Celebrity

ေရာဂါ ေဝဒနာ ေတြကို ကုသေပးေနတဲ့ အေပၚ မနာလိုၿပီး ေဝဖန္ ေနၾကတဲ့ သူေတြ ကို တုန္႔ျပန္ လိုက္တဲ့ သ႐ုပ္ေဆာင္ ထူးခန္႔ေက်ာ္

Written by Ms Cele

ေရာဂါ ေဝဒနာ ေတြကို ကုသေပးေနတဲ့ အေပၚ မနာလိုၿပီး ေဝဖန္ ေနၾကတဲ့ သူေတြ ကို တုန္႔ျပန္ လိုက္တဲ့ သ႐ုပ္ေဆာင္ ထူးခန္႔ေက်ာ္

ပရိသတ္ႀကီးေရ ထူးခန္႔ေက်ာ္ဟာ ဆိုရင္ ဇာတ္ပို႔သ႐ုပ္ေဆာင္ အေနနဲ႔ပါဝင္ေလ့ရွိၿပီး ေခါင္းေဆာင္မင္းသား အေနနဲ႔လည္း ဇာတ္ကားေပါင္း မ်ားစြာ ရိုက္ကူးထားတဲ့ ေအာင္ျမင္တဲ့သူ တစ္ေယာက္ပါ။ ယခုလည္း သူတတ္ကၽြမ္းတဲ့ ပညာနဲ႔ေရာဂါေဝဒနာရွင္ေတြကို အျမန္ဆုံးေပ်ာက္ကင္း ေအာင္ ေမတၱာေစတနာအျပည့္နဲ႔ ကုသေပးေနပါတယ္။ ဒီလိုကုသေပးတဲ့အေပၚမွာ ေဝဖန္မႈေတြကိုလည္းခံေနရပါတယ္။

ဒီလိုေဝဖန္မႈေတြအေပၚထူးခန္႔ေက်ာ္ရဲ့ ေျပာျပခ်က္ကေတာ့ “ေဝဖန္တာကိုလက္ခံပါတယ္။တိုက္ခိုက္တာကိုေတာ့ကၽြန္ေတာ္သိပ္လက္မခံပါဘူး။ကၽြန္ေတာ့ကို ဘုရားကိုခုတုံးလုပ္ၿပီးမွ စားရေသာက္ရတယ္ေပါ့ ကၽြန္ေတာ့ဆီကိုလာေရာက္တဲ့ ခုႏွစ္ရက္သားသမီးေတြ တစ္ေထာင္ထားပါေတာ့ တစ္ေထာင္မွာပါးစပ္ေပါက္ တစ္ရာမပိတ္နိုင္ပါဘူး။ဒီေကာာင္နံမည္ႀကီးခ်င္တာလား ဒီေကာင္လူတြင္က်ယ္ လုပ္ခ်င္တာလား မေပ်ာက္ဘဲေပ်ာက္တယ္လို႔လိမ္ညာလို႔မရပါဘူး။ သက္သာေပ်ာက္ကင္းၾကလို႔ဖုန္းေတြ တကြမ္ကြမ္ဆက္ၿပီး Lockdown ခ်ထားတယ္ ေျပာတာေတာင္ မရၾကဘူး။ဖုန္းေတြ ဆက္ေတာ့ကၽြန္ေတာ္ မခံစားနိုင္ဘူး။အိမ္နဲ႔ကၽြန္ေတာ္ရန္ျဖစ္ရတဲ့ အဆင့္ထိျဖစ္တယ္။ကၽြန္ေတာ္ကုခ်င္ေနၿပီ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္ပိုက္ဆံရလို႔မဟုတ္ဘူး…’ကိုက္လို႔ပါဆရာရယ္..မခံနိုင္လို႔ပါ..ကယ္ပါ’ အဲလိုအသံေတြ ေနာက္ဆုံးကၽြန္ေတာ္ဘာလုပ္ရလဲဆိုေတာ့ တရားထိုင္ရတယ္ အဲဒါေတြက ကိုယ့္ရင္ထဲကိုယ္ပဲသိတယ္။ကၽြန္ေတာ္အပိုလုပ္ေျပာတာမဟုတ္ဘူး ဒါေတြကနိစၥဓူ၀ အမ်ားႀကီးပါ…

အဲေတာ့ကၽြန္ေတာ့ကိုဘုရားဗန္းျပၿပီး စားေနပါတယ္ဆိုတဲ့လူေတြကို ေျပာခ်င္တယ္ အခ်ိန္မေရြးလည္းwelcomeပါ။လိပ္စာလည္းေပးၿပီးသား ဖုန္းနံပါတ္လည္းေပးၿပီးသားပါ။ကၽြန္ေတာ္ဘယ္လိုလုပ္လည္းလာၾကည့္ပါ။သူမ်ားႏွာေခါင္းေပါက္နဲ႔အသက္ရႉရတဲ့အထဲမွာ ထူးခန္႔ေက်ာ္မပါဘူး။ဒီေန႔ဒီခ်ိန္ထိလည္းမည္သူမည္ဝါကိုမွမေကာင္းျမင္တဲ့စိတ္ ႏွမ္းေစ့တစ္ေစ့ေတာင္မရွိခဲ့ဘူး လိမ္ေျပာလို႔လဲမရပါဘူး ေပ်ာက္တယ္မေပ်ာက္ဘူးဆိုတာ လာကုတဲ့ခုႏွစ္ရက္သားသမီးေတြသိပါတယ္။သူတို႔ဆီမွာလည္းပိုက္ဆံဘယ္ေလာက္ေပးရမယ္လို႔ရိုက္ပို႔ၿပီး မေပးရင္မကုဘူးလို႔ ဘယ္သူ႔ကိုေျပာခဲ့ဖူးလဲေမးၾကည့္ပါ။

လူဆိုတာေမတၱာေစတနာ ဂ႐ုဏာ မုဒိတာနဲ႔ေျပာခ်င္တဲ့သူဆိုရင္ေတာ့ ကၽြန္ေတာ့္ကိုဖုန္းဆက္ၿပီးေသာ္ လည္းေကာင္း ဒါကေတာ့ ဒီလိုရွိတယ္ေျပာလို႔ရပါတယ္။အဲဒီမွာ ကၽြန္ေတာ့္လက္မွတ္ကိစၥနဲ႔ေျပာခ်င္တာကေတာ့ တစ္ဦးတစ္ေယာက္တည္းကိုေျပာခ်င္တာပါ။အဲဒီပုဂၢိဳလ္ကအမ်ားကို သုံးႏႈန္းၿပီးေတာ့ဆိုတဲ့အေၾကာင္းတရားေတြေပါ့ အမ်ားကိုေျပာတာပါလို႔ေျပာတဲ့ဟာေတြကၽြန္ေတာ္မွာသက္ေသအေထာက္အထားေတြ ရွိပါတယ္။ကၽြန္ေတာ္ဘာမွမျဖစ္ပါဘူး ေခါင္းထဲလည္းမရွိဘူး သူတို႔ျဖဴသလားမဲသလားလဲမသိဘူး ကိုယ္ကဗုဒၶဘာသာျမန္မာလူမ်ိဳးပဲေလ..စိတ္မေကာင္းေတာ့ျဖစ္မိတာေပါ့ တုန္လႈပ္မႈေတာ့မရွိပါဘူး။လူဆိုတာမနာလိုစိတ္ရွိတဲ့ အေနအထားတစ္ခုက႐ုပ္ရည္ကိုလည္း ပ်က္ဆီးေစတယ္။ေနာက္ၿပီးေတာ့အမူ အရာကိုလည္း ၾကမ္းတမ္း ေစတယ္။အေတြးအေခၚကိုလည္း ပ်က္စီးေစတယ္။ တစ္နည္းအားျဖင့္ေျပာမယ္ဆို ေအာက္တန္းက်ေသာ ႐ူးသြပ္မႈလို႔ေျပာခ်င္ပါတယ္။

ေနာက္တစ္ခုက အဆင့္အတန္းဆိုတဲ့ အေၾကာင္းတရားကိုေျပာ ခ်င္ပါတယ္ ကၽြန္ေတာ္သိတဲ့ အဆင့္အတန္း က ႐ုပ္ေခ်ာတာ လွတာ ေအာင္ျမင္တာရာထူးႀကီးတာ ငယ္တာ ခ်မ္းသာတာ ဆင္းရဲတာ ပညာတတ္တာ မတတ္တာနဲ႔မဆိုင္ပါဘူး။ဒါအဆင့္ အတန္းမဟုတ္ပါဘူး..အဆင့္အတန္းဆိုတာ အသိတရား ကိုယ္ခ်င္းစာစိတ္ ေနာက္တစ္နည္းက လူကိုလူလို ျမင္ေအာင္ၾကည့္တတ္တဲ့စိတ္ အဲဒါမွမရွိရင္အလကားလူပဲ။ ထူးခန္႔ေက်ာ္မင္းဟာ ဘယ္လိုလူလည္း?ကၽြန္ေတာ့္ ကိုယ္ကၽြန္ေတာ္လည္းျပန္ေမးရေသးတယ္။ ဘယ္သူ႔ကိုမွအျပစ္ေျပာတာမဟုတ္ပါဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္တိုက္ခိုက္ေနလို႔လည္းဘာမွထူးမလာပါဘူး။

ကၽြန္ေတာ့ကိုေျပာခ်င္ရင္ ဖုန္းနံပါတ္ေတြလိပ္စာေတြလည္းေပး ထားပါတယ္ ဒဲ့ေျပာလို ႔ရပါတယ္။ ေယာက္်ားက ေယာက္်ား စကားပဲေျပာေစခ်င္တယ္ ေယာက္်ားအလုပ္လုပ္တာပဲ ေကာင္းပါတယ္။ လူျဖစ္ခြင့္ရတဲ့မေသခင္ အခ်ိန္ေလးမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ခ်စ္ခင္ခင္နဲ႔ ေမတၱာထားၿပီး ေနသြားခ်င္ ပါတယ္။သူမ်ားကို မလိုမုန္းထားတဲ့ စိတ္ရွိတဲ့ သူဟာ ဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးရဲ့အဆုံးအမ ကို ဆန္႔က်င္တဲ့သူပဲ။ကၽြန္ေတာ့ကို တိုက္ခိုက္တဲ့သူေတြကို ကၽြန္ေတာ္မမုန္းပါဘူး။အဲဒီ့လူကိုသံေယာဇဥ္ေတာင္ ျဖစ္မိပါတယ္ တကယ္လို႔မ်ားကၽြန္ေတာ့္ကိုသူ႔ဆီကပညာေတြမ်ား သင္ေပးစရာရွိမယ္ဆိုရင္ ကၽြန္ေတာ္ယူေကာင္းယူနိုင္ပါတယ္။တကယ္ေတာ္တဲ့ပုဂၢိဳလ္ႀကီးပါ အစဥ္ထာဝရေလးစား လ်က္ပါ”လို႔ေျပာၿပ သြားပါတယ္။ ထူးခန္႔ေက်ာ္ကေတာ့ သူ႔ကိုေဝဖန္တဲ့သူေတြကို ယခုလိုတုံံ့ျပန္ေျပာဆိုသြားတာပါ။ အဆုံးထိဖတ္ရႉေပးတဲ့ပရိသတ္ႀကီးကိုလည္း အထူးပဲေက်းဇူးတင္ ပါတယ္ေနာ္။

Credit:Shwe Young Myanmar

ရောဂါ ဝေဒနာ တွေကို ကုသပေးနေတဲ့ အပေါ် မနာလိုပြီး ဝေဖန် နေကြတဲ့ သူတွေ ကို တုန့်ပြန် လိုက်တဲ့ သရုပ်ဆောင် ထူးခန့်ကျော်

ပရိသတ်ကြီးရေ ထူးခန့်ကျော်ဟာ ဆိုရင် ဇာတ်ပို့သရုပ်ဆောင် အနေနဲ့ပါဝင်လေ့ရှိပြီး ခေါင်းဆောင်မင်းသား အနေနဲ့လည်း ဇာတ်ကားပေါင်း များစွာ ရိုက်ကူးထားတဲ့ အောင်မြင်တဲ့သူ တစ်ယောက်ပါ။ ယခုလည်း သူတတ်ကျွမ်းတဲ့ ပညာနဲ့ရောဂါဝေဒနာရှင်တွေကို အမြန်ဆုံးပျောက်ကင်း အောင် မေတ္တာစေတနာအပြည့်နဲ့ ကုသပေးနေပါတယ်။ ဒီလိုကုသပေးတဲ့အပေါ်မှာ ဝေဖန်မှုတွေကိုလည်းခံနေရပါတယ်။

ဒီလိုဝေဖန်မှုတွေအပေါ်ထူးခန့်ကျော်ရဲ့ ပြောပြချက်ကတော့ “ဝေဖန်တာကိုလက်ခံပါတယ်။တိုက်ခိုက်တာကိုတော့ကျွန်တော်သိပ်လက်မခံပါဘူး။ကျွန်တော့ကို ဘုရားကိုခုတုံးလုပ်ပြီးမှ စားရသောက်ရတယ်ပေါ့ ကျွန်တော့ဆီကိုလာရောက်တဲ့ ခုနှစ်ရက်သားသမီးတွေ တစ်ထောင်ထားပါတော့ တစ်ထောင်မှာပါးစပ်ပေါက် တစ်ရာမပိတ်နိုင်ပါဘူး။ဒီကောာင်နံမည်ကြီးချင်တာလား ဒီကောင်လူတွင်ကျယ် လုပ်ချင်တာလား မပျောက်ဘဲပျောက်တယ်လို့လိမ်ညာလို့မရပါဘူး။ သက်သာပျောက်ကင်းကြလို့ဖုန်းတွေ တကွမ်ကွမ်ဆက်ပြီး Lockdown ချထားတယ် ပြောတာတောင် မရကြဘူး။ဖုန်းတွေ ဆက်တော့ကျွန်တော် မခံစားနိုင်ဘူး။အိမ်နဲ့ကျွန်တော်ရန်ဖြစ်ရတဲ့ အဆင့်ထိဖြစ်တယ်။ကျွန်တော်ကုချင်နေပြီ ဘာလို့လဲဆိုတော့ ကျွန်တော်ပိုက်ဆံရလို့မဟုတ်ဘူး…’ကိုက်လို့ပါဆရာရယ်..မခံနိုင်လို့ပါ..ကယ်ပါ’ အဲလိုအသံတွေ နောက်ဆုံးကျွန်တော်ဘာလုပ်ရလဲဆိုတော့ တရားထိုင်ရတယ် အဲဒါတွေက ကိုယ့်ရင်ထဲကိုယ်ပဲသိတယ်။ကျွန်တော်အပိုလုပ်ပြောတာမဟုတ်ဘူး ဒါတွေကနိစ္စဓူဝ အများကြီးပါ…

အဲတော့ကျွန်တော့ကိုဘုရားဗန်းပြပြီး စားနေပါတယ်ဆိုတဲ့လူတွေကို ပြောချင်တယ် အချိန်မရွေးလည်းwelcomeပါ။လိပ်စာလည်းပေးပြီးသား ဖုန်းနံပါတ်လည်းပေးပြီးသားပါ။ကျွန်တော်ဘယ်လိုလုပ်လည်းလာကြည့်ပါ။သူများနှာခေါင်းပေါက်နဲ့အသက်ရှူရတဲ့အထဲမှာ ထူးခန့်ကျော်မပါဘူး။ဒီနေ့ဒီချိန်ထိလည်းမည်သူမည်ဝါကိုမှမကောင်းမြင်တဲ့စိတ် နှမ်းစေ့တစ်စေ့တောင်မရှိခဲ့ဘူး လိမ်ပြောလို့လဲမရပါဘူး ပျောက်တယ်မပျောက်ဘူးဆိုတာ လာကုတဲ့ခုနှစ်ရက်သားသမီးတွေသိပါတယ်။သူတို့ဆီမှာလည်းပိုက်ဆံဘယ်လောက်ပေးရမယ်လို့ရိုက်ပို့ပြီး မပေးရင်မကုဘူးလို့ ဘယ်သူ့ကိုပြောခဲ့ဖူးလဲမေးကြည့်ပါ။

လူဆိုတာမေတ္တာစေတနာ ဂရုဏာ မုဒိတာနဲ့ပြောချင်တဲ့သူဆိုရင်တော့ ကျွန်တော့်ကိုဖုန်းဆက်ပြီးသော် လည်းကောင်း ဒါကတော့ ဒီလိုရှိတယ်ပြောလို့ရပါတယ်။အဲဒီမှာ ကျွန်တော့်လက်မှတ်ကိစ္စနဲ့ပြောချင်တာကတော့ တစ်ဦးတစ်ယောက်တည်းကိုပြောချင်တာပါ။အဲဒီပုဂ္ဂိုလ်ကအများကို သုံးနှုန်းပြီးတော့ဆိုတဲ့အကြောင်းတရားတွေပေါ့ အများကိုပြောတာပါလို့ပြောတဲ့ဟာတွေကျွန်တော်မှာသက်သေအထောက်အထားတွေ ရှိပါတယ်။ကျွန်တော်ဘာမှမဖြစ်ပါဘူး ခေါင်းထဲလည်းမရှိဘူး သူတို့ဖြူသလားမဲသလားလဲမသိဘူး ကိုယ်ကဗုဒ္ဓဘာသာမြန်မာလူမျိုးပဲလေ..စိတ်မကောင်းတော့ဖြစ်မိတာပေါ့ တုန်လှုပ်မှုတော့မရှိပါဘူး။လူဆိုတာမနာလိုစိတ်ရှိတဲ့ အနေအထားတစ်ခုကရုပ်ရည်ကိုလည်း ပျက်ဆီးစေတယ်။နောက်ပြီးတော့အမူ အရာကိုလည်း ကြမ်းတမ်း စေတယ်။အတွေးအခေါ်ကိုလည်း ပျက်စီးစေတယ်။ တစ်နည်းအားဖြင့်ပြောမယ်ဆို အောက်တန်းကျသော ရူးသွပ်မှုလို့ပြောချင်ပါတယ်။

နောက်တစ်ခုက အဆင့်အတန်းဆိုတဲ့ အကြောင်းတရားကိုပြော ချင်ပါတယ် ကျွန်တော်သိတဲ့ အဆင့်အတန်း က ရုပ်ချောတာ လှတာ အောင်မြင်တာရာထူးကြီးတာ ငယ်တာ ချမ်းသာတာ ဆင်းရဲတာ ပညာတတ်တာ မတတ်တာနဲ့မဆိုင်ပါဘူး။ဒါအဆင့် အတန်းမဟုတ်ပါဘူး..အဆင့်အတန်းဆိုတာ အသိတရား ကိုယ်ချင်းစာစိတ် နောက်တစ်နည်းက လူကိုလူလို မြင်အောင်ကြည့်တတ်တဲ့စိတ် အဲဒါမှမရှိရင်အလကားလူပဲ။ ထူးခန့်ကျော်မင်းဟာ ဘယ်လိုလူလည်း?ကျွန်တော့် ကိုယ်ကျွန်တော်လည်းပြန်မေးရသေးတယ်။ ဘယ်သူ့ကိုမှအပြစ်ပြောတာမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်နေလို့လည်းဘာမှထူးမလာပါဘူး။

ကျွန်တော့ကိုပြောချင်ရင် ဖုန်းနံပါတ်တွေလိပ်စာတွေလည်းပေး ထားပါတယ် ဒဲ့ပြောလို ့ရပါတယ်။ ယောက်ျားက ယောက်ျား စကားပဲပြောစေချင်တယ် ယောက်ျားအလုပ်လုပ်တာပဲ ကောင်းပါတယ်။ လူဖြစ်ခွင့်ရတဲ့မသေခင် အချိန်လေးမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ မေတ္တာထားပြီး နေသွားချင် ပါတယ်။သူများကို မလိုမုန်းထားတဲ့ စိတ်ရှိတဲ့ သူဟာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့အဆုံးအမ ကို ဆန့်ကျင်တဲ့သူပဲ။ကျွန်တော့ကို တိုက်ခိုက်တဲ့သူတွေကို ကျွန်တော်မမုန်းပါဘူး။အဲဒီ့လူကိုသံယောဇဉ်တောင် ဖြစ်မိပါတယ် တကယ်လို့များကျွန်တော့်ကိုသူ့ဆီကပညာတွေများ သင်ပေးစရာရှိမယ်ဆိုရင် ကျွန်တော်ယူကောင်းယူနိုင်ပါတယ်။တကယ်တော်တဲ့ပုဂ္ဂိုလ်ကြီးပါ အစဉ်ထာဝရလေးစား လျက်ပါ”လို့ပြောပြ သွားပါတယ်။ ထူးခန့်ကျော်ကတော့ သူ့ကိုဝေဖန်တဲ့သူတွေကို ယခုလိုတုံံ့ပြန်ပြောဆိုသွားတာပါ။ အဆုံးထိဖတ်ရှူပေးတဲ့ပရိသတ်ကြီးကိုလည်း အထူးပဲကျေးဇူးတင် ပါတယ်နော်။

Credit:Shwe Young Myanmar

About the author

Ms Cele

Leave a Comment