Celebrity


Written by Ms Cele





Credit

အောက်စီဂျင်ရှုနေရတဲ့အပြင် အရေးပေါ်ဆေးဝါးလိုအပ်နေတဲ့ မင်းသားပိုင်တံခွန်ရဲ့မိခင်

သရုပ်ဆောင်ပိုင်တံခွန်ကတော့ေ ဖဖော်ဝါရီလကတည်းက စတင်ခဲ့တဲ့တော်လှန်ရေးကြီးမှာ ပြည်သူတွေနဲ့အတူအမှန်တရားဘက်က ပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်ခဲ့ပါတယ်၊ ဒီလိုပါဝင်ခဲ့ရတဲ့ အတွက်ကြောင့်ပုဒ်မ၅၀၅ကနဲ့ မတရားအမှုဖွင့်ထားခြင်းခံ ရတာကြောင့် ဘေးလွှတ်ရာကိုတိမ်းရှောင်ရင်းနေမကောင်းလို့အိမ်ပြန်နားနေတာကြောင့်နေအိမ်မှာပဲ အဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။

ပိုင်တံခွန်အဖမ်းခံလိုက်ရတဲ့ အတွက်ကြောင့်ပြည်သူများနဲ့ မိသားစုဝင်များက ပါစိုးရိမ်းပူပန်နေရပါတယ်၊ ပိုင်တံခွန်ရဲ့အမေကလဲသူ ဖမ်းဆီးခံရတာကြောင့်နေမကောင်းဖြစ်ကာ ဆေးခန်းပြရတဲ့အထိကိုဖြစ်ပေါ်ခဲ့ပါတယ်၊ မကြာသေးမီကလဲ ပိုင်တံခွန်ရဲ့အမဖြစ်သူကိုပိုင်တံခွန်နေကောင်းကျန်းမာနေကြောင်း၊မိသားစုနဲ့ပရိတ်သတ်များကိုလွမ်းနေကြောင်းသတင်းစကားပါးလိုက်ပါသေးတယ်။

ဒီနေ့ဇူလိုင်လ၂၉ရက်နေ့မှာဆိုရင်လဲပိုင်တံခွန်ရဲ့ မိခင်ကြီးအရေးတကြီးဆေးလို အပ်နေကြောင်းကို အမဖြစ်သူကမေမေ့အတွက် ဒီဆေးအရေးပေါ်လိုအပ်နေလို့ပါ၊ဝယ်လို့ရတဲ့ဆိုင်ဖြစ်ဖြစ်၊ဝယ်သိမ်းထားတဲ့သူ ရှိရင်ဖြစ်ဖြစ်ညွှန်ပြပေးပါဆိုပြီးပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်.။

Credit

About the author

Ms Cele

Leave a Comment