Celebrity

ေအာန္ဆိုင္းဟာ လူတိုင္းကို ေမတၱာစစ္စစ္ ေပးတက္တဲ့ သူလို႔ ခ်ီးက်ဴး စကားဆို လိုက္တဲ့ ေမဦး

Written by Ms Cele

ေအာန္ဆိုင္းဟာ လူတိုင္းကို ေမတၱာစစ္စစ္ ေပးတက္တဲ့ သူလို႔ ခ်ီးက်ဴး စကားဆို လိုက္တဲ့ ေမဦး

ေမဦးကေတာ့ ျမန္မာနိုင္ငံရဲ့နာမည္ႀကီး မိတ္ကပ္ပညာရွင္ တစ္ဦးျဖစ္ၿပီး ျပင္ဆင္ျခယ္သမႈအပိုင္းမွာ လက္ရာေျမာက္ တာေၾကာင့္ လူသိမ်ားကာ နာမည္ေက်ာ္တဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။ ေမဦးကေတာ့ စူပါေမာ္ဒယ္လ္ တစ္ေယာက္ျဖစ္တဲ့ ေအာန္ဆိုင္းရဲ့ စိတ္ေနသေဘာထားနဲ ႔ပတ္သက္ၿပီး ဒီေန႔မွာခ်ီးက်ဴးစကားဆို လာတာပါ။

မေန႔ကေတာ့ ခ်စ္သူဆီ ကေနၿပီး လက္ထပ္ခြင့္ေတာင္းခံတဲ့ အေၾကာင္းကို ေအာန္ဆိုင္းက ပရိသတ္ေတြကို အသိေပးခဲ့တာ ျဖစ္ပါတယ္။ ေမဦး ကေတာ့ ေအာန္ဆိုင္းရဲ့ Wedding အတြက္ႀကိဳရင္ခုန္ေနတဲ့ အေၾကာင္းကို “အမုန္းနဲ႔မာနေတြဆိုတာမရွိေပ်ာ္ရႊင္ျခင္းနဲ႔ခ်စ္ျခင္းတရားကိုရင္ဝယ္ထားၿပီး လူတိုင္းကို ေမတၱာစစ္စစ္ေပး တက္တဲ့သူမ အခုလို ေပ်ာ္ရႊင္ျခင္းနဲ႔ခ်စ္ျခင္း တရာသာျပန္ရတာ သူမရဲ့ ေစတနာ ေမတၱာေတြေၾကာင့္ပါ။ Congratulations ပါေမဦးတို႔အားလုံးအရမ္းခ်စ္ရတဲ့ Awn Seng ထာဝရေပ်ာ္ရႊင္ျခင္းေတြပဲဘုရားက ထက္မံေပးအပ္မယ္ဆိုတာယုံၾကည္လို႔ Wedding က်ရင္လွလွေပးျပင္ ေပးဖို႔ ႀကိဳၿပီးရင္ခုန္ေနေတာ့မယ္ေနာ္” ဆိုၿပီးေတာ့ ေဖ့ဘြတ္ခ္မွာ ေရးသားထားတာပါ။

စူပါေမာ္ဒယ္လ္ တစ္ေယာက္ျဖစ္တဲ့ ေအာန္ဆိုင္းကေတာ့ ရိုးရိုးရွင္းရွင္းနဲ႔ ေအးေဆးတည္ၿငိမ္တဲ့ သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ခ်စ္သူနဲ႔ခ်စ္သူရဲ့ မိသားစုေတြကပါ ခ်စ္ခင္ဂ႐ုစိုက္ခံရတဲ့အထိ ကံေကာင္းတဲ့ေအာန္ဆိုင္း ကေတာ့ ေလးစားစရာေကာင္းတဲ့ စိတ္ေနသေဘာထားေလးကို ပိုင္ဆိုင္တဲ့အေၾကာင္း ေမဦးကေတာ့ ခ်ီးက်ဴးစကား ဆိုလာတာပါ။

Credit:Cele Gabar

အောန်ဆိုင်းဟာ လူတိုင်းကို မေတ္တာစစ်စစ် ပေးတက်တဲ့ သူလို့ ချီးကျူး စကားဆို လိုက်တဲ့ မေဦး

မေဦးကတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီး မိတ်ကပ်ပညာရှင် တစ်ဦးဖြစ်ပြီး ပြင်ဆင်ခြယ်သမှုအပိုင်းမှာ လက်ရာမြောက် တာကြောင့် လူသိများကာ နာမည်ကျော်တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ မေဦးကတော့ စူပါမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ အောန်ဆိုင်းရဲ့ စိတ်နေသဘောထားနဲ ့ပတ်သက်ပြီး ဒီနေ့မှာချီးကျူးစကားဆို လာတာပါ။

မနေ့ကတော့ ချစ်သူဆီ ကနေပြီး လက်ထပ်ခွင့်တောင်းခံတဲ့ အကြောင်းကို အောန်ဆိုင်းက ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ မေဦး ကတော့ အောန်ဆိုင်းရဲ့ Wedding အတွက်ကြိုရင်ခုန်နေတဲ့ အကြောင်းကို “အမုန်းနဲ့မာနတွေဆိုတာမရှိပျော်ရွှင်ခြင်းနဲ့ချစ်ခြင်းတရားကိုရင်ဝယ်ထားပြီး လူတိုင်းကို မေတ္တာစစ်စစ်ပေး တက်တဲ့သူမ အခုလို ပျော်ရွှင်ခြင်းနဲ့ချစ်ခြင်း တရာသာပြန်ရတာ သူမရဲ့ စေတနာ မေတ္တာတွေကြောင့်ပါ။ Congratulations ပါမေဦးတို့အားလုံးအရမ်းချစ်ရတဲ့ Awn Seng ထာဝရပျော်ရွှင်ခြင်းတွေပဲဘုရားက ထက်မံပေးအပ်မယ်ဆိုတာယုံကြည်လို့ Wedding ကျရင်လှလှပေးပြင် ပေးဖို့ ကြိုပြီးရင်ခုန်နေတော့မယ်နော်” ဆိုပြီးတော့ ဖေ့ဘွတ်ခ်မှာ ရေးသားထားတာပါ။

စူပါမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ အောန်ဆိုင်းကတော့ ရိုးရိုးရှင်းရှင်းနဲ့ အေးဆေးတည်ငြိမ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ချစ်သူနဲ့ချစ်သူရဲ့ မိသားစုတွေကပါ ချစ်ခင်ဂရုစိုက်ခံရတဲ့အထိ ကံကောင်းတဲ့အောန်ဆိုင်း ကတော့ လေးစားစရာကောင်းတဲ့ စိတ်နေသဘောထားလေးကို ပိုင်ဆိုင်တဲ့အကြောင်း မေဦးကတော့ ချီးကျူးစကား ဆိုလာတာပါ။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment