Celebrity


Written by Ms Cele





Source: Baby Maung ‘s fb

ယောကျာ်းကောင်းတစ်ယောက်ရဲ့စိတ်ဓာတ်နဲ့ရိုးသားပြီး ချစ်ဖို့ကောင်းတဲ့ အပြောဆိုအမူအယာလေးတွေကို သားဂန်းနဲ့သူမရဲ့ဗီဒီယိုလေးတစ်ခုကိုတင်ကာ ပြောပြလိုက်တဲ့ ဘေဘီမောင်

အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲကနေ လူသိများ ထင်ရှားလာတဲ့ အဆိုတော်လေး သားဂန်းနဲ့ သွက်လက် ချက်ချာပြီး စိတ်ထားကောင်းပွင့်လင်းတဲ့ သရုပ်ဆောင် ဘေဘီမောင်တို့ရဲ့ အချစ်ဇာတ်လမ်းလေး ကတော့ ပရိသတ်တိုင်းအားကျစရာပါပဲ။ သားဂန်းနဲ့ ဘေဘီမောင်က အသက်အရွယ် ကွာခြားမှုရှိပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတွေတည်ဆောက်လာခဲ့တာမို့ မကြာခင်မှာ လက်ထပ်ကြတော့မှာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သားဂန်းနဲ့ ဘေဘီမောင်တို့ရဲ မင်္ဂလာသတင်းအတွက် စိတ်ဝင်စားစွာနဲ့ စောင့်မျှော်အားပေးနေကြတာပဲ ဖြစ်ပါတယ်။

သားဂန်း ကတော့ ဘေဘီမောင်ထက် အသက်ငယ်ရွယ်သူဖြစ်ပေမယ့် ရင့်ကျက်ပြီး ယောကျာ်းပီသတဲ့ စိတ်ရှိကြောင်း ဘေဘီမောင်က ဒီကနေ့မှာ ပြသလာ ပါတယ်။ ဘေဘီမောင်က “ဒီvideo လေးက သူနဲ့ချစ်သူဖြစ်တာ၂လလောက်ပဲရှိသေးတဲ့အချိန်ပါ🥰 အဓိကပြောချင်တာက ယောကျာ်းကောင်းတစ်ယောက်ရဲ့စိတ်ဓာတ်နဲ့ရိုးသားပြီး ချစ်ဖို့ကောင်းတဲ့ အပြောဆိုအမူအယာလေးတွေပါပဲ🥰ဘေဘီအများကြီးပြောစရာမလိုဘူးထင်ပါတယ် ချစ်ရတဲ့အသဲတို့ပဲဒီvideoလေးကြည့်ပြီးဝေဖန်သုံးသပ်ပေးကြပါဦးနော်🥰” ဆိုပြီး သားဂန်းရဲ့ ချစ်စရာ အပြုအမူလေးအကြောင်းကို ပြောလာပါတယ်။

ဘေဘီမောင် ကတော့ ချစ်သူသက်တမ်း (၂) လလောက်ကတည်းက သားသားမီးမီးတွေရတဲ့ အထိ စိတ်ကူးယဉ်တတ်တဲ့ သားဂန်းအကြောင်း ကြည်ကြည်နူးနူး ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရိုးသားပြီး ချစ်စရာကောင်းလွန်းတဲ့ သားဂန်းကိုကြည့်ပြီး ဘေဘီမောင်ရဲ့ ဖူးစာရှင် လက်တွဲဖော်အတွက် ဝမ်းသာနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: Baby Maung ‘s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment