Celebrity


Written by Ms Cele





Credit:Cele Gabar

ဝေဘာဂီ ဆေးရုံနဲ့ အခြား နေရာတွေမှာ ညနေစာ ဘဲကင်နဲ့ ပုစွန် ထမင်းကြော် တွေ လှူဒါန်း ခဲ့တဲ့ ရွှေမှုံရတီ နဲ့ ရွှေထူးတို ့ဇနီး မောင်နှံ

ပရိသတ် အချစ်တော် ရွှေစုံတွဲဖြစ်တဲ့ ရွှေမှုံရတီနဲ့ ရွှေထူးတို့ဇနီးမောင်နှံကတော့ ကိုဗစ်ကာလ အလှူလေးအဖြစ် နေရာ (၃)နေရာမှာ အစားသောက်တွေ လှူဒါန်းခဲ့ပြီး သူမတို့ဇနီး မောင်နှံရဲ့ ပရိသတ်တွေအတွက် အလှူလေးပြု လုပ်ခဲ့တာပဲဖြစ်တယ်လို့ သိရပါတယ် ။

ဝေဘာဂီဆေးရုံ ကြီးမှာ ညနေစာ အတွက် ဘဲကင် နှင့် ပုဇွန်ထမင်းကြော် ဘူး၂၀၀ ကို လှူဒါန်းခဲ့သလို လှိုင်သာယာကလေးတွေ အတွက် ဘူး ၅၀ ၊ နာရေးကူညီမှုအသင်း ရန်ကုန် အတွက် ဘူး ၅၀၊ ထမင်းဘူး၃၀၀ လှူဒါန်းခဲ့ကြောင်းကို ရွှေမှုံက သူမရဲ့လူမှုကွန်ရက် စာမျက်နှာကနေ တဆင့် ပရိသတ်တွေကို မျှဝေပေး လာခဲ့တာဖြစ်ပါတယ် ။ ပရိသတ်တွေ ကလည်း ဇနီးမောင်နှံနှစ်ယောက် ဒီထက်မက လှူနိုင်တန်း နိုင်ပါစေဆိုတဲ့ ဆုမွန်ကောင်းတွေ နဲ့အတူ သူမတို့ရဲ့ကုသိုလ်လေး ကို သာဓုတွေ ခေါ်ဆိုခဲ့ကြပါတယ် ။

ပရိသတ်တွေ အားလုံး သာဓုခေါ်နိုင်ကြပါစေ ဆိုတဲ့ ဆုမွန် ကောင်းလေး နဲ့အတူ ဒီအလှူလေးဖြစ် မြောက်ဖို့ အစစ အရာရာ လိုလေသေ့ မရှိအောင် ကူညီစီစဉ်ပေးတဲ့ မမေသူကို ကျေးဇူးများကြီးတင် ရှိကြောင်း ရေးသားဖော်ပြခဲ့ပါတယ် ။ ဆယ်လီ ကမ္ဘာ ပရိသတ်ကြီး ကလည်း ရွှေစုံတွဲရဲ့ အလှူလေးအတွက် သာဓုခေါ်ပေးကြပါဦးနော် ..။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment