Celebrity
Written by Ms Cele
လှေကားကနေ ချော်ကျပြီး ခါးရိုးကျိုးပဲ့သွား ခဲ့တာကြောင့် နာကျင်မှု နဲ့အတူ ဝမ်းနည်းပြီး မျက်ရည်ကျ ခဲ့ရကြောင်း ပြောပြလာတဲ့ ချစ်သုဝေ
နိုင်ငံကျော် အဆိုတော်၊ သရုပ်ဆောင် တစ်ယောက် ဖြစ်တဲ့ ချစ်သုဝေ ကတော့ အနုပညာ၊ မိသားစု၊ ပရဟိတ အလုပ်တွေကို သင့်တင့်မျှတစွာ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အလုပ်တွေကို နေ့ရောညပါ လုပ်ကိုင်နေတဲ့ ချစ်သုဝေကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ ခါးရိုးကျိုးအက် သွားတဲ့ ဒဏ်ရာကြောင့် ဆေးရုံမှာ ဆေးကုသမှုခံ ယူခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်သုဝေက သူမရဲ့ လှေကားကနေ ချော်ကျပြီး ခါးရိုးကျိုး ပဲ့သွားခဲ့တဲ့ ဖြစ်ကြောင်း ကုန်စဉ်အကြောင်းကို ပြောပြလာခဲ့ပါတယ်။
“ထိုင်နိုင်ထနိုင် သက်သာလာပါပြီ။ သမီးလေးတွေနဲ့မို့ ထင်ပါရဲ့ ရွှင်ရွှင်လန်းလန်းအားတွေ ရှိနေရော 1st decemberမှာ လှေကား၂ဆင့်ချော် ကျတော့ pain shockရသည်အထိ ထိမရအောင်နာကျင်တာ။ ဆရာ ဇော်ဝေစိုးဆီ အားကိုးတကြီးဆက်မိ ငိုလိုက်မိတာ တအား။ Ambulance နဲ့ဆေးရုံရောက် ဆရာရော မမငြိမ်းရော ရောက်လာကြည့်ပေး။ အားကိုးပြီး မျက်ရည်ကကျ။ သိနေတာကိုး တခုခုတော့ ကျိုးပြီဆိုတာ။ CTရိုက်တော့ transverse process L2&3 fracture 🤕😥
Bed rest… pain killerထိုး..support ဝတ်နေ..ဒါပဲ။ ၃ရက်လောက် နေထတော့လို့ ပြောပေမယ့် ကိုယ့်မှာတော့ 9ရက်မြောက် မှထနိုင်တယ်။ ထနိုင်တဲ့အချိန်တုန်းကဟာ မျက်ရည်ကျပြီးပျော် လို့ရယ်။ ထပြီးသိပ်မကြာ fainting attack ရတော့ အတော်လန့်သွားတာ။”
“တစ်ရက်နား ပြီး ဒီနေ့day 11မှာတော့ အတော် ထူထူထောင်ထောင် ပါပဲ သတိကြီးကြီးနဲ့ ဖြည်းဖြည်းချင်း လည်းသွားနိုင် ထိုင်နိုင် လာတယ်။ ပိုပိုသက်သာအဆင်ပြေလာဖို့ပဲ ရှိပါတယ်လို့ ဆုတောင်းစိတ်ပူဂရုစိုက်ပေးကြတဲ့ မိတ်ဆွေ အားလုံး ကျေးဇူးပါ🙏🙏🙏ေ မကြီး,ဒေ,..ဒီအရွယ်ကြီးထိ ကိုယ့်ကို လုပ်ကိုင်ပေးနေရတော့ စိတ်အတော်မကောင်းဘူး ☹ဖေပူး…မိန်းမအပေါ် အဲ့လောက် အပင်ပမ်းခံ ကိုယ်တိုင် ပြုစု ပေးနိုင်မယ်မထင်မိခဲ့ဘူး။ showရိုက်ကူးရေးလည်းရွှေ့ပစ်တယ်(စိတ်မကောင်းပေမယ့် သူအဲ့လိုရွှေ့တာကို တအားကြည်နူးကျေနပ်ခဲ့တာ..ဟယ် ငါက ပိုအရေးကြီးသားပဲ ဆိုပြီး😁) R mo တကယ့်ကို ညီမအရင်းလေးပါပဲကွာ မင်းက.. သူငယ်ချင်းတွေ..စားစရာတွေပို့ ကျမ်းချက်တွေဖို့ စိတ်ခွန်အားစာတွေပို့နဲ့။ ကိုယ်လိုစိတ်မြန်စိတ်များသူကိုသူငယ်ချင်းတော်မိတော့ သူတို့ကချည်း ဂရုစိုက်နေရတော့တာ။ သြော် ကိုယ့်ဘဝရဲ့ blessingတွေ ကျေးဇူးပါ။ မကြာခဏ ကိုယ့်ကိုချစ်သူတွေကို စိတ်ပူစေလို့လည်း တောင်းပန်ပါတယ်လို့😞” ဆိုပြီး ပြောပြလာ ခဲ့ပါတယ်။
ချစ်သုဝေကတော့ ခါးဒဏ်ရာကြောင့် ဆေးရုံတက်ပြီး ဆေးကုသမှုခံယူ ခဲ့ရပေမယ့် ချစ်ရသူတွေကြောင့် နေကောင်းသက်သာ လာခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ် ကြီးလည်း ချစ်သုဝေ တစ်ယောက် ဒီထက်မက နေကောင်းသက်သာဖို့ ဆုတောင်းပေး ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး လည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက် ပါတယ်။
Credit:Cele Connections
About the author
Ms Cele
Leave a Comment