Celebrity

ေျပတီဦးငယ္ငယ္က အေၾကာင္းေတြကို ပရိသတ္ေတြသိေအာင္ ေျပာျပလိုက္တဲ့ ေငြတီဦး

Written by Ms Cele

ေျပတီဦးငယ္ငယ္က အေၾကာင္းေတြကို ပရိသတ္ေတြသိေအာင္ ေျပာျပလိုက္တဲ့ ေငြတီဦး

ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ ေျပတီဦး ကေတာ့ လက္ရွိ အင္းစိန္ေထာင္ ထဲမွာ ေရာက္ရွိေနတာ ျဖစ္ပါတယ္ေနာ္။ေျပတီဦးရဲ႕ မိဘမ်ားဟာ အသက္ အ႐ြယ္ ႀကီးျမင့္ေနၿပီ​ ျဖစ္တာေၾကာင့္ သား အတြက္ စိတ္ပူေနၾကတာလည္း ျဖစ္ပါတယ္ေနာ္။ မေန႔က အူဝဲလြတ္လာၿပီဆိုၿပီး သတင္းေတြ ထြက္ခဲ့ေပမယ့္ ေကာလဟာလေတြသာ ျဖစ္တယ္လို႔လည္း မိသားစုဝင္မ်ားမွ ျပန္ေျဖရွင္းထားတာပါေနာ္။

ေျပတီဦးတြင္ အႀကီးဆုံး အစ္မ ဆြီတီဦးနဲ႔ အငယ္ဆုံး ညီမေလး ေငြတီဦးဆိုၿပီး ရွိပါေသးတယ္ေနာ္။ ေငြတီဦးကေတာ့ ေျပတီဦးရဲ႕ ကေလးဘဝက အမွတ္တရတစ္ခုကို ေျပာျပလာပါၿပီေနာ္။ သူတို႔ငယ္ငယ္တုန္းက ေမာင္ႏွမႏွစ္ေယာက္ အရမ္းခ်စ္ခဲ့ၾကတာကိုလည္း ဖတ္ရႈေပးၾကပါဦးေနာ္။

” ငယ္ငယ္တုန္းက သူဆုယူရင္ ေဘးက လိုက္ပီး သူရတဲ့ဆုေတြလိုက္သယ္ရတယ္..ႀကီးေတာ့ သူ႔ကိုေပးတဲ့ ပန္းေတြလိုက္သယ္ရျပန္ေရာ..ေမေမ တစ္လတစ္ခါ ရန္ကုန္သြားရင္ ေမေမ့ကိုလြမ္းရင္း ေမာင္ႏွမႏွစ္ေယာက္တည္း က်န္ခဲ့တဲ့အခ်ိန္ေတြကို သတိရမိတယ္..အဲ့တုန္းက ကိုယ္က သူငယ္တန္းေတာင္မေရာက္ေသးတဲ့ လက္ဖက္မစား ကြမ္းမစား အေပ်ာ္တက္တုန္း..ဆရာႀကီးရယ္ ကိုႀကီးမ်က္ႏွာေလး ၾကည့္ပါရေစဆိုၿပီး သူ႔အတန္းကို သြားေခ်ာင္း ခဲ့ရဘူးတယ္..သူကလည္း ေမေမ့ကိုလြမ္းလို႔ မ်က္ရည္ေတြေတြက်ေတာ့..ဆရာမက ဘာျဖစ္လို႔လဲ ေမးတာေပါ့..ေမေမ့ကိုလြမ္းလို႔ ဆိုေတာ့ ေမေမသြားတာ ညီမေလးေရာပါလားဆိုၿပီး ဆရာမက သူ႔ကို ေမးတယ္..ဟင့္အင္း ညီမေလးလည္း မပါဘူး ဆိုေတာ့..

ညီမေလးကိုေတာင္ ထားခဲ့တာ မင္းက ငိုေနစရာလား ဆိုပီး ဇာတ္ပိုးကို ႐ိုက္လိုက္တာ ႏွဖူးနဲ႔ ခုံေစာင္းနဲ႔ ႐ိုက္မိလို႔ ဒဏ္ရာရပါေရာ..ဒဏ္ရာနဲ႔ျပန္လာတဲ့ သားကိုျမင္ၿပီး ေဖေဖက ေဒါသထြက္ေရာေပါ့..ဒီေလာက္ေတာင္လုပ္ရလားဆိုပီး ဆရာမကို စိတ္တိုတာပါ..ဘာရယ္မဟုတ္ဘူး..မန္မိုရီျပန္တက္ လာေတာ့ ငယ္ငယ္တုန္းက အေၾကာင္းေတြေခါင္းထဲ ျပန္ေရာက္လာလို႔..” လို႔ ေငြတီဦးမွ ေရးထားပါတယ္ ပရိသတ္ႀကီးေရ….

Credit:CELELUCKY

ပြေတီဦးငယ်ငယ်က အကြောင်းတွေကို ပရိသတ်တွေသိအောင် ပြောပြလိုက်တဲ့ ငွေတီဦး

ပရိသတ်ကြီးရေ သရုပ်ဆောင် ပြေတီဦး ကတော့ လက်ရှိ အင်းစိန်ထောင် ထဲမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်နော်။ပြေတီဦးရဲ့ မိဘများဟာ အသက် အရွယ် ကြီးမြင့်နေပြီ​ ဖြစ်တာကြောင့် သား အတွက် စိတ်ပူနေကြတာလည်း ဖြစ်ပါတယ်နော်။ မနေ့က အူဝဲလွတ်လာပြီဆိုပြီး သတင်းတွေ ထွက်ခဲ့ပေမယ့် ကောလဟာလတွေသာ ဖြစ်တယ်လို့လည်း မိသားစုဝင်များမှ ပြန်ဖြေရှင်းထားတာပါနော်။

ပြေတီဦးတွင် အကြီးဆုံး အစ်မ ဆွီတီဦးနဲ့ အငယ်ဆုံး ညီမလေး ငွေတီဦးဆိုပြီး ရှိပါသေးတယ်နော်။ ငွေတီဦးကတော့ ပြေတီဦးရဲ့ ကလေးဘဝက အမှတ်တရတစ်ခုကို ပြောပြလာပါပြီနော်။ သူတို့ငယ်ငယ်တုန်းက မောင်နှမနှစ်ယောက် အရမ်းချစ်ခဲ့ကြတာကိုလည်း ဖတ်ရှုပေးကြပါဦးနော်။

” ငယ်ငယ်တုန်းက သူဆုယူရင် ဘေးက လိုက်ပီး သူရတဲ့ဆုတွေလိုက်သယ်ရတယ်..ကြီးတော့ သူ့ကိုပေးတဲ့ ပန်းတွေလိုက်သယ်ရပြန်ရော..မေမေ တစ်လတစ်ခါ ရန်ကုန်သွားရင် မေမေ့ကိုလွမ်းရင်း မောင်နှမနှစ်ယောက်တည်း ကျန်ခဲ့တဲ့အချိန်တွေကို သတိရမိတယ်..အဲ့တုန်းက ကိုယ်က သူငယ်တန်းတောင်မရောက်သေးတဲ့ လက်ဖက်မစား ကွမ်းမစား အပျော်တက်တုန်း..ဆရာကြီးရယ် ကိုကြီးမျက်နှာလေး ကြည့်ပါရစေဆိုပြီး သူ့အတန်းကို သွားချောင်း ခဲ့ရဘူးတယ်..သူကလည်း မေမေ့ကိုလွမ်းလို့ မျက်ရည်တွေတွေကျတော့..ဆရာမက ဘာဖြစ်လို့လဲ မေးတာပေါ့..မေမေ့ကိုလွမ်းလို့ ဆိုတော့ မေမေသွားတာ ညီမလေးရောပါလားဆိုပြီး ဆရာမက သူ့ကို မေးတယ်..ဟင့်အင်း ညီမလေးလည်း မပါဘူး ဆိုတော့..

ညီမလေးကိုတောင် ထားခဲ့တာ မင်းက ငိုနေစရာလား ဆိုပီး ဇာတ်ပိုးကို ရိုက်လိုက်တာ နှဖူးနဲ့ ခုံစောင်းနဲ့ ရိုက်မိလို့ ဒဏ်ရာရပါရော..ဒဏ်ရာနဲ့ပြန်လာတဲ့ သားကိုမြင်ပြီး ဖေဖေက ဒေါသထွက်ရောပေါ့..ဒီလောက်တောင်လုပ်ရလားဆိုပီး ဆရာမကို စိတ်တိုတာပါ..ဘာရယ်မဟုတ်ဘူး..မန်မိုရီပြန်တက် လာတော့ ငယ်ငယ်တုန်းက အကြောင်းတွေခေါင်းထဲ ပြန်ရောက်လာလို့..” လို့ ငွေတီဦးမှ ရေးထားပါတယ် ပရိသတ်ကြီးရေ….

Credit:CELELUCKY

About the author

Ms Cele

Leave a Comment