Local News


Written by Ms Cele










ရွှေသံလွင် ဘိုးဘွား ရိပ်သာ မှ အဘိုး၊ အဘွား များနှင့် ဝန်ထမ်း စုစုပေါင်း ၈၀ ကျော် တွင် ကိုဗစ်-၁၉ ရောဂါ တွေ့ရှိ

ရွှေသံလွင် ဘိုးဘွား ရိပ်သာမှ အဘိုး၊ အဘွား များနှင့် ဝန်ထမ်း စုစုပေါင်း ၈၀ ကျော်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ် လို့ အဆိုပါ စင်တာမှ ထုတ်ပြန်လိုက် ပါတယ်။

ရန်ကုန်မြို့၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရွှေသံလွင် ဘိုးဘွားရိပ်သာ က “ရိပ်သာမှာ အောက်တိုဘာ ၁၄ ရက် နေ့မှစတင်တွေ ့ရှိသော Covid-19 positive ဝန်ထမ်းများအား ချက်ချင်းကုသရေး စင်တာများသို့ ပို့ဆောင်ခဲ့ပါသည်။

သို့ပါသော်လည်း ဘိုးဘွားများအား အနီးကပ်ပြုစု စောင့်ရှောက် မှုမှ တဆင့် ကွင်းဆက် ကူးစက်မှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ရောဂါကူးစက်မှု ခံရသူ ဘိုးဘွား အပေါင်းအား ရွှေသံလွင် ဘိုးဘွားရိပ်သာအမှုဆောင် အဖွဲ့ နှင့်ရွှေသံလွင်ကုမ္ပဏီမှ တိုက်ရိုက် စီမံပံ့ပိုးမှုများဖြင့် တိုင်း ကျန်မာရေး မှူး၊မြို့နယ်ကျန်းမာရေးမှူးများ၊ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များ၏ အင်အားပြည့် ကူညီမှုများရ ယူကာ ဘိုးဘွား များအား ဖောင်ကြီးအထူးကြပ်မတ်ကုရေး၊ Fortune happy zone၊ ဝေဘာဂီ အထူးကြပ်မတ် ကုသရေး၊ ဧရာဝတီ ဖောင်ဒေးရှင်း များသို့ အသီးသီး ပို့ဆောင် ပေးခဲ့ပြီးဖြစ်ပါတယ်။

အဆိုပါစင်တာများသို့ ပို့ဆောင်ရာ တွင်လည်း ဘိုးဘွား များအား အနီးကပ်စောင့် ရှောက်နိုင် စေရန်ဝန်ထမ်း များ အားသီခြားစီတာဝန်ပေးအပ်စီစဉ် ထားရှိပါတယ်”လို့ ရိပ်သာမှ ယနေ့ ညနေပိုင်း မှာ ထုတ်ပြန်ထား တာဖြစ်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရှုရန်>>>

https://www.myanmaplatform.com/a/49759.html

MyanmaPlatform News Domestic

File Photo ပြီးခဲ့တဲ့သည့် ရက်ပိုင်းက ရိပ်သာ အတွင်းရှိ ဘိုးဘွားများကို တွေ့ရစဉ်။

About the author

Ms Cele

Leave a Comment