Celebrity


Written by Ms Cele






အေးချမ်းတဲ့ တရားရိပ်အောက်မှာ တေဇာနန္ဒီ ဘွဲ့အမည်ဖြင့် သီလရှင်ဝတ်နေတဲ့ ရွှေပိုးအိမ်

သရုပ်ဆောင် မင်းသမီးလေး ရွှေပိုးအိမ် ကတော့ သရုပ်ဆောင် မင်းသမီးလေးပီပီ သရုပ်ဆောင်ကောင်းသလို စိတ်ထားလေးလည်း ပြည့်စုံကောင်းမွန်သူ တစ်ယောက် ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်သလို အားလပ်တဲ့အချိန်တွေမှာလည်း အများအကျိုး ပရဟိတ အလုပ်တွေကို လုပ်ကိုင်နေတဲ့ ရွှေပိုးအိမ်က ပရိသတ်တွေ လေးစားချီးကျူးခြင်းခံရသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။ ရွှေပိုးအိမ်ကလည်း သူမရဲ့ နေ့စဉ်ဖြတ်သန်းနေထိုင်မှုဘဝမှာ ကုသိုလ်တစ်ခုခုကို ပြုလုပ်ရင်း ဖြတ်သန်းနေသူတစ်ယောက် ဖြစ်ပါတယ်။

လက်ရှိမှာလည်း တေဇာနန္ဒီဘွဲံ အမည်နဲ့ သီလရှင်ဝတ် ကုသိုလ်ယူ နေတဲ့ ရွှေပိုးအိမ်က ဒီကနေ့မှာတော့ သူမရဲ့ အေးချမ်းလှတဲ့ ပုံရိပ်တွေကို ချပြလာပါတယ်။ ရွှေပိုးအိမ်က အေးချမ်းလှတဲ့ ဗုဒ္ဓရိပ်အောက် ခိုလှုံရင်း အေးအေးချမ်းချမ်းရှိ နေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီး အတွက် ဆရာလေး တေဇာနန္ဒီတစ်ဖြစ်လည်း ရွှေပိုးအိမ်ရဲ့ ပုံရိပ်လေးကို မျှဝေပေး လိုက်ပါတယ်နော်။

ရွှေပိုးအိမ် ကတော့ ရခဲလှတဲ့ လူ့ဘဝမှာ ကုသိုလ်ထူး၊ ကုသိုလ်မြတ်လေး ကို ယူရင်း သီလရှင်ဝတ် တရားအားထုတ် နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး ကလည်း ရွှေပိုးအိမ်ရဲ့ မွန်မြတ်လှတဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment