Celebrity

ေအးခ်မ္းတဲ့တရားရိပ္မွာ ေယာဂီ၀တ္ရင္း ေကာင္းမႈကုသိုလ္ေတြ ျပဳလုပ္ေနတဲ့ ေမကဗ်ာ

Written by Ms Cele

ေအးခ်မ္းတဲ့တရားရိပ္မွာ ေယာဂီ၀တ္ရင္း ေကာင္းမႈကုသိုလ္ေတြ ျပဳလုပ္ေနတဲ့ ေမကဗ်ာ

အႏုပညာေလာကမွာ ဆယ္စုႏွစ္မက ေအာင္ျမင္ ခဲ့တဲ့ သ႐ုပ္ေဆာင္ ေမကဗ်ာ ကိုေတာ့ လူတိုင္းကခ်စ္ခင္ အားေပးလ်က္ ရွိပါတယ္ ။ ပရိသတ္ေတြရဲ့ အခ်စ္ေတာ္ တစ္ဦး ျဖစ္တဲ့ ေမကဗ်ာ ကေတာ့ ဗီဒီယို ေခတ္ကေနစၿပီး ေခါင္းေဆာင္ မင္းသမီး ေနရာကေန ဇာတ္ကားေပါင္းမ်ားစြာကို ရိုက္ကူး ေအာင္ျမင္ခဲ့တာ ျဖစ္ၿပီး ဘယ္ဇာတ္႐ုပ္ ကို မဆို အေကာင္းဆုံး ပီျပင္ေအာင္ လုပ္ေဆာင္ နိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ့ ရင္ထဲမွာ ေနရာတစ္ေနရာကို အခိုင္အမာ ရယူထားနိုင္သူ တစ္ေယာက္ပါ ။

ဒါ့အျပင္ ေမကဗ်ာက ကိုယ္ပိုင္ စီးပြားေရး လုပ္ငန္းကိုလည္း ဦးေဆာင္လုပ္ကိုင္ ေနတာျဖစ္ေနတဲ့အျပင္ Live sales ေတြလည္း ျပဳလုပ္ရင္း ပရိသတ္ေတြရဲ့ အခ်စ္ကို ရရွိေနတာျဖစ္ပါတယ္။ ေမကဗ်ာက သူမရဲ့ လုပ္အားခေလးေတြ နဲ႔လည္း အလႉဒါနေတြကိုလည္း မၾကာခဏ ဆိုသလို ရက္ရက္ေရာေရာ လုပ္တတ္တဲ့အျပင္ မိတ္ေဆြအေပါင္းအသင္းေတြ နဲ႔လည္း ေပ်ာ္ေပ်ာ္ေနတတ္သူေလးပါ ။

ဒီေန႔ မွာလည္း မိသားစုလိုက္ ေအးခ်မ္းတဲ့ ဘုရားရိပ္ တရားရိပ္မွာ ေကာင္းမႈ ကုသိုလ္မ်ားစြာ ျပဳလုပ္ေနေၾကာင္း ေရးသားေဖာ္ျပ လာပါတ ယ္ ။ သူကိုယ္တိုင္ လည္း ေယာဂီဝတ္ရင္း ျမန္မာျပည္သူျပည္သားမ်ားအားလုံး အတြက္ပါ ေမတၱာပို႔သ ဆုေတာင္းေပးေနေၾကာင္းကို ” မိသားစု အားလုံးတရားရိပ္မွာ အဖြားဆရာေလးအတြက္ ကုသိုလ္ျပဳပါ သာ့သနာ့ေဘာင္ဝင္ ေယာဂီဝတ္ရင္း ျမန္မာျပည္သူျပည္သားမ်ားအားလုံးအတြက္ ေမတၳာပို႔ဆုေတာင္း ေပးပါတယ္ ” လို႔ဆိုၿပီး ေရသားေဖာ္ျပထားရာ ပရိသတ္ႀကီးလည္း သာဓုေခၚနိုင္ေစရန္ ျပန္လည္ေဝမၽွေပး လိုက္ပါတယ္ ။

Credit:Cele Zone
Photo – May Kabyar

အေးချမ်းတဲ့တရားရိပ်မှာ ယောဂီဝတ်ရင်း ကောင်းမှုကုသိုလ်တွေ ပြုလုပ်နေတဲ့ မေကဗျာ

အနုပညာလောကမှာ ဆယ်စုနှစ်မက အောင်မြင် ခဲ့တဲ့ သရုပ်ဆောင် မေကဗျာ ကိုတော့ လူတိုင်းကချစ်ခင် အားပေးလျက် ရှိပါတယ် ။ ပရိသတ်တွေရဲ့ အချစ်တော် တစ်ဦး ဖြစ်တဲ့ မေကဗျာ ကတော့ ဗီဒီယို ခေတ်ကနေစပြီး ခေါင်းဆောင် မင်းသမီး နေရာကနေ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူး အောင်မြင်ခဲ့တာ ဖြစ်ပြီး ဘယ်ဇာတ်ရုပ် ကို မဆို အကောင်းဆုံး ပီပြင်အောင် လုပ်ဆောင် နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာကို အခိုင်အမာ ရယူထားနိုင်သူ တစ်ယောက်ပါ ။

ဒါ့အပြင် မေကဗျာက ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းကိုလည်း ဦးဆောင်လုပ်ကိုင် နေတာဖြစ်နေတဲ့အပြင် Live sales တွေလည်း ပြုလုပ်ရင်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေတာဖြစ်ပါတယ်။ မေကဗျာက သူမရဲ့ လုပ်အားခလေးတွေ နဲ့လည်း အလှူဒါနတွေကိုလည်း မကြာခဏ ဆိုသလို ရက်ရက်ရောရော လုပ်တတ်တဲ့အပြင် မိတ်ဆွေအပေါင်းအသင်းတွေ နဲ့လည်း ပျော်ပျော်နေတတ်သူလေးပါ ။

ဒီနေ့ မှာလည်း မိသားစုလိုက် အေးချမ်းတဲ့ ဘုရားရိပ် တရားရိပ်မှာ ကောင်းမှု ကုသိုလ်များစွာ ပြုလုပ်နေကြောင်း ရေးသားဖော်ပြ လာပါတ ယ် ။ သူကိုယ်တိုင် လည်း ယောဂီဝတ်ရင်း မြန်မာပြည်သူပြည်သားများအားလုံး အတွက်ပါ မေတ္တာပို့သ ဆုတောင်းပေးနေကြောင်းကို ” မိသားစု အားလုံးတရားရိပ်မှာ အဖွားဆရာလေးအတွက် ကုသိုလ်ပြုပါ သာ့သနာ့ဘောင်ဝင် ယောဂီဝတ်ရင်း မြန်မာပြည်သူပြည်သားများအားလုံးအတွက် မေတ္ထာပို့ဆုတောင်း ပေးပါတယ် ” လို့ဆိုပြီး ရေသားဖော်ပြထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေး လိုက်ပါတယ် ။

Credit:Cele Zone
Photo – May Kabyar

About the author

Ms Cele

Leave a Comment