Celebrity


Written by Ms Cele








Credit:Celelucky

အောက်ဆီဂျင်တွေ လိုသလောက် လှူဒါန်းပေးနေတဲ့ Item Bar နဲ့ယုန်လေးတို့ရဲ့ ပရိသတ်တွေမသိသေးတဲ့ အတွင်းသတင်းအပြည့်အစုံ

ပရိသတ်ကြီးရေ စစ်တပ်အနွယ်ဝင် များနဲ့ စစ်တပ်ထောက်ခံ အားပေးသူများ ဖွင့်ထားတဲ့ ဆိုင်များနဲ့ အသုံးအဆောင် များကို ပြည်သူတွေ အကုန်လုံးက boycott လုပ်ခဲ့ကြပါတယ်နော်။ အခုကာလမှာ ကိုဗစ်ရောဂါကူးတဲ့နှုန်းတွေ အရမ်းများလာတာကြောင့် ပြည်သူတွေဟာ ရတဲ့နေရာကနေ အောက်ဆီဂျင်တွေ ဝယ်ယူ၊ဌားရမ်းနေကြရတာပါနော်။ ဒီထဲမှာတော့ ရန်ကင်း ကျောက်ကုန်းလမ်း မှာရှိတဲ့ item bar ဟာ ရောဂါစပြီး ဆိုးလာကတည်း ကနေ အခုထိဘာပြသနာမှမရှိဘဲ အောက်ဆီဂျင်တွေ လှူဒါန်းပေးခဲ့ပါတယ်နော်။

စစ်ကောင်စီဟာ ပြည်သူတွေ လှူတဲ့ အောက်ဆီဂျင်အိုး တွေနဲ့ စက်ရုံတွေကို သိမ်းဆည်းနေချိန်မှာ item bar ကိုတော့ဘယ်နည်းနဲ့မျှ နှောင့်ယှက်ခြင်း မရှိခဲ့ပါဘူးနော်။ ယုန်လေးနဲ့ item bar တို့ ဘယ်လိုတွေ ဆက်စပ်နေလဲဆိုတာကိုလည်း အောက်မှာ ဖတ်ရှုကြပါဦးနော်။ ” အောင်ဆီဂျင် Item bar ဖက်ဆစ်စစ်တပ် ဘယ်လိုပတ်သက်မှုရှိလဲ မြန်မာပြည်မှာ Covid – 19 တတိယလှိုင်းကြောင့် နေ့စဉ် လူသေဆုံးနှုန်း တစ်ရက်ကို ရာနဲ့ချီ နေတာ​ကြောင့် အောက်စီဂျင်ပြတ်လပ်မှုတွေ ကြုံတွေနေ ရတယ်။ ဇွတ်ကော အတင်းကော လက်နက်ကိုင်ပြီး အာဏာလု အုပ်ချုပ်နေတဲ့ စစ်ကောင်စီရဲ့ ညံ့ဖျင်းတဲ့ လုပ်ရပ်တွေကြောင့် မသေသင့်ဘဲ အပြစ်မဲ့ပြည်သူတွေ နေ့တိုင်း အသက်ဆုံးရှုံးနေရပါတယ်။ အဲ့ထဲမှာမှ “သာဓု“ခေါ်သံ ကို အလှူပေးရုံနဲ့ ပြန်ရှာနေတဲ့ Boycott လုပ်ရမယ့် နေရာတွေထဲက တစ်နေရာဖြစ်တဲ့ Item Barရဲ့ အကြောင်းအရာ တချို့ကို တင်ဆက်ပေးပါမယ်။

အခုအချိန်တွင် ပြည်သူများ လိုအပ်နေသည့် အောင်ဆီဂျင်ကို ဖြည့်ဆည်းပေးနေသော Item Barကို ပိုင်ဆိုင်တယ်လို့နာမည်ခံထားသူ ကတော့ မျိုးထက်လင်း ( တေးရေး MHL )ဟု လူသိများသောသူပြီး နောက်ထပ် ရှယ်ယာပိုင်ဆိုင်သူ ၃ဦး အပါအဝင် စုစုပေါင်း ၄ ဦးက စပ်တူ ပိုင်ဆိုင်သည်ဟု ထိုအသိုင်းအဝိုင်းများနှင့်နီးစပ်သူတစ်ဦးဆီကအကြမ်းဖျင်းသိရပါသည်။ အောင်ဆီဂျင်ကို တခြားနေရာတွေမှာတန်းစီနေရင်တောင် ဖက်ဆစ်စစ်တပ်က နည်းမျိုးစုံနှင့် လိုက်လံပိတ်ပင်နေချိန်မှာ တေးရေးမျိုးထက်လင်း ( MHL )ပိုင်ဆိုင်သည်ဟု နာမည်ခံထားသော Barမှာ ဘာကြောင့်ရနေလဲဆိုတာကိုကတော့ စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူက ယခုလိုပြောပါတယ်

“အခု ဖက်ဆစ်စစ်တပ်ကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်ကြီး ၏ သမီး ပိုင်ဆိုင်တဲ့ မီဒီယာကုမ္ပဏီကြီး တစ်ခု​ကို ဦးစီးလုပ်ကိုင်နေတဲ့ ဝေမင်းမောင် (ကိုရွှေမန်း) နှင့် ပုဂ္ဂိုလ်ရေးအရ ကြီးမားတဲ့ရင်းနှီးမှုရှိတဲ့ Item Barဟာ အောင်စီဂျင်တွေကို အဆိုတော် ယုန်လေးနှင့်အတူ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးအဆင့်ရှိ တပ်မတော်အရာရှိတစ်ဦး တို့ကဦးစီး ပြီးတော့ ပြည်သူများကို ဝေငှပေးနေတာဖြစ်ပါတယ်။အဓိက ဒီအောက်ဆီဂျင်ဝေတာတွေ ဘာတွေ အလုပ်တာက အဆိုတော် ယုန်လေးပေါ့ သူက သူ့လက်သူ့ခြေနှင့် စီမံပြီးအကုန်လုပ်တာ တပ်မတော်ကအရာရှိကျောထောက်နောက်ခံနဲ့ဆိုတော့ လုပ်ချင်တိုင်းဖြစ်နေတာပေါ့ ” ဟု သူကပြောပါသည်။

ယခင်ရက်ပိုင်းက Item Barတွင် အောက်ဆီဂျင် ပေးဝေရေး လုပ်ငန်းများကို ခဏဆိုင်းငံထားရပြီး အကြောင်းအရင်းမှာ အဆိုတော် ယုန်လေး ကိုဗစ်ရောဂါကူးစက်ခံ ထားရတာကြောင့်လို့ သူကဆိုပါသည်။ယခုတွင်မူ Item Barသည် ITEM လူငယ်ပရဟိတအသင်းကိုတည်ထောင်ဖွဲ့စည်းပြီး အောက်ဆီဂျင်များကို လိုက်လံဝေငှမည်ဟုလည်းသိရှိရပါသည်။

ဖက်ဆစ်စစ်တပ်ကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်ကြီး ၏ သမီး ပိုင်ဆိုင်တဲ့ မီဒီယာကုမ္ပဏီကြီး တစ်ခု​ကို ဦးစီးလုပ်ကိုင်နေပြီး Item Barကို အဓိက အကူအညီပေးနေသူဟု ယူဆရတဲ့ ဝေမင်းမောင် (ကိုရွှေမန်း) ဟာ မကြာသေးမှီကပင် စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅ဖြင့် ဝရမ်းထုတ်ခံထားရသော အနုပညာရှင်မင်းသမီး တစ်ဦးဖြင့် ချစ်ကြိုက်နေသူဖြစ်ပြီး ယခုလက်ရှိတွင်မူ ထိုမင်းသမီးမှာ အမှုပိတ်သိမ်းထားသည်ဟု သိရှိရပါသည်။ ” လို့ သတင်းရရှိထားပါတယ်နော်။

Credit:Celelucky

About the author

Ms Cele

Leave a Comment