Celebrity


Written by Ms Cele





Credit: Cele Zone
Photo – Cele Gabar

ယောင်္ကျားဆန်ဆန် ဝတ်စုံအပြည့် ဝတ်ဆင်ကာ အသွင်တစ်မျိုးနဲ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ညီညီမောင်

နာမည်ကျော် မိတ်ကပ်ပညာရှင် တစ်ဦးဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း)ဟာ အောင်မြင်တဲ့ မိတ်ကပ် ပညာရှင် အဖြစ်နဲ့ ပရိသတ်တွေ ကြားမှာ ရေပန်းစားသူ တစ်ဦးပါ ။သုသုလို့ ချစ်စနိုးခေါ်ကြတဲ့ ညီညီမောင်(စမ်းချောင်း)ဟာ နောက်ပိုင်းမှာ မိတ်ကပ် ဖန်တီးရှင်အပြင် အနုပညာအလုပ်တွေပါ ပါဝင်လုပ်ကိုင် လာတာလည်းတွေ့ရပါတယ်။

ပရိသတ်တွေ ရယ်မောပျော်ရွှင်စေကာ ချစ်စရာကောင်းပြီး စိတ်ထား ပွင့်လင်းတဲ့ သုသုလေးရဲ့ အခွီဗီဒီယိုဖိုင်လေးတွေကိုတော့ ပရိသတ်တွေကလည်း သဘောကျနေကြပြီး အားပေးကြည့်ရှုသူ များပြားကာ ပရိသတ်တွေကြား အမြဲရေပန်းစား နေတာလည်း တွေ့ရပါတယ်နော်။

လတ်တလော မှာတော့ သုသုက ခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီး ပြည်သူတွေ နဲ့အတူ ရပ်တည်ကာ ကောင်းမွန်တဲ့ အနာဂတ်အတွက် ရင်ဆိုင်နေတာဖြစ်ပြီး နေ့စဉ်နေ့တိုင်း လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်နေ တာဖြစ်ပါတယ်။ဒီနေ့လည်း မြင်နေကျပုံစံတွေနဲ့အတူဘဲ ယောင်္ကျား ဆန်ဆန် ဝတ်စုံအပြည့် ဝတ်ဆင်ကာ ဆန္ဒထုတ်ဖော်ခဲ့ တာဖြစ်ပါတယ်။

Credit: Cele Zone
Photo – Cele Gabar

About the author

Ms Cele

Leave a Comment