Celebrity


Written by Ms Cele





Source: ဝတ်ရည်မိုး

ယောကျာ်း မယူ ဘဲ ကလေး လေး တွေ အများ ကြီး မွေး ချင် မိတယ် ဆိုတဲ့ အဆိုတော် ပို ပို

ပရိသတ်ကြီးရေ ပိုပိုကတော့ အောက်ခြေ ကနေ စတင်ကြိုးစားပြီး အခုလို အောင်မြင် လာကြောင်းကို ပရိသတ်တွေကို အမြဲပွင့်လင်းစွာ ပြောပြတတ်သူတစ်ယောက်ပါ။ ဒါ့အပြင် အလွမ်းအဆွေး သီချင်းတွေနဲ့ ပရိသတ်တွေ ရင်ထဲကို ရောက်ရှိ ခဲ့တဲ့ အမျိုးသမီးအဆို ရှင်တစ်ဦးလည်း ဖြစ်ပါတယ်နော်။

သူမရဲ့ ” ချစ်ဖူးခဲ့သမျှ ” သီချင်းနဲ့ “ ဘာမှမလိုဘူး ” သီချင်းတွေဟာ ပရိသတ် ပါးစပ်ဖျားမှာ ရေပန်းစားကာ Music MTV တစ်ပုဒ်ထွက် လာတိုင်း ပရိသတ်တွေ ဟင်ခနဲဟာခနဲ ဖြစ်ရလောက်တဲ့ ရိုက်ကူးမှု ပုံစံတွေ ဟာ သူမရဲ့ အောင်မြင်တဲ့ လျှို့ဝှက်ချက် တွေလို့တောင် ဆိုရမှာပါ။ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အမိုက်စားမင်းသားတွေနဲ့ တွဲဖက်ပြီး MV တွေကို ဖန်တီးတတ်တဲ့ အနုပညာရှင် တစ်ဦးပါ။

ဒီနေ့မှာတော့ ”ငါသာ ကလေးမွေးရင် ငါငယ်ငယ် ကလို မျက်စိမှေးမှေး နဲ့ ဆူပုတ်ပုတ်လေး ဖြစ်နေမလား တခါတလေ ကလေး ချည်း မွေးချင်တယ်” ဆိုတဲ့ စာလေးနဲ့ သူမဖြစ်ချင်တဲ့ စိတ်ကူးလေး ကိုဟာသ ဖောက်ကာပြောပြခဲ့တာပါ။ ပိုပိုနဲ့ အကြံတူနေတဲ့ မိန်းကလေးပရိသတ်တွေ ရှိရင်မှတ်ချက်ပေး ခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက် ပါတယ်နော်။

Source: ဝတ်ရည်မိုး

About the author

Ms Cele

Leave a Comment