Celebrity
Written by Ms Cele
Credit:Yin Khat Pan
ရောဂါ ကူးစက် ခံလိုက်ရပြီ ဖြစ်ကြောင်း ပရိသတ် တွေကို အသိပေး လာတဲ့ သရုပ်ဆောင် ထွန်းကိုကို
ပရိသတ်ကြီးရေ မော်ဒယ် သရုပ်ဆောင်ထွန်းကိုကို ဟာဆိုရင် နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဦးကျော်သူနဲ့အတူ ကျော်သူရဲ့ကျန်းမာရေးကိုစောင့်ရှောက်ဖို့လိုက်ပါ ခဲ့တဲ့ စိတ်ထားမွန်မြတ်တဲ့ မင်းသားလေး တစ်ယောက်ဖြစ်ပါတယ်နော်။ပြီးခဲ့တဲ့ ရက်ပိုင်းက သူ့ကိုကိုဗစ်ရောဂါပိုးရှိမရှိSwab testing ပြုလုပ်ခဲ့ကြ ပါတယ်။
ယနေ့မှာတော့ ထွန်းကိုကိုရဲ့ဖေ့ဘွတ် စာမျက်နှာမှာ ယခုလိုရေးသားထားတာ တွေ့ရပါတယ်။ထွန်းကိုကိုက”သံမဏိ လူသားလဲမဟုတ်ဘူး စက်ရုပ်လူသားလဲ မဟုတ်ဘူး ပါ၀ါရိန်းဂျားလည်း မဟုတ်ဘူး Pဖြစ်တာ မဆန်းပါဘူး”လို့ ရေးသားထားတာကို တွေ့ရပါတယ်နော်။ ထွန်းကိုကိုဟာ အနုပညာလောက မှာလည်းအောင်မြင်မှုကို ရရှိထားသလို ပရဟိတ လုပ်ငန်းတွေ မှာလည်း စိတ်အားထက်သန်စွာ ပါဝင််လုပ်ကိုင် ဆောင်ရွက်ပေးတတ်တဲ့ လူငယ်ပရဟိတမင်းသားလေးပဲဖြစ် ပါတယ်နော်။
ယခုဆိုရင် ထွန်းကိုကိုက ကိုဗစ်ရောဂါတွေ့ရှိတဲ့ အတွက် ဆေးကုသမှု ခံယူနေတာကြောင့် ထွန်းကိုကို ကိုပရိသတ် ကြီးလည်း ဆုတောင်းအားပေး စကားလေးတွေပြောသွား ပေးကြပါအုံးနော်။ထွန်းကိုကို တစ်ယောက် ရောဂါပျောက်ကင်းပြီးအမြန်ဆုံး ကျန်းမာလာပါစေ။ ပရိသတ်ကြီး လည်း ရောဂါဘယတွေ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ်နော်။
Credit:Yin Khat Pan
About the author
Ms Cele
Leave a Comment