Celebrity

ေအာက္စီဂ်င္ ဝယ္ယူဖို႔အတြက္ ခိုင္ႏွင္းေ၀ဆီမွာ အလွဴေငြ(၅)သိန္းက်ပ္ လွဴဒါန္းခဲ့တဲ့ ေနမ်ိဳးေအာင္တို႕မိသားစု

Written by Ms Cele

ေအာက္စီဂ်င္ ဝယ္ယူဖို႔အတြက္ ခိုင္ႏွင္းေ၀ဆီမွာ အလွဴေငြ(၅)သိန္းက်ပ္ လွဴဒါန္းခဲ့တဲ့ ေနမ်ိဳးေအာင္တို႕မိသားစု

ပရိသတ္ႀကီးေရ မင္းသားႀကီးေနမ်ိဳးေအာင္ ကေတာ့ ပရိသတ္ေတြရဲ့အားေပး ခ်စ္ခင္မႈကို အျပည့္အဝရရွိထားတဲ့ ပရိသတ္ အခ်စ္ေတာ္ တစ္ေယာက္ပါ။ လက္ရွိမွာေတာ့ အႏုပညာ အလုပ္ေတြကို လုပ္ကိုင္ျခင္းမရွိေတာ့ဘဲ ခ်စ္ရတဲ့ သူရဲ့မိသားစုနဲ႔အတူ ေပ်ာ္ရႊင္စြာေနထိုင္ရင္း ဘဝကို ေအးခ်မမ္းစြာနဲ႔ ျဖတ္သန္းေနခဲ့ပါတယ္။

မၾကာခဏဆိုသလို ေနမ်ိဳးေအာင္တို႔ မိသားစုက ျပည္သူေတြအတြက္ လိုအပ္ေနတာေတြကို အခါအခြင့္သင့္ရင္သင့္သလို လိုက္လံလႉဒါန္းေပးေနခဲ့ၿပီး လတ္တေလာ မွာလည္း ေအာက္စီဂ်င္လႉဒါန္းမႈမွာ ပါဝင္လႉဒါန္းေပးခဲ့ျပန္ပါတယ္။ခိုင္ႏွင္းေဝရဲ့ ပရဟိတလူငယ္ေလးမ်ား အသင္းကေန ခိုင္ႏွင္းေဝက ကိုယ္တိုင္ဦးေဆာင္ၿပီး ေအာက္စီဂ်င္ေတြကိုဝယ္ယူကာလိုအပ္ေနတဲ့ ျပည္သူေတြထံကို ေရာက္ေအာင္ လိုက္လံလႉဒါန္းေပးေနတဲ့ ေအာက္စီဂ်င္လႉဒါန္းမႈမွာ ေနမ်ိဳးေအာင္တို႔ မိသားစုက တတ္နိုင္သေလာက္ ကာလဒါနအလႉေလးအေနနဲ႔ ပါဝင္လႉဒါန္းခဲ့တာပါ။

ေအာက္စီဂ်င္ဝယ္ယူဖို႔ အတြက္ ေအာက္စီဂ်င္အလႉအေနနဲ႔ (၅)သိန္းက်ပ္ကို လႉဒါန္းေပး ခဲ့တာျဖစ္ၿပီး အခုလို ကာလမွာ အမွန္တကယ္ျပည္သူေတြ အတြက္ လိုအပ္ေနတာကို ေစတနာထက္သန္စြာနဲ႔ လႉဒါန္းေပးခဲ့ တာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ ေနမ်ိဳးေအာင္တို႔ မိသားစုရဲ့ အလႉေလးကို ပရိသတ္ေတြလည္း သာဓုေခၚဆိုနိုင္ဖို႔ ကေနမၽွေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Credit ; CeleZone

Source – ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ား ေဂဟာ

အောက်စီဂျင် ဝယ်ယူဖို့အတွက် ခိုင်နှင်းဝေဆီမှာ အလှူငွေ(၅)သိန်းကျပ် လှူဒါန်းခဲ့တဲ့ နေမျိုးအောင်တို့မိသားစု

ပရိသတ်ကြီးရေ မင်းသားကြီးနေမျိုးအောင် ကတော့ ပရိသတ်တွေရဲ့အားပေး ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ် အချစ်တော် တစ်ယောက်ပါ။ လက်ရှိမှာတော့ အနုပညာ အလုပ်တွေကို လုပ်ကိုင်ခြင်းမရှိတော့ဘဲ ချစ်ရတဲ့ သူရဲ့မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်ရင်း ဘဝကို အေးချမမ်းစွာနဲ့ ဖြတ်သန်းနေခဲ့ပါတယ်။

မကြာခဏဆိုသလို နေမျိုးအောင်တို့ မိသားစုက ပြည်သူတွေအတွက် လိုအပ်နေတာတွေကို အခါအခွင့်သင့်ရင်သင့်သလို လိုက်လံလှူဒါန်းပေးနေခဲ့ပြီး လတ်တလော မှာလည်း အောက်စီဂျင်လှူဒါန်းမှုမှာ ပါဝင်လှူဒါန်းပေးခဲ့ပြန်ပါတယ်။ခိုင်နှင်းဝေရဲ့ ပရဟိတလူငယ်လေးများ အသင်းကနေ ခိုင်နှင်းဝေက ကိုယ်တိုင်ဦးဆောင်ပြီး အောက်စီဂျင်တွေကိုဝယ်ယူကာလိုအပ်နေတဲ့ ပြည်သူတွေထံကို ရောက်အောင် လိုက်လံလှူဒါန်းပေးနေတဲ့ အောက်စီဂျင်လှူဒါန်းမှုမှာ နေမျိုးအောင်တို့ မိသားစုက တတ်နိုင်သလောက် ကာလဒါနအလှူလေးအနေနဲ့ ပါဝင်လှူဒါန်းခဲ့တာပါ။

အောက်စီဂျင်ဝယ်ယူဖို့ အတွက် အောက်စီဂျင်အလှူအနေနဲ့ (၅)သိန်းကျပ်ကို လှူဒါန်းပေး ခဲ့တာဖြစ်ပြီး အခုလို ကာလမှာ အမှန်တကယ်ပြည်သူတွေ အတွက် လိုအပ်နေတာကို စေတနာထက်သန်စွာနဲ့ လှူဒါန်းပေးခဲ့ တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ နေမျိုးအောင်တို့ မိသားစုရဲ့ အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်ဖို့ ကနေမျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Credit ; CeleZone

Source – ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ

About the author

Ms Cele

Leave a Comment