Knowledge
Written by Ms Cele
Credit
အောင်လ အန်ဆန်း ကို တစ်ချီ အတွင်း ငရဲဘုံကို ပို့ပြစ် နိုင်တယ် ဆိုတဲ့ ဒီရိုင်ဒါ
ONE Championship “Pursuit Of Greatness” ပွဲကြီး အတွက် အောက်တိုဘာလ ၁၉ ရက် ယနေ့ နံနက် ၆ နာရီ အချိန်ခန့်က အောင်လအန်ဆန်း ဟာ ရန်ကုန် အပြည့်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာခဲ့ပါတယ်
။အောင်လအန်ဆန်း အတွက် ၂၀၁၈ ခုနှစ် နောက်ဆုံးပွဲစဉ် လည်းဖြစ်တဲ့ ဒုတိယအကြိမ်မြောက် မစ်ဒယ်ဝိတ်တန်းချံပီယံ ခါးပတ် ကာကွယ်ပွဲကြီး မှာ သူ့ရဲ့ပြိုင်ဘက် မိုဟာမက်ကရာကီ ကို ၃ ချီနဲ့ အနိုင်ထိုးသတ် သွားမည်ဟု မီဒီယာများနဲ့ အင်တာဗျူး မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
မိုဟာမက်ကရာကီ ဟာ လည်း ကရာတေးကို အခြေခံပြီး မြေပြင်အချုပ် သိုင်းကွက်များနဲ့ ပြိုင်ဘက်များကို ရှုံးပွဲမရှိ အနိုင်ယူလေ့ ရှိသော MMA ကစားသမားဖြစ်သည့် အတွက် အောင်လအန်ဆန်း နဲ့ ကစားကွက် အားသာချက်များ ဆင်တူသည်ဟု ပြောလို့ရ ပါတယ်။ဒါပေမယ့် ဒီပွဲမှာတော့ အောင်လအန်ဆန်း က သူ့ရဲ့ပြိုင်ဘက်ကို မြေပြင်ပေါ်မှာ ချုပ်တဲ့ကစားကွက် ထက် လက်ဝှေ့၊ တံတောင်အစွမ်းများနဲ့ ယှဉ်ပြိုင်ကာ အနိုင်ယူဖို့ စီစစဉ်ထားကြောင်း၊
ကရာကီ ရဲ့ ကစားကွက် များကို ဗီဒီယိုများကြည့်ကာ လေ့လာထားပြီး သူ့ရဲ့အားနည်းချက် တွေကိုလည်း တွေ့ရှိပြင်ဆင်ထားပြီဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။ထို့အပြင် ကရာကီ ၏ ကစားကွက် အတိုင်း ပိုမိုကောင်းမွန်စွာ ကစားနိုင်တဲ့ လေ့ကျင့်ဖော်များ နဲ့လည်း သေသေ ချာချာ လေ့ကျင့်ပြင်ဆင်ထားတဲ့ အတွက် ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို ဆိုပါတယ်။
ကရာကီ ရဲ့ ကစားကွက် များကို ဗီဒီယိုများကြည့်ကာ လေ့လာ ထားပြီး သူ့ရဲ့အားနည်ချက်တွေ ကိုလည်း တွေ့ရှိပြင်ဆင်ထားပြီဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။ထို့အပြင် ကရာကီ ၏ ကစားကွက် အတိုင်း ပိုမိုကောင်းမွန်စွာ ကစားနိုင်တဲ့ လေ့ကျင့်ဖော်များ နဲ့လည်း သေသေချာချာ လေ့ကျင့်ပြင်ဆင် ထားတဲ့ အတွက် ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို ဆိုပါတယ်။
မိုဟာမက်ကရာကီ ဟာ အောင်လအန်ဆန်း နည်းတူ Phoenix Fighting Championship ရဲ့ Middle Weight နဲ့ Light Heavy Weight ချံပီယံ ခါးပတ် ၂ ခုကို ပိုင်ဆိုင်ထား သူလည်းဖြစ်ပါတယ်
။အောင်လအန်ဆန်း အနေနဲ့ စနစ်တကျ လေ့ကျင့်ပြင်ဆင် မှုများ ၆ ပတ်ကြာပြုလုပ်ခဲ့ ပြီးနောက် ပွဲကျင်ပရန် တစ်ပတ် အလိုမှာ သူ့ရဲ့အဖွဲ့သားများ နဲ့အတူ မြန်မာနိုင်ငံ ကို ရောက်ရှိလာ တာဖြစ်ပါတယ်။ အဆိုပါပွဲ အတွက် မြန်မာနိုင်ငံ မှာလည်း လေ့ကျင့်မှုများကို ဆက်လုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်
Credit
About the author
Ms Cele
Leave a Comment