Celebrity


Written by Ms Cele





Credit: Cele Zone
Photo – Rebecca Win

အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ရန်အတွက် ပထမအကြိမ် ရန်ပုံငွေဈေးရောင်းပြီးရရှိတဲ့ ငွေတွေထဲက (၁၀) သိန်းတိတိကို ပါဝင်လှူဒါန်းခဲ့တဲ့ ရေဗက္ကာဝင်း

ဂီတလောကမှာ အောင်မြင်မှုတွေ အခိုင်အမာ ရရှိထားတဲ့ အဆိုတော် ရေဗက္ကာဝင်းကတော့ လက်ရှိ အခြေအနေတွေမှာ အလုပ်အကိုင် ရပ်နားထားရလို့ စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေကို ဆက်တိုက်ပြုလုပ်နေပြီး တတ်နိုင်သလောက်ပါဝင်နေတာလည်း ဖြစ်ပါတယ်။

ပြည်သူတစ်ယောက် အနေနဲ့ ကျရာတာဝန်ထမ်းနေတဲ့ ရေဗက္ကာဝင်း ကတော့ အခုလို ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေတဲ့ ကာလ မှာလည်း မြစ်ကြီးနားမြို့က ဆေးရုံမှာ အောက်ဆီဂျင် စက်ရုံဆောက်လုပ်ရန် အတွက် ပထမအကြိမ် ရန်ပုံငွေဈေးရောင်းပြီး ရရှိတဲ့ ငွေတွေထဲက (၁၀) သိန်းတိတိကို ပါဝင် လှူဒါန်းခဲ့ကြောင်းဖော်ပြထားပါတယ် ။

အလှူလေးနဲ့ ပတ်သက် ပြီးလည်း ” ပထမအကြိမ် ရန်ပုံငွေဈေးရောင်းပြီးရတဲ့ အလှူငွေကို လှူဒါန်း ခဲ့ပါတယ်ရှင် တဆင့်သွားရောက် လှူဒါန်းပေးတဲ့ ချစ်လှစွာသော ပရဟိတမိခင် အဒေါ်ဖြစ်တဲ့ Dim Pre Lahpai Nangpri ကိုလဲကျေးဇူးတင်ပါတယ် Charity Sale မှာ ပါဝင်လှူဒါန်း အားပေးကြတဲ့သူအယောက် စီတိုင်းလဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကပ်ကြီး၃ပါးကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်ရှင် PS: Account ထဲက friend တွေကိုလဲ spicy အနက်ရောင်တကယ်ပို့ပေးပါမယ် (လိပ်စာလေးတွေ ပို့ထားပေးပါ) ” ရေးသားထားရာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit: Cele Zone
Photo – Rebecca Win

About the author

Ms Cele

Leave a Comment