Celebrity

ေလးစား ခ်စ္ခင္ ျမတ္နိုး စိတ္နဲ႔ ရိုက္ကူး ထားတဲ့ ပုံရိပ္ေတြကို မၽွေဝလာ တဲ့ အမရာၿငိမ္း

Written by Ms Cele

ေလးစား ခ်စ္ခင္ ျမတ္နိုး စိတ္နဲ႔ ရိုက္ကူး ထားတဲ့ ပုံရိပ္ေတြကို မၽွေဝလာ တဲ့ အမရာၿငိမ္း

အမရာၿငိမ္းကိုေတာ့ ျမန္မာနိုင္ငံ ကိုယ္စားျပဳ Miss International Myanmar တစ္ေယာက္အေနနဲ႔ ပရိသတ္ေတြသိၾကမွာပါ။ ပြင့္ပြင့္လင္းလင္းေျပာဆို ေလ့ရွိသလို ထက္ျမက္တဲ့သူတစ္ေယာက္ျဖစ္တာေၾကာင့္လည္း ပရိသတ္ေတြက ခ်စ္ခင္အားေပးၾက တာပါ။ လက္ရွိမွာလည္း အလွအပနဲ႔ ပတ္သက္တဲ့အေၾကာင္းအရာ ေတြကို မၽွေဝေပးေနသူ တစ္ေယာက္ပါ။

ပရိသတ္ေတြကိုေန႔စဥ္လႈပ္ရွားမႈေတြ မၽွေဝေလ့ရွိတဲ့အမရာၿငိမ္း ကေတာ့ ဒီေန႔မွာက်က္သေရ ရွိရွိလွေနတဲ့ပုံရိပ္ေတြကို မၽွေဝလာပါတယ္။ အမရာၿငိမ္းကေတာ့ ပင္နီအက်ီၤ၊လုံခ်ည္နဲ႔အတူ အနီေရာင္ႏွင္းဆီတစ္ပြင့္ကိုပန္ၿပီးေတာ့ ရိုက္ကူးထားတဲ့ပုံရိပ္ေတြနဲ႔အတူ “ေခါင္းစဥ္မရွိပါ ဘယ္လိုမွမယွဥ္ၿပိဳင္နိုင္သူကို တုဖို႔စိတ္ကူးမရွိပါရွင္ ..ေလးစားခ်စ္ခင္ျမတ္နိုးစိတ္နဲ႔ ရိုက္ကူးပါသည္”ဆိုၿပီးေတာ့ ေရးသားေဖာ္ျပလာတာပါ။

သူ႔ရဲ့ပုံရိပ္ေတြကိုေတာ့ လူေတာ္ေတာ္မ်ားမ်ားကသေဘာက်ေနၾကတာျဖစ္ၿပီး က်က္သေရရွိရွိ လွေနတယ္ဆိုတဲ့ မွတ္ခ်က္မ်ားစြာလည္း ရရွိခဲ့ပါတယ္။ အမရာၿငိမ္းကေတာ့ မာန္အျပည့္ပါတဲ့ အျပဳံးေတြနဲ႔အတူ လိုက္ဖက္တဲ့ဝတ္စုံအျပင္ အဆင္ေတြေၾကာင့္ ပရိသတ္ေတြၾကား ေရပန္းစားခဲ့ျပန္ပါတယ္။

Source : AyeNyeinSwe
Credit: Cele Gabar

လေးစား ချစ်ခင် မြတ်နိုး စိတ်နဲ့ ရိုက်ကူး ထားတဲ့ ပုံရိပ်တွေကို မျှဝေလာ တဲ့ အမရာငြိမ်း

အမရာငြိမ်းကိုတော့ မြန်မာနိုင်ငံ ကိုယ်စားပြု Miss International Myanmar တစ်ယောက်အနေနဲ့ ပရိသတ်တွေသိကြမှာပါ။ ပွင့်ပွင့်လင်းလင်းပြောဆို လေ့ရှိသလို ထက်မြက်တဲ့သူတစ်ယောက်ဖြစ်တာကြောင့်လည်း ပရိသတ်တွေက ချစ်ခင်အားပေးကြ တာပါ။ လက်ရှိမှာလည်း အလှအပနဲ့ ပတ်သက်တဲ့အကြောင်းအရာ တွေကို မျှဝေပေးနေသူ တစ်ယောက်ပါ။

ပရိသတ်တွေကိုနေ့စဉ်လှုပ်ရှားမှုတွေ မျှဝေလေ့ရှိတဲ့အမရာငြိမ်း ကတော့ ဒီနေ့မှာကျက်သရေ ရှိရှိလှနေတဲ့ပုံရိပ်တွေကို မျှဝေလာပါတယ်။ အမရာငြိမ်းကတော့ ပင်နီအကျီင်္၊လုံချည်နဲ့အတူ အနီရောင်နှင်းဆီတစ်ပွင့်ကိုပန်ပြီးတော့ ရိုက်ကူးထားတဲ့ပုံရိပ်တွေနဲ့အတူ “ခေါင်းစဉ်မရှိပါ ဘယ်လိုမှမယှဉ်ပြိုင်နိုင်သူကို တုဖို့စိတ်ကူးမရှိပါရှင် ..လေးစားချစ်ခင်မြတ်နိုးစိတ်နဲ့ ရိုက်ကူးပါသည်”ဆိုပြီးတော့ ရေးသားဖော်ပြလာတာပါ။

သူ့ရဲ့ပုံရိပ်တွေကိုတော့ လူတော်တော်များများကသဘောကျနေကြတာဖြစ်ပြီး ကျက်သရေရှိရှိ လှနေတယ်ဆိုတဲ့ မှတ်ချက်များစွာလည်း ရရှိခဲ့ပါတယ်။ အမရာငြိမ်းကတော့ မာန်အပြည့်ပါတဲ့ အပြုံးတွေနဲ့အတူ လိုက်ဖက်တဲ့ဝတ်စုံအပြင် အဆင်တွေကြောင့် ပရိသတ်တွေကြား ရေပန်းစားခဲ့ပြန်ပါတယ်။

Source : AyeNyeinSwe
Credit: Cele Gabar

About the author

Ms Cele

Leave a Comment