတြင္းေရးျဖစ္လို႔ မေဖာ္ျပခဲ့ပါဘူး အခုမွေဖာ္ျပရျခင္း ျဖစ္ပါတယ္) တစ္ခါတေလ စိတ္ဓာတ္အ ရမ္းက်ပါတယ္ ကြၽန္မကေလးကို ဖ်က္ခ်တာမ်ိဴး ႏိုင္ငံျခားမွာကေလးကိုဖြက္ၿပီး အပ်ိဴျပန္လာလုပ္တာမ်ိဴး နည္းလမ္းေပါင္း မ်ားစြာရွိ ေသာ္ျငားလည္း အမွားကိုအမွားမွန္းသိစြာရင္ဆိုင္ခဲ့ၾကပါတယ္ ”အႏုပညာေလာကထဲဝင္တဲ့အခါမွာလဲ ကေလးကိုမေဖာ္ထုတ္ဘဲ ကြၽန္မ တစ္ေယာက္တည္း ေရွ႕ထြက္ခဲ့လို႔ရပါတယ္ သို႔ေပမဲ့ ကြၽန္မမွာ မိခင္စိတ္အျပည့္အဝရွိတာရယ္ ကြၽန္မကိုခ်စ္မယ့္ အားေပးလာမယ့္ ပရိတ္သတ္ေတြအေပၚမလိမ္ညာ မဖုံးကြယ္ခ်င္တာေၾကာင့္ရယ္ ကြၽန္မခ်ျပခဲ့ပါတယ္ ဒီအေပၚမွာလဲလက္ခံသူ လက္မခံသူရွိမွာပါပဲ။

Crd: CELE CITY

UNICODE

ကျွန်မဟာ ဘဝမှာအသက်အရွယ်နဲ့မလိုက်အောင် အများကြီးတွေ့ကြုံဆုံခဲ့ရတဲ့သူဖြစ်ပါတယ် ဒီအရာတွေကို မိခင်/မိဘ ကိုယ်တိုင် ကြုံဖူးသူ ကိုယ်ချင်းစာတက်သူများသာ နားလည်သဘော ပေါက်မှာပါ တစ်ခါတလေကျွန်မအရမ်းပင်ပန်းပါတယ် ကျွန်မရဲ့ကလေးအ တွက်အဖေလိုလဲ ငွေရှာရတယ် အမေလိုလဲပြုစုစောင့်ရှောက်ရပါတယ်တစ်ခါတလေစိတ်ဓာတ်တအားကျပါတယ် ဒါပေမဲ့ သန်မှာနေ ရဦးမှာပါပဲ သည်းခံနေရဦးမှာပဲလို့ မယ်လိုဒီခေါင်က ပြောကြားလာခဲ့ပါတယ်။လျစ်လျူရှူသင့်တာတွေကိုလျစ်လျူရှူ နေရဦးမှာပါပဲ ကျွန်မတစ်ယောက်တည်းမှ မဟုတ်တာထိုင်ငိုပြီး စိတ်ဓာတ်ကျနေလို့မှမရတာ ကျွန်မတို့သားအမိဘက်ကနေရပ်တည်ပြီး။

မေတ္တာအပြည့်အဝပြသပြီး အားပေးနားလည်ကြတဲ့ သူတွေကိုရော ဆဲဆိုမုန်းတီး နားမလည် တစ်ဖက်ပိတ် သူတွေကိုရော မေတ္တာပဲပို့ပါ တယ် ကျေးဇူးလဲတင်ပါ တယ် ဆက်ပြီးတော့အားပေးချစ်ခင်သူတွေအတွက်သာ ဆက်လက်ကြိုးစားသွားမှာ ဖြစ်ကြောင်းတစ်ပါတည်း အသိပေးလိုက်ပါတယ်နော် ” ဆိုပြီး ပွင့်ပွင့်လင်းလင်းပြောပြ လာခဲ့ပါတယ်။အဆိုတော်မယ်လိုဒီခေါင်တစ်ယောက် သူမရဲ့ခံစားချက်တွေ ကို ” Single Mom တွေဆိုတိုင်း ယောကျာ်းတကာနဲ့အိပ်ပြီး ရွပိုးထလို့ ကလေးရခဲ့တယ်လို့ပဲအများကထင်ကြတယ် Melody သည် ရည်း စားဖြစ်သူနဲ့ဦးနှောက်မဲ့လို့ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် (၁၆) နှစ်မှာ ကလေးရခဲ့တဲ့သူဖြစ်ပါတယ်။

အသက်တောင်မပြည့်ခဲ့ပါဘူး (ဒါဟာအတွင်းရေးဖြစ်လို့ မဖော်ပြခဲ့ပါဘူး အခုမှဖော်ပြရခြင်း ဖြစ်ပါတယ်) တစ်ခါတလေ စိတ်ဓာတ်အ ရမ်းကျပါတယ် ကျွန်မကလေးကို ဖျက်ချတာမျိူး နိုင်ငံခြားမှာကလေးကိုဖွက်ပြီး အပျိူပြန်လာလုပ်တာမျိူး နည်းလမ်းပေါင်း များစွာရှိ သော်ငြားလည်း အမှားကိုအမှားမှန်းသိစွာရင်ဆိုင်ခဲ့ကြပါတယ် ”အနုပညာလောကထဲဝင်တဲ့အခါမှာလဲ ကလေးကိုမဖော်ထုတ်ဘဲ ကျွန်မ တစ်ယောက်တည်း ရှေ့ထွက်ခဲ့လို့ရပါတယ် သို့ပေမဲ့ ကျွန်မမှာ မိခင်စိတ်အပြည့်အဝရှိတာရယ် ကျွန်မကိုချစ်မယ့် အားပေးလာမယ့် ပရိတ်သတ်တွေအပေါ်မလိမ်ညာ မဖုံးကွယ်ချင်တာကြောင့်ရယ် ကျွန်မချပြခဲ့ပါတယ် ဒီအပေါ်မှာလဲလက်ခံသူ လက်မခံသူရှိမှာပါပဲ။

Crd: CELE CITY

About the author

mscele

Leave a Comment