Celebrity


Written by Ms Cele





Credit:Swelsone News

ရွှေကစ်နဲ့ မင်္ဂလာဝတ်စုံလေးဝတ်ဆင်ပြီး ပရိသတ်တွေကို စနောက်ကျီဇယ်လိုက်တဲ့ အောင်လေး

မင်းသားချောလေးအောင်လေး ကတော့ အပြုံးချိုချိုလေးနဲ့ မိန်းကလေးတွေရဲ့ အသည်းတစ်ခြမ်းကို ဖမ်းစားထားနိုင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ကျရာ ဇာတ်ရုပ်တိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက် ရှိနေခဲ့ပြီး ဇာတ်ကားတွေကို ရိုက်ကူးလျက်ရှိနေတဲ့ အောင်လေး ကတော့ ကြွေလောက်စရာကောင်းလွန်းတဲ့ အမိုက်စားပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ချပြလေ့ရှိပါတယ်။

ပျော်ပျော်ရွှင်ရွင် နေထိုင်​တက်ပြီး အပြုံးလေးတွေနဲ့​ပြောဆို တတ်တဲ့ အောင်လေးကတော့ ယခုမှာ ရွှေကစ်နဲ့ မင်္ဂလာဝတ်စုံလေး ဝတ်ဆင်ပြီး လိုက်ဖက်ညီ နေကြတဲ့ ပုံရိပ်လေးတွေကို ချပြရင်း ပရိသတ်တွေကို စနောက်လာခဲ့ပါတယ်။ အောင်လေးကတော့ “ဒီကာလဖြစ်နေလို့ဘယ်သူ့မှ မဖိတ်မိလိုက်ရတာစောရီးပါနော် ” ဆိုပြီး မင်္ဂလာဝတ်စုံလေးနဲ့ လိုက်ဖက်ညီနေကြတဲ့ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ပရိသတ်တွေကို စနောက်ထားခဲ့တာပဲဖြစ်ပါတယ်။

အနုပညာ အလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေပြီး ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက် ရှိနေတဲ့ အောင်လေးကတော့ သီချင်းMVတွေမှာလည်း ပါဝင်သရုပ်ဆောင်နေကာ မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု အပြင် ယောကျာ်းလေး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုပါ အခိုင်အမာရယူထားနိုင်ခဲသူ တစ်ယောက်ပ​ဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေ အတွက် မင်းသမီးချောလေးရွှေကစ်နဲ့ အောင်လေးတို့ရဲ့ ရိုက်ကွင်းထက်က ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment