Celebrity

ေလာကႀကီးက ထြက္ခြာသြားတာ ၁၁ႏွစ္ရွိသြားၿပီျဖစ္တဲ့ ရွဲဒိုးအတြက္ လြမ္းဆြတ္သတိရေၾကာင္း စကားေလး ဆိုလိုက္တဲ့ ဝိုင္းခ်စ္

Written by Ms Cele

ေလာကႀကီးက ထြက္ခြာသြားတာ ၁၁ႏွစ္ရွိသြားၿပီျဖစ္တဲ့ ရွဲဒိုးအတြက္ လြမ္းဆြတ္သတိရေၾကာင္း စကားေလး ဆိုလိုက္တဲ့ ဝိုင္းခ်စ္

ပရိသတ္ႀကီးေရ.. ဇာတ္သဘင္ ေလာကမွာ ႏွစ္အေတာ္ၾကာ ရယ္စရာ ဟာသျပက္လုံးေတြနဲ႔ ပရိသတ္ေတြရဲ႕ ရင္ထဲေနရာ ယူထားကာ အားလုံးက ခ်စ္ခင္အားေပးခဲ့ၾကတဲ့ လူ႐ႊင္ေတာ္ အဖြဲ႕ျဖစ္တဲ့ ေ႐ႊညီကိုတို႔ အဖြဲ႕ ကို ပရိသတ္ေတြ အမွတ္ရေနၾကဦး မယ့္လို႔ ေမွ်ာ္လင့္ ပါတယ္ေနာ္..။ၿငိမ္းခ်မ္း၊ ဝိုင္းခ်စ္၊ ရွဲဒိုး၊ ေကာင္းေက်ာ္နဲ႔ ထက္ထက္တို႔ ဝါရင့္လူ႐ႊင္ေတာ္ ငါးေယာက္နဲ႔ ဖြဲ႕စည္းထားၾကတဲ့”ေ႐ႊညီကိုတို႔ အဖြဲ႕”ဟာ အၿငိမ့္ဇာတ္ခုံေတြေပၚမွာ ရယ္စရာ ဟာသေလးေတြနဲ ႔ေဖ်ာ္ေျဖကာ ပရိသတ္ေတြရဲ႕ဘဝအေမာ ေတြကို ေျပေပ်ာက္ေစ ခဲ့ၾကတာေလး ေတြကလည္း တကယ္ကို အမွတ္ရစရာေလးပါပဲ..။

“ေ႐ႊညီကိုတို႔အဖြဲ႕”ဟာ ႐ုပ္ရွင္နဲ ႔ဗီဒီယိုသ႐ုပ္ေဆာင္ေတြ အျဖစ္လည္း ပရိသတ္ေတြကို သေဘာက် ေစခဲ့သလို ယေန႔အခ်ိန္ထိလည္း အႏုပညာ အလုပ္ေတြကို လုပ္ေဆာင္ေနၾကၿပီး လူ႐ႊင္ေတာ္ရွဲဒိုး ကေတာ့ လြန္ခဲ့တဲ့ (၁၁)ႏွစ္က ကြယ္လြန္သြား ခဲ့တာပါေနာ္..။
ကြယ္လြန္ ခဲ့တာ (၁၁)ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ သူငယ္ခ်င္း ျဖစ္သူရွဲဒိုးရဲ႕ ႏွစ္ပတ္လည္ ေန႔ေလးမွာ က်န္ရွိေနၾကတဲ့ညီအစ္ကိုေတြနဲ႔အတူ ဝိုင္းခ်စ္ကလည္း လြမ္းဆြတ္သတိရေနတဲ့ အေၾကာင္းေလးေတြကို ဝမ္းနည္း စိတ္မေကာင္းစြာ ေျပာျပလာပါတယ္ေနာ္..။

“သူငယ္ခ်င္းရွဲဒိုး မင္းငါတို ႔အားလုံးကိုခြဲခြါသြားတာ ဒီေန႔ဆိုရင္(11)ႏွစ္ျပည့္သြားၿပီ။ ဒါေပမယ့္ ငါတို႔အားလုံးနဲ႔ ပရိသတ္မ်ားရဲ႕ရင္ထဲ မွာေတာ့ မင္းကိုအၿမဲထာဝရ သတိရေနသလို မင္းရဲ႕အႏုပညာ ေတြလည္း အၿမဲထာဝရတင္ က်န္ေနဆဲပါမင္းရဲ႕သူငယ္ခ်င္း ဝိုင္းခ်စ္
( ေ႐ႊညီကို တို႔အဖြဲ႕)” ဆိုၿပီး သတိတရနဲ႔ စိတ္မေကာင္းစြာ ေရးသားေဖာ္ျပထားတာပဲ ျဖစ္ပါတယ္ေနာ္။ပရိသတ္ေတြကလည္း ရွဲဒိုးကို သတိရၾကတဲ့အေၾကာင္းေလးေတြနဲ႔ ႏွစ္အေတာ္ၾကာေပမယ့္ သူငယ္ခ်င္းျဖစ္သလို မေမ့မေလ်ာ့ဘဲ သတိရစြာနဲ႔ ကြယ္လြန္ျခင္း (၁၁)ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔ေလးမွာလည္း စိတ္မေကာင္းစြာ အမွတ္တရ စကားေလး ေရးသားလာတဲ့ ဝိုင္းခ်စ္ကို အားေပး ခ်ီးက်ဴးေနၾကတာလည္း ေတြ႕ရပါတယ္။

Credit:Swelsone News

လောကကြီးက ထွက်ခွာသွားတာ ၁၁နှစ်ရှိသွားပြီဖြစ်တဲ့ ရှဲဒိုးအတွက် လွမ်းဆွတ်သတိရကြောင်း စကားလေး ဆိုလိုက်တဲ့ ဝိုင်းချစ်

ပရိသတ်ကြီးရေ.. ဇာတ်သဘင် လောကမှာ နှစ်အတော်ကြာ ရယ်စရာ ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲနေရာ ယူထားကာ အားလုံးက ချစ်ခင်အားပေးခဲ့ကြတဲ့ လူရွှင်တော် အဖွဲ့ဖြစ်တဲ့ ရွှေညီကိုတို့ အဖွဲ့ ကို ပရိသတ်တွေ အမှတ်ရနေကြဦး မယ့်လို့ မျှော်လင့် ပါတယ်နော်..။ငြိမ်းချမ်း၊ ဝိုင်းချစ်၊ ရှဲဒိုး၊ ကောင်းကျော်နဲ့ ထက်ထက်တို့ ဝါရင့်လူရွှင်တော် ငါးယောက်နဲ့ ဖွဲ့စည်းထားကြတဲ့”ရွှေညီကိုတို့ အဖွဲ့”ဟာ အငြိမ့်ဇာတ်ခုံတွေပေါ်မှာ ရယ်စရာ ဟာသလေးတွေနဲ ့ဖျော်ဖြေကာ ပရိသတ်တွေရဲ့ဘဝအမော တွေကို ပြေပျောက်စေ ခဲ့ကြတာလေး တွေကလည်း တကယ်ကို အမှတ်ရစရာလေးပါပဲ..။

“ရွှေညီကိုတို့အဖွဲ့”ဟာ ရုပ်ရှင်နဲ ့ဗီဒီယိုသရုပ်ဆောင်တွေ အဖြစ်လည်း ပရိသတ်တွေကို သဘောကျ စေခဲ့သလို ယနေ့အချိန်ထိလည်း အနုပညာ အလုပ်တွေကို လုပ်ဆောင်နေကြပြီး လူရွှင်တော်ရှဲဒိုး ကတော့ လွန်ခဲ့တဲ့ (၁၁)နှစ်က ကွယ်လွန်သွား ခဲ့တာပါနော်..။
ကွယ်လွန် ခဲ့တာ (၁၁)နှစ်ပြည့်သွားပြီဖြစ်တဲ့ သူငယ်ချင်း ဖြစ်သူရှဲဒိုးရဲ့ နှစ်ပတ်လည် နေ့လေးမှာ ကျန်ရှိနေကြတဲ့ညီအစ်ကိုတွေနဲ့အတူ ဝိုင်းချစ်ကလည်း လွမ်းဆွတ်သတိရနေတဲ့ အကြောင်းလေးတွေကို ဝမ်းနည်း စိတ်မကောင်းစွာ ပြောပြလာပါတယ်နော်..။

“သူငယ်ချင်းရှဲဒိုး မင်းငါတို ့အားလုံးကိုခွဲခွါသွားတာ ဒီနေ့ဆိုရင်(11)နှစ်ပြည့်သွားပြီ။ ဒါပေမယ့် ငါတို့အားလုံးနဲ့ ပရိသတ်များရဲ့ရင်ထဲ မှာတော့ မင်းကိုအမြဲထာဝရ သတိရနေသလို မင်းရဲ့အနုပညာ တွေလည်း အမြဲထာဝရတင် ကျန်နေဆဲပါမင်းရဲ့သူငယ်ချင်း ဝိုင်းချစ်
( ရွှေညီကို တို့အဖွဲ့)” ဆိုပြီး သတိတရနဲ့ စိတ်မကောင်းစွာ ရေးသားဖော်ပြထားတာပဲ ဖြစ်ပါတယ်နော်။ပရိသတ်တွေကလည်း ရှဲဒိုးကို သတိရကြတဲ့အကြောင်းလေးတွေနဲ့ နှစ်အတော်ကြာပေမယ့် သူငယ်ချင်းဖြစ်သလို မမေ့မလျော့ဘဲ သတိရစွာနဲ့ ကွယ်လွန်ခြင်း (၁၁)နှစ်ပြည့် နှစ်ပတ်လည်နေ့လေးမှာလည်း စိတ်မကောင်းစွာ အမှတ်တရ စကားလေး ရေးသားလာတဲ့ ဝိုင်းချစ်ကို အားပေး ချီးကျူးနေကြတာလည်း တွေ့ရပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment