Celebrity

ေရမြန္နဲ႔အတူ ဆုံေတြ႕ခဲ့တဲ့ အမွတ္တရဗီဒီယိုေလးကို ပရိသတ္ေတြသိေအာင္ ျပန္လည္မွ်ေ၀လာတဲ့ အုပ္စိုးခန္႕

Written by Ms Cele

ေရမြန္နဲ႔အတူ ဆုံေတြ႕ခဲ့တဲ့ အမွတ္တရဗီဒီယိုေလးကို ပရိသတ္ေတြသိေအာင္ ျပန္လည္မွ်ေ၀လာတဲ့ အုပ္စိုးခန္႕

ယေန႔ မွာေတာ့ rock သီခ်င္းေတြကို အမိုက္စား သီဆို တတ္တဲ့ Idiots အဖြဲ႕ဝင္ ေရမြန္ တစ္ေယာက္ ႐ုတ္တရက္ ကြယ္လြန္ ခဲ့တာျဖစ္ပါတယ္ ။ အရည္အခ်င္းရွိၿပီး ငယ္ရြယ္ သူေလးမို႔ အားလုံးက ႏွေျမာတသ စိတ္မေကာင္း ျဖစ္ေနၾက တာလည္းေတြ႕ရပါတယ္ ။ တစ္ခ်ိဳ႕ကလည္း သူရဲ့ နာမည္ႀကီးခဲ့တဲ့ သီခ်င္းစာသားေလးေတြကို အမွတ္တရေရးရင္း ဝမ္းနည္းေၾကာင္းေတြ ေဖာ္ျပခဲ့ၾကတာေတြ႕ရပါတယ္ ။

ဒါ့အျပင္ အႏုပညာရွင္မ်ားစြာ ကလည္း စိတ္မေကာင္းျဖစ္ မိေၾကာင္းကို အမဲေရာင္ ပရိုဖိုင္မ်ား ခ်ိန္းကာ ဝမ္းနည္းေၾကာင္း ေဖာ္ျပခဲ့ၾကတာေတြ႕ရပါတယ္ ။ လူ႔ေလာကထဲကေန ေရမြန္ တစ္ေယာက္ ေပ်ာက္ကြယ္ သြားေပမယ့္လည္း သူရဲ့ ခံစားခ်က္အျပည့္နဲ႔ သီဆိုခဲ့တဲ့ သီခ်င္းေတြကေတာ့ ပရိသတ္ေတြရဲ့ ရင္ထဲမွာ အခ်ိန္တိုင္း ရွိေနမယ္ဆိုတာ ယုံၾကည္မိတာ အမွန္ပါပဲ ။

အခုလည္း အုပ္စိုးခန႔္က သူရဲ့ လူမႈကြန္ရက္ စာမ်က္ႏွာေလး ထက္မွာ ေရမြန္နဲ႔ အတူ ဆုံေတြ႕ခဲ့တဲ့ အမွတ္တရ ေလးေတြကို ျပန္လည္ ေဖာ္ျပလာ ပါတယ္ ။ ပုံရိပ္ေလးေတြ အျပင္ Show ပြဲေနာက္က သီဆို မေဖ်ာ္ေျဖခင္ အမွတ္တရ ရိုက္ထားတဲ့ ဗီဒီယိုေလးေတြ နဲ႔အတူ ” အကိုေရ…. မေစာလြန္း ဘူးလားဗ်ာ….ညီကိုအျမဲတမ္း အရင္လို မဆုံးမေတာ့ဘူးလားဗ်ာ…ညီတို႔အတူတူအျမဲေပ်ာ္ပီးစေနာက္တာေတြမရေတာ့ဘူးလားဗ်ာ အကိုေရ!!! အကို.! Rest In Peace ပါခ်စ္ဆုံးကိုႀကီးရာ …. ” ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Credit:Cele Zone
Photo – Oak Soe Khant

ရေမွန်နဲ့အတူ ဆုံတွေ့ခဲ့တဲ့ အမှတ်တရဗီဒီယိုလေးကို ပရိသတ်တွေသိအောင် ပြန်လည်မျှဝေလာတဲ့ အုပ်စိုးခန့်

ယနေ့ မှာတော့ rock သီချင်းတွေကို အမိုက်စား သီဆို တတ်တဲ့ Idiots အဖွဲ့ဝင် ရေမွန် တစ်ယောက် ရုတ်တရက် ကွယ်လွန် ခဲ့တာဖြစ်ပါတယ် ။ အရည်အချင်းရှိပြီး ငယ်ရွယ် သူလေးမို့ အားလုံးက နှမြောတသ စိတ်မကောင်း ဖြစ်နေကြ တာလည်းတွေ့ရပါတယ် ။ တစ်ချို့ကလည်း သူရဲ့ နာမည်ကြီးခဲ့တဲ့ သီချင်းစာသားလေးတွေကို အမှတ်တရရေးရင်း ဝမ်းနည်းကြောင်းတွေ ဖော်ပြခဲ့ကြတာတွေ့ရပါတယ် ။

ဒါ့အပြင် အနုပညာရှင်များစွာ ကလည်း စိတ်မကောင်းဖြစ် မိကြောင်းကို အမဲရောင် ပရိုဖိုင်များ ချိန်းကာ ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြတာတွေ့ရပါတယ် ။ လူ့လောကထဲကနေ ရေမွန် တစ်ယောက် ပျောက်ကွယ် သွားပေမယ့်လည်း သူရဲ့ ခံစားချက်အပြည့်နဲ့ သီဆိုခဲ့တဲ့ သီချင်းတွေကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ အချိန်တိုင်း ရှိနေမယ်ဆိုတာ ယုံကြည်မိတာ အမှန်ပါပဲ ။

အခုလည်း အုပ်စိုးခန့်က သူရဲ့ လူမှုကွန်ရက် စာမျက်နှာလေး ထက်မှာ ရေမွန်နဲ့ အတူ ဆုံတွေ့ခဲ့တဲ့ အမှတ်တရ လေးတွေကို ပြန်လည် ဖော်ပြလာ ပါတယ် ။ ပုံရိပ်လေးတွေ အပြင် Show ပွဲနောက်က သီဆို မဖျော်ဖြေခင် အမှတ်တရ ရိုက်ထားတဲ့ ဗီဒီယိုလေးတွေ နဲ့အတူ ” အကိုရေ…. မစောလွန်း ဘူးလားဗျာ….ညီကိုအမြဲတမ်း အရင်လို မဆုံးမတော့ဘူးလားဗျာ…ညီတို့အတူတူအမြဲပျော်ပီးစနောက်တာတွေမရတော့ဘူးလားဗျာ အကိုရေ!!! အကို.! Rest In Peace ပါချစ်ဆုံးကိုကြီးရာ …. ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – Oak Soe Khant

About the author

Ms Cele

Leave a Comment