Celebrity

ေရႊတိဂုံေစတီေတာ္ျမတ္ႀကီး ရဲ့စိန္ဖူးေတာ္ နဲ႔ထီးေတာ္တင္ ပြဲႀကီးမွာ ေရႊပိသာလိုက္ လွဴဒါန္းခဲ့တဲ့ ဝါဝါ၀င္းေရႊတို႕မိသားစု

Written by Ms Cele

ေရႊတိဂုံေစတီေတာ္ျမတ္ႀကီး ရဲ့စိန္ဖူးေတာ္ နဲ႔ထီးေတာ္တင္ ပြဲႀကီးမွာ ေရႊပိသာလိုက္ လွဴဒါန္းခဲ့တဲ့ ဝါဝါ၀င္းေရႊတို႕မိသားစု

ပရိသတ္ႀကီးေရ အကယ္ဒမီဝါဝါဝင္းေရႊ ကေတာ့ ယေန႔အခ်ိန္ထိတိုင္ အရြယ္တင္ႏုပ်ိဳၿပီး လန္းဆန္းတက္ႂကြေနတာ ျဖစ္ပါတယ္။အႏုပညာ အလုပ္ေတြကိုလည္း လုပ္ကိုင္ ေနနိုင္ဆဲျဖစ္တဲ့ ဝါဝါဝင္းေရႊက ပရိသတ္ေတြရဲ့ အခ်စ္မ်ားစြာကို သိမ္းပိုက္ထားနိုင္ဆဲျဖစ္ ပါတယ္ေနာ္။ဝါဝါဝင္းေရႊက ေျမးမေလးႏွစ္ေယာက္ကိုလည္း အႏုပညာလမ္းေၾကာင္းေပၚလက္တြဲေခၚယူၿပီး ေသခ်ာသင္ၾကားေပးတာျဖစ္ပါတယ္။ဝါဝါ‌ဝင္းေရႊက ခ်စ္သားသမီး၊ေျမးေတြနဲ႔အတူ ေပ်ာ္ရႊင္ရႊင္နဲ႔ေနထိုင္ေနတာျဖစ္ပါတယ္ေနာ္။

ဝါဝါဝင္းေရႊရဲ့သားေတြ ကလည္း မိခင္ကိုစိတ္ခ်မ္းသာေအာင္ ထားေပးၿပီး အျမဲေပ်ာ္စရာေတြသာဖန္တီးေပး ေနတာျဖစ္ပါတယ္ေနာ္။ဝါဝါဝင္းေရႊတို ႔မိသားစုေလးက စည္းစည္းလုံးလုံးရွိၾကၿပီး အျပန္အလွန္ေဖးမကူညီၾကပါတယ္။လက္ရွိမွာဆိုရင္ေတာ့ ဝါဝါဝင္းေရႊရဲ့ သားငယ္ေလး ဝါဇင္က မိသားစုနဲ႔အတူ စင္ကာပူမွာေနထိုင္ေနတာျဖစ္ပါတယ္။အခုဆိုရင္ေတာ့ ဝါဝါဝင္းေရႊရဲ့ တူေလးက ငယ္ငယ္တုန္းက ၾကဳံေတြ႕ခဲလွတဲ့ကုသိုလ္ထူးကို ပရိသတ္ေတြသိေအာင္ေျပာျပလာတာျဖစ္ပါတယ္ေနာ္။

ဝါဝါဝင္းေရႊရဲ့ တူေလးက”ဘဝတစ္သက္တာမွာ တစ္ခါသာၾကဳံခဲ့ရတဲ့ ကုသိုလ္တစ္ခုကို ကိုယ္တိုင္ ၾကဳံခဲ့ရပါတယ္ ေရႊတိဂုံ ေစတီေတာ္ျမတ္ႀကီး ရဲ့စိန္ဖူးေတာ္ နဲ႔ထီးေတာ္တင္ပြဲႀကီးမွာ ဦးေလးျဖစ္သူက ဦးေဆာင္ၿပီး ကၽြန္ေတာ္ အပါအဝင္ ညီငယ္ ခ်စ္စု ညီငယ္သားထူး ညီငယ္သားေထြးတို႔နဲ႔ စိန္ဖူးေတာ္အထိကို တက္ေရာက္ပူေဇာ္ကန္ေတာ့ခြင့္ ရခဲ့ပါတယ္။ စိန္ဖူးေတာ္ရဲ့ ထိပ္ကို ေရာက္ရွိသြားတဲ့ အခါမွေတာ့ ညီငယ္သားထူး (ဝါဇင္ ) က သူ႔လည္ပင္းမွာ ဝတ္ဆင္ထားတဲ့ ေရႊဆြဲႀကိဳးကို ခ်က္ခ်င္း သဒၵါတရား ေပါက္ခၽြတ္ လႉခဲ့ပါတယ္ ကၽြန္ေတာ္ကေတာ့ ကၽြန္‌ေတာ္တို႔ရဲ့ မဂၤလာေဆာင္မွာ မဂၤလာလက္ထပ္ လက္စြပ္အျဖစ္ ဦးေလးနဲ႔အေဒၚကိုယ္တိုင္ ခ်ီးျမႇင့္ေပးခဲ့တဲ့ ပတၱျမားလက္စြပ္ ႏွစ္ကြင္းကို ပူးတြဲ ဂေဟဆက္ၿပီး ကိုယ္တိုင္ ခ်ိတ္ဆြဲလႈဒါန္းခဲ့ပါတယ္ ဦးေလးနဲ႔ အေဒၚ မိသားစုကလည္း ေရႊတိဂုံေစတီေတာ္ ျမတ္ႀကီးအတြက္ ေရႊပိသာခ်ိန္(ေလး ပိသာ)ကို ဆက္ကပ္လႉဒါန္းခဲ့ၿပီး ထီးေတာ္ စိန္ဖူးေတာ္မွ နတ္မင္းႀကီးေလးပါး ေရႊ မ႑ိဳင္ ေတာ္ႀကီးကိုပါ လႉဒါန္းခဲ့ပါတယ္”ဆိုၿပီး ေရးသားမၽွေဝလာတာျဖစ္ပါတယ္။

Credit:Swelsone News

ရွှေတိဂုံစေတီတော်မြတ်ကြီး ရဲ့စိန်ဖူးတော် နဲ့ထီးတော်တင် ပွဲကြီးမှာ ရွှေပိသာလိုက် လှူဒါန်းခဲ့တဲ့ ဝါဝါဝင်းရွှေတို့မိသားစု

ပရိသတ်ကြီးရေ အကယ်ဒမီဝါဝါဝင်းရွှေ ကတော့ ယနေ့အချိန်ထိတိုင် အရွယ်တင်နုပျိုပြီး လန်းဆန်းတက်ကြွနေတာ ဖြစ်ပါတယ်။အနုပညာ အလုပ်တွေကိုလည်း လုပ်ကိုင် နေနိုင်ဆဲဖြစ်တဲ့ ဝါဝါဝင်းရွှေက ပရိသတ်တွေရဲ့ အချစ်များစွာကို သိမ်းပိုက်ထားနိုင်ဆဲဖြစ် ပါတယ်နော်။ဝါဝါဝင်းရွှေက မြေးမလေးနှစ်ယောက်ကိုလည်း အနုပညာလမ်းကြောင်းပေါ်လက်တွဲခေါ်ယူပြီး သေချာသင်ကြားပေးတာဖြစ်ပါတယ်။ဝါဝါ‌ဝင်းရွှေက ချစ်သားသမီး၊မြေးတွေနဲ့အတူ ပျော်ရွှင်ရွှင်နဲ့နေထိုင်နေတာဖြစ်ပါတယ်နော်။

ဝါဝါဝင်းရွှေရဲ့သားတွေ ကလည်း မိခင်ကိုစိတ်ချမ်းသာအောင် ထားပေးပြီး အမြဲပျော်စရာတွေသာဖန်တီးပေး နေတာဖြစ်ပါတယ်နော်။ဝါဝါဝင်းရွှေတို ့မိသားစုလေးက စည်းစည်းလုံးလုံးရှိကြပြီး အပြန်အလှန်ဖေးမကူညီကြပါတယ်။လက်ရှိမှာဆိုရင်တော့ ဝါဝါဝင်းရွှေရဲ့ သားငယ်လေး ဝါဇင်က မိသားစုနဲ့အတူ စင်ကာပူမှာနေထိုင်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဝါဝါဝင်းရွှေရဲ့ တူလေးက ငယ်ငယ်တုန်းက ကြုံတွေ့ခဲလှတဲ့ကုသိုလ်ထူးကို ပရိသတ်တွေသိအောင်ပြောပြလာတာဖြစ်ပါတယ်နော်။

ဝါဝါဝင်းရွှေရဲ့ တူလေးက”ဘဝတစ်သက်တာမှာ တစ်ခါသာကြုံခဲ့ရတဲ့ ကုသိုလ်တစ်ခုကို ကိုယ်တိုင် ကြုံခဲ့ရပါတယ် ရွှေတိဂုံ စေတီတော်မြတ်ကြီး ရဲ့စိန်ဖူးတော် နဲ့ထီးတော်တင်ပွဲကြီးမှာ ဦးလေးဖြစ်သူက ဦးဆောင်ပြီး ကျွန်တော် အပါအဝင် ညီငယ် ချစ်စု ညီငယ်သားထူး ညီငယ်သားထွေးတို့နဲ့ စိန်ဖူးတော်အထိကို တက်ရောက်ပူဇော်ကန်တော့ခွင့် ရခဲ့ပါတယ်။ စိန်ဖူးတော်ရဲ့ ထိပ်ကို ရောက်ရှိသွားတဲ့ အခါမှတော့ ညီငယ်သားထူး (ဝါဇင် ) က သူ့လည်ပင်းမှာ ဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုးကို ချက်ချင်း သဒ္ဒါတရား ပေါက်ချွတ် လှူခဲ့ပါတယ် ကျွန်တော်ကတော့ ကျွန်‌တော်တို့ရဲ့ မင်္ဂလာဆောင်မှာ မင်္ဂလာလက်ထပ် လက်စွပ်အဖြစ် ဦးလေးနဲ့အဒေါ်ကိုယ်တိုင် ချီးမြှင့်ပေးခဲ့တဲ့ ပတ္တမြားလက်စွပ် နှစ်ကွင်းကို ပူးတွဲ ဂဟေဆက်ပြီး ကိုယ်တိုင် ချိတ်ဆွဲလှုဒါန်းခဲ့ပါတယ် ဦးလေးနဲ့ အဒေါ် မိသားစုကလည်း ရွှေတိဂုံစေတီတော် မြတ်ကြီးအတွက် ရွှေပိသာချိန်(လေး ပိသာ)ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ထီးတော် စိန်ဖူးတော်မှ နတ်မင်းကြီးလေးပါး ရွှေ မဏ္ဍိုင် တော်ကြီးကိုပါ လှူဒါန်းခဲ့ပါတယ်”ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment