Celebrity


Written by Ms Cele





Credit:Celelucky

ရေကူးကန်ထဲတွင် ဗိုက်ထဲက ရင်သွေးလေး ကျန်းမာစေရန် အပန်းဖြေအနားယူနေတဲ့ အောန်ဆိုင်း

မော်ဒယ်မလေး အောန်ဆိုင်း ကတော့ လက်ရှိမှာ ခင်ပွန်းနဲ့အတူ ပြည်ပနိုင်ငံ တစ်နိုင်ငံတွင် အေးချမ်းစွာ နေထိုင်လျက် ရှိနေပါတယ်။ သူမရဲ့ သွားလာလှုပိရှားမှုတွေ ကိုလည်း စဉ်ဆက်မပြတ် တင်ဆက်ပေးနေတာကို မြင်တွေ့နေရပါတယ်။ အခုမှာလည်း ပရိသတ်တွေ အတွက် သူမရဲ့ တစ်နေ့တာလှုပ်ရှားမှုတွေ ထဲကမှ တစ်ချို့ကို မျှဝေပေးလာခဲ့ပြန်ပြီ ဖြစ်ပါတယ်။

ဒါကတော့ ကိုယ်ဝန်ရင့်နေတဲ့ ကာလမှာတောင် ရေကူးဝတ်စုံလေး ဝတ်ပြီး စိတ်ပြေနပြေ ရေစိမ်ရင်း အပန်းဖြေအနားယူနေတဲ့ အောန်ဆိုင်းရဲ့ဗီဒီယိုဖိုင်လေးကို Instagram story တွင် တင်ပေးလာခဲ့တာ ဖြစ်ပါတယ်။ အောန်ဆိုင်းဟာ သူမရဲ့ ခင်ပွန်းရိုက်ပေးတဲ့ ပုံမှန်သမျှကို သဘောတွေ ကျနေတာ ဖြစ်ပါတယ်။ ခင်ပွန်းသည် ကိုယ်တိုင် ဂရုတစိုက် ပြုစုယုယမှု ‌တွေကြောင့်လည်း စိတ်ချမ်းသာ နေတာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ရင်သွေးလေး ဘယ်ချိန်မှာ မွေးဖွားမယ်ဆို တာကိုတော့ တရားဝင် အသိပေးထားခြင်း မရှိသေးပါဘူး။ ပရိသတ်တွေနဲ့ အနုပညာရှင်များကလည်း အောန်ဆိုင်းတို့ရဲ့ ပထမဆုံးရင်သွေးလေး အတွက် ဝမ်းသာကြည်နူးပေး နေကြတာ ဖြစ်ပါတယ်။ အားလုံး ကြည့်ရှုဖို့ ဗီဒီယိုဖိုင်လေးကို အခုပဲ တင်ဆက်ပေးလိုက် ပါပြီနော်။

Credit:Celelucky

About the author

Ms Cele

Leave a Comment