Celebrity


Written by Ms Cele





Source: U Kyaw Htoo’s Fb
Credit

ရှောင်ပုန်းရင်းအခွင့်မသာလို့ ကွယ်လွန်ကျဆုံးသွားရင်ဆိုပြီး သေတမ်းစာအဖြစ် ဇနီးဖြစ်သူဆီ စာရေးသားထားခဲ့တဲ့ ဦးကျော်ထူး

ပရိသတ်ကြီး ရေ.. အနုပညာ လောက မှာ ဟာသဇာတ်ရုပ်တွေ နဲ့ ပရိသတ်တွေကို အမြဲရယ်မော ပျော်ရွှင်စေခဲ့တဲ့ ဟာသလူရွှင်တော် ဇာတ်ပို့ သရုပ်ဆောင်ဦးကျော်ထူး ကတော့ လက်ရှိအခြေအနေ တွေမှာ ပြည်သူတွေ နဲ့ အတူ ရပ်တည် နေသူပဲ ဖြစ်ပါတယ်..။လူထုလှုပ်ရှားမှု တွေကို တက်တက် ကြွကြွလုပ်ဆောင်နေတဲ့ ဦးကျော်ထူး ကတော့ ဖေဖော်ဝါရီလ အစပိုင်းက တည်းက ပြည်သူတွေ အားလုံး နဲ့ အတူ တတ်နိုင်တဲ့ ဘက်က နေအားဖြည့် ပါဝင်နေတာ လည်း ဖြစ်ပါတယ်.

ဦးကျော်ထူး ကတော့ ပြည်သူတွေ နဲ့ အတူ လမ်းပေါ် ထွက် လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေပြီး ပြေးလွှား ရှောင်ပုန်းရင်း အခွင့်မသာလို့ ကွယ်လွန် ကျဆုံးသွားရင် ဆိုပြီး သေတမ်းစာအဖြစ် ဇနီးဖြစ်သူဆီ စာရေး သားထားတာ တွေ့ရ ပါတယ်..။တော်လှန်ရေး တိုက်ပွဲကြီး မှာ အခန့်မသင့်လို့ ကျဆုံး သွားရင် ပရိသတ်တွေကို အမြဲ ပြုံးရယ်စေ ခဲ့တဲ့ သူ့ဘဝ ခရီး ရဲ့ အစဖြစ်တဲ့ လူရွှင်တော်တောင်ရှည် ဝတ်စုံကို မျိုးဆက်သစ် လူငယ်တွေဆီ လက်ဆင့် ကမ်းဖို့မှာတမ်း ခြွေစာရေးသားခဲ့တာပဲ ဖြစ်ပါတယ်.

“{မှာတမ်း} အကယ်၍များပေါ့ နွေဦး တော်လှန် ရေးမှာ အခွင့်မသာလို့ ပြေးလွှား ပုန်းအောင်းရင်း နဲ့ ကွယ်လွန်ကျဆုံး သွားရင် ပရိတ်သတ်ကို ပျော်ရွှင် စေခဲ့တဲ့ ကျနော် ဘဝ ခရီးအစ {တောင်ရှည်}ကဆိုသလို လူရွှင်တော် တောင်ရှည်ဝတ်စုံလေးကို မျိုးဆက်သစ် လူငယ်လေး တွေကို လက်ဆင့် ကမ်းလိုက်ပါ အိမ်သူသက်ထား ထူးသခင်ရေ…” ဆိုပြီး ဇနီးဖြစ်သူကို စာရေးပြောထားတာပါ..။ဦးကျော်ထူးရဲ့ ပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေအပြင် အနုပညာရှင်တွေကလည်း အားပေးစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Source: U Kyaw Htoo’s Fb
Credit

About the author

Ms Cele

Leave a Comment