Celebrity


Written by Ms Cele










အောင်လအန်ဆန်း ရှုံးနိမ့်သွားတဲ့အပေါ် သူမရဲ့အမြင်ကိုပြောဆိုလိုက်တဲ့ ဝတ်မှုံရွှေရည်

မင်းသမီး ချောလေး ဝတ်မှုံရွှေရည် ကတော့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး ထိပ်တန်း အနုပညာရှင် တွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ ပရိသတ် တွေက ချစ်စနိုးနဲ့ ရွှေကစ် လို့ ခေါ်တဲ့ သူမကတော့ သရုပ်ဆောင် ပိုင်းမှာ ထူးချွန်ပြီး အကယ်ဒမီရွှေစင် ရုပ်ထုတွေ ကို ပိုင်ဆိုင် နိုင်တဲ့ အထိ အောင်မြင်နေသူလေးပဲဖြစ်ပါတယ်။

ကစ်ကစ် ကတော့ ယခုရက်ပိုင်းမှာ ကျင်းပသွားခဲ့တဲ့ ONE CHAMPIONSHIP မစ်ဒယ်ဝိတ်တန်းချန်ပီ ယံကာကွယ်ပွဲမှာ အောင်လအန်ဆန်း ရှုံးနိမ့်သွားတာနဲ့ ပတ်သတ်ပြီး သူမရဲ့အမြင်ကို ပြောပြလာခဲ့တာဖြစ်ပါတယ်

“ကိုအောင်လပွဲကို အမြဲစောင့်ကြည့်ဖြစ်ပါတယ် အဲ့ဒီနေ့ကလည်းကြည့်ဖြစ်ပြီးတော့ စိတ်ထဲမှာတော့ နိုင်စေချင်တာပေါ့နော် ဒါပေမယ့် အမြဲတမ်းတော့ မနိုင်ဘူးလေ ဘယ်အရာမဆို အားကစားမှာ အဲ့လိုပဲပေါ့နော် ကိုယ်ကတော့ ကိုယ့်နိုင်ငံရဲ့ ချန်ပီယံ ဟီးရိုးပေါ့နော် နိုင်စေချင်တာ ဘယ်ပွဲဖြစ်ဖြစ်လေ

သူကလည်းကိုဗစ်ဖြစ် ထားတာ ပါမယ်နဲ့တူတယ် အားလည်းနည်း နေမှာပေါ့ ကစ်ဒါထင်တာကို ပြောတာပါ ဘယ်လိုပဲဖြစ်ဖြစ် နောက်ပွဲတွေလည်း အများကြီးရှိတာပဲ ကိုယ်ကတော့ နိုင်စေချင်တာပဲ စိတ်မကောင်းဘူး ကြည့်ပြီးတော့ အဲ့ဒါကြောင့် Facebook မှာတင်ပြီးတော့ အားပေးထား တာပါ ”

တကယ်တော့ ကစ်က လက်ဝှေ့ကို မကြိုက်ဘူး ကစ်က အဲ့လိုကြောက်တာ ဒါပေမယ့် ကိုယ့်မြန်မာလူမျိုးဖြစ်တဲ့အတွက် အားပေးတာ ပေါ့နော် အရမ်းနိုင်စေချင်တာ နိုင်ငံခြားမှာလည်း ဆုတွေရထားတယ် ဆိုတော့ ကမ္ဘာမှာလည်း ထိုးဖောက်ထားနိုင်တာဆိုတော့ တကယ့်ဟီးရိုးကြီးဆိုတော့ အားပေးတာ လက်ဝှေ့ကြိုက်လို့တော့မဟုတ်ဘူး

ကာယကံရှင်ကတော့ စိတ်ထဲမှာ ဘယ်လိုနေမယ် မသိဘူး ကစ်ကတော့ ကြည့်ရင်းနဲ့ စိတ်ထဲမှာ ဝမ်းတွေနည်း ပြီးတော့ တနုံ့နုံ့ဖြစ်နေတာ ပွဲပြီးတဲ့အထိ ပွစိပွစိနဲ့ သိတယ် မလား သူ့ကို ချုပ်ထားတဲ့အချိန်မှာ ခေါင်းအုံးကြီးကိုကိုင်ပြီးတော့ မကြည့်ရဲဘူး” သူမရဲ့အောင်လအပေါ် အားပေးပုံနဲ့ အမြင်ကိုဖွင့်ဟလာခဲ့တာဖြစ်ပါတယ်

ကစ်ကစ်ကတော့ အောင်လအန်ဆန်း ရှုံးနိမ့်သွားတာနဲ့ ပတ်သတ်ပြီး သူမရဲ့အမြင်ကို ပြောပြလာခဲ့တာ ပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှု ပေးကြလို့ ကျေးဇူးတင်ပါတယ်နော်

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment