Celebrity
Written by Ms Cele
ယောင်းမလောင်းလေး ရီရီပွင့်ဖြူ ရဲ့ မေတ္တာ စေတနာ တွေကြောင့် မိသားစုတွေ အားလုံး ပျော်ရွှင်ခဲ့ ရပုံကို ပြသ လာတဲ့ နန္ဒာလှိုင်
အကယ်ဒမီ နန္ဒာလှိုင်ရဲ့ မောင်အရင်းဖြစ်သူ သရုပ်ဆောင် မောင်ဟာ အနုပညာ လုပ်ငန်းတွေနဲ့ အလှမ်းဝေး သွားခဲ့ပြီဖြစ်ပေမယ့် မောင်နဲ့ သူ့ရဲ့ချစ်သူ မိန်းကလေး သရုပ်ဆောင် ရီရီပွင့်ဖြူတို့ နှစ်ယောက်စလုံး ကတော့ ပရိသတ်တွေကြားထဲမှာတော့ ချစ်စရာကောင်း တဲ့ စုံတွဲလေးအဖြစ် ထင်ရှားနေဆဲပဲ ဖြစ်ပါတယ်။ မောင်နဲ့ ရီရီပွင့်ဖြူတို့ ချစ်သူ နှစ်ယောက်က ချစ်သူသက်တမ်း (၇)နှစ်ကျော်ပြီဖြစ်ပြီး နှစ်ဖက်မိဘတွေ သဘောတူ ကြည်ဖြူစွာနဲ့ လက်တွဲနေကြသူများ ဖြစ်ကြပါတယ်။ ရီရီပွင့်ဖြူကလည်း မောင့်ကို ချစ်သလို မောင့်ရဲ့ မိသားစုကိုပါ ချစ်ပေတာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးခြင်း ခံရသူလေး ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ နန္ဒာလှိုင်က မတော်ရသေးတဲ့ ယောင်းမ လောင်းလေး ရီရီပွင့်ဖြူရဲ့ မေတ္တာတွေကြောင့် မိသားစုတွေ အားလုံး ပျော်ရွှင်ခဲ့ရပုံကို “Happy birthday ရီရီ!❤️ ဆန္ဒနဲ့ဘဝ တထပ်ထဲကျပါစေ❤️ ရီရီ့မွေးနေ့အတွက် ကျွေးတာတဲ့ စိန်စိန်နဲ့ရီရီကင်ထားတဲ့ ကျောက်ပုဇွန်ကင် Thank you” ဆိုပြီး မွေးနေ့အတွက် တစ်အိမ်လုံးစားဖို့ ကျောက်ပုစွန်ကြီးတွေပို့ပေးတဲ့ ရီရီပွင့်ဖြူကို ကျေးဇူးတင်စကားပြောလာပါတယ်။
ရီရီပွင့့်ဖြူကတော့ မောင့်ရဲ့မိသားစုဝင် တွေကို သူမရဲ့ ဆွေမျိုးရင်းချာလို ဂရုစိုက်သလို မောင်ကလည်း ရီရီပွင့်ဖြူတို့ မိသားစုအပေါ် ဂရုတစိုက်ရှိသူ တစ်ယောက် ဖြစ်ပါတယ်။ မွေးနေ့ရှင်လေး ရီရီပွင့်ဖြူလည်း မွေးနေ့ မှသည် အခုလိုပဲ ချစ်ရသူနဲ့ ပျော်ရွှင်ချမ်းမြေ့စွာ လက်တွဲနိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ့ဆုတောင်းပေးလိုက်ပါတယ်။
Credit:Cele Connections
About the author
Ms Cele
Leave a Comment