Celebrity

ေအာ္န္ဆိုင္းရဲ႕ လက္စြပ္ေလးကို အားက်လို႕ ကိုယ္တိုင္ ၀ယ္၀တ္ ခဲ့တဲ့ အားတီ

Written by Ms Cele

ေအာ္န္ဆိုင္းရဲ႕ လက္စြပ္ေလးကို အားက်လို႕ ကိုယ္တိုင္ ၀ယ္၀တ္ ခဲ့တဲ့ အားတီ

မၾကာေသးမီကမွ ပရိသတ္ေတြၾကားမွာ ေရပန္းစားခဲ့တဲ့ သတင္း တစ္ခုကေတာ့ စူပါေမာ္ဒယ္လ္ ေအာ္န္ဆိုင္း ကို သူမရဲ့ခ်စ္သူက လက္ထပ္ခြင့္ေတာင္းခံ ခဲ့တဲ့သတင္းပဲျဖစ္ပါတယ္ ။ သူမ ခ်စ္သူရဲ့မိခင္က အျမတ္နိုးဆုံးေသာ လက္စြပ္ေလးကို လက္ထပ္ခြင့္ ေတာင္းဖို႔အတြက္ သားျဖစ္သူကို ေပးခဲ့တာျဖစ္ၿပီး ေအာ္န္ဆိုင္းကိုယ္တိုင္ ကလည္း ဒီလက္စြပ္ေလးကို အရမ္းကို သေဘာက်ေနခဲ့တာပါ ။

ေအာ္န္ဆိုင္းရဲ့ လက္ထပ္ခြင့္ ေတာင္းခံရတဲ့ သတင္းဟာ ပရိသတ္ေတြေရာ အႏုပညာ ညီအစ္ကိုေမာင္ႏွမေတြ ေရာ အရမ္းအားက်ခဲ့ရတဲ့ သတင္းတစ္ပုဒ္ျဖစ္ခဲ့တာပါ ။ အခ်စ္ေရးကံေကာင္းတဲ့ ေအာ္န္ဆိုင္း အတြက္ အားလုံးက ထပ္တူဝမ္းသာ ေပ်ာ္ရႊင္ေပးခဲ့ၾကတာ ပရိသတ္ေတြအျမင္ပါပဲ ။ လတ္တေလာ မွာေတာ့ ေတးသံရွင္ အားတီက ေအာ္န္ဆိုင္းကိုအားက်လို႔ ကိုယ့္ဟာကိုယ္ ဝယ္လိုက္တယ္ ဆိုတဲ့ စာသားေလးနဲ႔အတူ ေအာ္န္ဆိုင္းရဲ့ လက္စြပ္ေလးနဲ႔ တူတဲ့ လက္စြပ္ေလးကို ဝတ္ၿပီး သူ႔ရဲ့လူမႈကြန္ရက္ စာမ်က္ႏွာထက္မွာ မၽွေဝေပးလာ ခဲ့ပါတယ္ ။

ပရိသတ္ေတြကေတာ့ အားတီကိုဘာပဲ ဝတ္ဝတ္လိုက္တယ္ဆိုတဲ့ မွတ္ခ်က္ေလး ေတြနဲ႔အတူ ခ်ီးက်ဴးစကားေလးေတြ ေရးသားခဲ့ၾကသလို ကိုယ့္ဟာကိုယ္ ဝယ္ဝတ္ရတဲ့ အားတီကို စေနာက္ထားၾကတဲ့ မွတ္ခ်က္ေတြလည္း ေတြ႕ရပါတယ္ ။ ေအာ္န္ဆိုင္း ရဲ့ လက္ထပ္ လက္စြပ္ေလးနဲ႔ တူတဲ့ အားတီရဲ့ လက္စြပ္ေလးကိုလည္း ပရိသတ္ေတြအတြက္ မၽွေဝေပးလိုက္ ပါတယ္ေနာ္ ။

Credit:Cele Gabar

အော်န်ဆိုင်းရဲ့ လက်စွပ်လေးကို အားကျလို့ ကိုယ်တိုင် ဝယ်ဝတ် ခဲ့တဲ့ အားတီ

မကြာသေးမီကမှ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ သတင်း တစ်ခုကတော့ စူပါမော်ဒယ်လ် အော်န်ဆိုင်း ကို သူမရဲ့ချစ်သူက လက်ထပ်ခွင့်တောင်းခံ ခဲ့တဲ့သတင်းပဲဖြစ်ပါတယ် ။ သူမ ချစ်သူရဲ့မိခင်က အမြတ်နိုးဆုံးသော လက်စွပ်လေးကို လက်ထပ်ခွင့် တောင်းဖို့အတွက် သားဖြစ်သူကို ပေးခဲ့တာဖြစ်ပြီး အော်န်ဆိုင်းကိုယ်တိုင် ကလည်း ဒီလက်စွပ်လေးကို အရမ်းကို သဘောကျနေခဲ့တာပါ ။

အော်န်ဆိုင်းရဲ့ လက်ထပ်ခွင့် တောင်းခံရတဲ့ သတင်းဟာ ပရိသတ်တွေရော အနုပညာ ညီအစ်ကိုမောင်နှမတွေ ရော အရမ်းအားကျခဲ့ရတဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့တာပါ ။ အချစ်ရေးကံကောင်းတဲ့ အော်န်ဆိုင်း အတွက် အားလုံးက ထပ်တူဝမ်းသာ ပျော်ရွှင်ပေးခဲ့ကြတာ ပရိသတ်တွေအမြင်ပါပဲ ။ လတ်တလော မှာတော့ တေးသံရှင် အားတီက အော်န်ဆိုင်းကိုအားကျလို့ ကိုယ့်ဟာကိုယ် ဝယ်လိုက်တယ် ဆိုတဲ့ စာသားလေးနဲ့အတူ အော်န်ဆိုင်းရဲ့ လက်စွပ်လေးနဲ့ တူတဲ့ လက်စွပ်လေးကို ဝတ်ပြီး သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာထက်မှာ မျှဝေပေးလာ ခဲ့ပါတယ် ။

ပရိသတ်တွေကတော့ အားတီကိုဘာပဲ ဝတ်ဝတ်လိုက်တယ်ဆိုတဲ့ မှတ်ချက်လေး တွေနဲ့အတူ ချီးကျူးစကားလေးတွေ ရေးသားခဲ့ကြသလို ကိုယ့်ဟာကိုယ် ဝယ်ဝတ်ရတဲ့ အားတီကို စနောက်ထားကြတဲ့ မှတ်ချက်တွေလည်း တွေ့ရပါတယ် ။ အော်န်ဆိုင်း ရဲ့ လက်ထပ် လက်စွပ်လေးနဲ့ တူတဲ့ အားတီရဲ့ လက်စွပ်လေးကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးလိုက် ပါတယ်နော် ။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment