Celebrity


Written by Ms Cele






သွေးသားမတော်စပ် ပေမယ့် ညီအစ်မလို ချစ်ရတဲ့ Customer တစ်ဦးဆီက တန်ဖိုးကြီး စိန်ဆွဲသီး တစ်ခု လက်ဆောင် ရရှိခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ် ကတော့ ဇာတ်ပို့ သရုပ်ဆောင် တစ်ယောက်ပီပီ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ အဓိကဇာတ်ကောင် တွေရဲ့ သရုပ်ဆောင်ချက်တွေ ကို အရှိန်အဟုန်မြင့် စေဖို့ ပံ့ပိုးကူညီပေးရ သူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုတွေကို ရပ်နားထားတဲ့ နှိုင်းယှဉ်မြင့်မိုရ်က ဖေ့စ်ဘုတ်ကနေ နာမည်ကြီး စိန်ရွှေရတနာဆိုင်နဲ့ အခြားသော ကုန်ပစ္စည်းတွေကို Live လွှင့်ပြီး ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။ စကားပြောဆိုတတ်ပြီး ရောင်းတတ်ဝယ်တတ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပရိသတ်တွေသာမက ဝယ်သူတွေရဲ့ အချစ်တွေကိုပါ ရရှိပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နှိုင်းယှဉ်မြင့်မိုရ်က သူမနဲ့ သွေးသား မတော်စပ်တဲ့ ဝယ်သူ တစ်ယောက်ဆီက သီတင်းကျွတ်လက်ဆောင် အဖြစ် စိန်ဆွဲသီးတစ်ခုကို လက်ဆောင် ရရှိခဲ့ကြောင်း အခုလိုပဲ ပြောပြလာ ပါတယ်။ “ဘယ်မှမသွားပဲ အိမ်ထဲမှာနေနေတုန်း တီးတောင် သံကြားလို့ ထွက်ကြည့်‌တော့ ကိုယ့်ဆီကစိန်တွေ အမြဲ အားပေး နေတဲ့ ချစ်သော အစ်မတစ်ယောက်က ပို့ပေးလိုက်တာတဲ့။ ဖုန်းဆက်မေးကြည့်တော့ သီတင်းကျွတ် လက်ဆောင်ပါ ညီမလေးတဲ့။ သမီးကို ချစ်ပေးကြလို့ အရမ်းကျေးဇူး တင်ပါတယ်။ မကြီးအရမ်းလည်းချစ်တယ်🙏❣️🙏❣️” ဆိုပြီး ဝမ်းသာစွာနဲ့ မျှဝေပေးလာခဲ့ပါတယ်။

နှိုင်းယှဉ်မြင့်မိုရ်ကတော့ သွေးသား မတော်စပ်သူတစ်ယောက်ဆီက အခုလိုပဲ တန်ဖိုးကြီး လက်ဆောင်တစ်ခုကို ရရှိခဲ့လို့ ဝမ်းသာ တာထက် ပီတိဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း နှိုင်းယှဉ်မြင့်မိုရ်အစား ပီတိတွေဖြစ်နေကြမှာ သေချာပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment