Celebrity

ေျပတီဦးနဲ႕အိျႏၵာေက်ာ္ဇင္တို႕ရဲ႕ ပရိသတ္ေတြ မသိေသးတဲ့ အေၾကာင္းေတြကို ေျပာျပလာတဲ့ ဒါ႐ိုက္တာ စိုးေက်ာ္ဆန္း

Written by Ms Cele

ေျပတီဦးနဲ႕အိျႏၵာေက်ာ္ဇင္တို႕ရဲ႕ ပရိသတ္ေတြ မသိေသးတဲ့ အေၾကာင္းေတြကို ေျပာျပလာတဲ့ ဒါ႐ိုက္တာ စိုးေက်ာ္ဆန္း

ပရိတ္သတ္ႀကီးေရ…သ႐ုပ္ေဆာင္ေျပတီဦးနဲ႔ သ႐ုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္တို႔ ဇနီးေမာင္ႏွံ ကေတာ့ အကယ္ဒမီဆုရွင္ ေတြျဖစ္ေပမဲ့ အေရးႀကီးလာရင္ ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ ကေန ရဲရဲဝင့္ဝင့္ ရပ္တည္ခဲ့တဲ့ အႏုပညာရွင္ေတြပဲ ျဖစ္ပါတယ္ ။ ဒါေၾကာင့္လည္း သူတို႔ဇနီးေမာင္ႏွံကို ပုဒ္မ(၅၀၅)ကနဲ႔ ဝရမ္းထုတ္ၿပီး ဖမ္းဆီးထိန္းသိမ္း ခဲ့တာ ျဖစ္ပါတယ္ ။

ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ အက်ဥ္းသား (၂၀၀၀)ေက်ာ္ လႊတ္ေပးခဲ့တဲ့အထဲမွာ အူဝဲတို႔ဇနီးေမာင္ႏွံမပါလာတဲ့ အေပၚ သူတို႔ရဲ့ပရိသတ္ေတြနဲ႔ ျပည္သူေတြ အားလုံးက စိတ္မေကာင္းျဖစ္ေနၾကတာ ျဖစ္ပါတယ္ ။အႏုပညာ အသိုင္းအဝိုင္း တစ္ခုလုံးကလည္း ဖမ္းဆီးခံ ထားရတဲ့ အႏုပညာရွင္ေတြ အျမန္ဆုံးလြတ္ေျမာက္နိုင္ဖို႔အတြက္ ဆုေတာင္းေနၾကတာ ျဖစ္ပါတယ္ ။ အခုလည္း ဒါရိုက္တာစိုးေက်ာ္ဆန္းက ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ဇနီးေမာင္ႏွံရဲ့ အေၾကာင္းကို သတိတရေျပာျပလာခဲ့တာ ျဖစ္ပါတယ္ ။ ဦးတီနဲ႔ခင္မင္ရင္းႏွီးခဲ့တဲ့ သူငယ္ခ်င္း တစ္ေယာက္အေနနဲ႔ ဒါရိုက္တာစိုးေက်ာ္ဆန္းက ဦးတီရဲ့ စိတ္သေဘာထားကို ဖြင့္ဟလာခဲ့တာ ျဖစ္ပါတယ္ ။

ဦးတီက သူတစ္ပါးအေပၚမွာ စာနာနားလည္မႈ ေပးနိုင္သူျဖစ္ေၾကာင္း၊ သူ႔ရဲ့မိသားစုအေပၚမွာ တန္ဖိုးထား ခ်စ္ျမတ္နိုးသူျဖစ္ေၾကာင္း၊ အနာဂတ္ရဲ့ မ်ိဳးဆက္သစ္ေတြကို ပံ့ပိုးေပးေနသူျဖစ္ေၾကာင္း စသည္ျဖင့္ ေျပာျပထားတာ ျဖစ္ပါတယ္ ။ဒါ့အျပင္ ကိုစိုးေက်ာ္ဆန္းက အိျႏၵာေက်ာ္ဇင္ ကိုလည္း သူ႔ရဲ့ညီမေလး တစ္ေယာက္လို ခင္မင္ရတဲ့အေၾကာင္း ေျပာျပထားတာ ျဖစ္ပါတယ္ ။ အႏုပညာေလာကထဲမွာ အတူလႈပ္ရွား႐ုန္းကန္ၾကရင္းနဲ႔ တစ္မေအတည္းေမြးတဲ့ ေမာင္ႏွမအရင္းေတြလို လက္သည္းဆိတ္ရင္ လက္ထိပ္နာတတ္ေနၿပီျဖစ္တာေၾကာင့္ အူဝဲတို႔ဇနီးေမာင္ႏွံကို အျမန္ဆုံးလြတ္ေျမာက္ေစခ်င္ေၾကာင္း ေျပာထားတာလည္း ျဖစ္ပါတယ္ ။

“အခ်ိန္ေတြၾကာ လာေတာ့ ဘယ္ေတာ့ျပန္လြတ္ေျမာက္ လာမလဲ ေမၽွာ္ရင္းေမၽွာ္ရင္း ရင္ဘတ္ေတြ နာလာတယ္ သူ႔ေမေမျဖစ္တဲ့ အန္တီမာရဲ့ရင္ထဲ…သမီးေလးရဲ့ရင္ထဲ ကေမးခြန္းေတြ…သားကေလးရဲ့ ႏုနယ္လြန္းတဲ့အေတြးေတြကို ကၽြန္ေတာ္ဆက္ မစဥ္းစားရဲဘူး…” ဆိုၿပီးရင္ဖြင့္လာတဲ့ ဒါရိုက္တာစိုးေက်ာ္ဆန္း ကေတာ့ အူဝဲတို႔လြတ္ဖို ႔အတြက္သာ ဆုေတာင္းေပးေနရတာပဲ ျဖစ္ပါတယ္ ။ ေျပတီဦးနဲ႔အူဝဲတို႔ကို ခ်စ္ၾကတဲ့ ပရိသတ္ႀကီးလည္း ဆုေတာင္းေပးၾကအုံးေနာ္.

Source: SoeKyaw Sann
Credit

ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ရဲ့ ပရိသတ်တွေ မသိသေးတဲ့ အကြောင်းတွေကို ပြောပြလာတဲ့ ဒါရိုက်တာ စိုးကျော်ဆန်း

ပရိတ်သတ်ကြီးရေ…သရုပ်ဆောင်ပြေတီဦးနဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ ကတော့ အကယ်ဒမီဆုရှင် တွေဖြစ်ပေမဲ့ အရေးကြီးလာရင် ပြည်သူတွေနဲ့အတူ အမှန်တရားဘက် ကနေ ရဲရဲဝင့်ဝင့် ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း သူတို့ဇနီးမောင်နှံကို ပုဒ်မ(၅၀၅)ကနဲ့ ဝရမ်းထုတ်ပြီး ဖမ်းဆီးထိန်းသိမ်း ခဲ့တာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အကျဉ်းသား (၂၀၀၀)ကျော် လွှတ်ပေးခဲ့တဲ့အထဲမှာ အူဝဲတို့ဇနီးမောင်နှံမပါလာတဲ့ အပေါ် သူတို့ရဲ့ပရိသတ်တွေနဲ့ ပြည်သူတွေ အားလုံးက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။အနုပညာ အသိုင်းအဝိုင်း တစ်ခုလုံးကလည်း ဖမ်းဆီးခံ ထားရတဲ့ အနုပညာရှင်တွေ အမြန်ဆုံးလွတ်မြောက်နိုင်ဖို့အတွက် ဆုတောင်းနေကြတာ ဖြစ်ပါတယ် ။ အခုလည်း ဒါရိုက်တာစိုးကျော်ဆန်းက ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံရဲ့ အကြောင်းကို သတိတရပြောပြလာခဲ့တာ ဖြစ်ပါတယ် ။ ဦးတီနဲ့ခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်း တစ်ယောက်အနေနဲ့ ဒါရိုက်တာစိုးကျော်ဆန်းက ဦးတီရဲ့ စိတ်သဘောထားကို ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ် ။

ဦးတီက သူတစ်ပါးအပေါ်မှာ စာနာနားလည်မှု ပေးနိုင်သူဖြစ်ကြောင်း၊ သူ့ရဲ့မိသားစုအပေါ်မှာ တန်ဖိုးထား ချစ်မြတ်နိုးသူဖြစ်ကြောင်း၊ အနာဂတ်ရဲ့ မျိုးဆက်သစ်တွေကို ပံ့ပိုးပေးနေသူဖြစ်ကြောင်း စသည်ဖြင့် ပြောပြထားတာ ဖြစ်ပါတယ် ။ဒါ့အပြင် ကိုစိုးကျော်ဆန်းက အိန္ဒြာကျော်ဇင် ကိုလည်း သူ့ရဲ့ညီမလေး တစ်ယောက်လို ခင်မင်ရတဲ့အကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ။ အနုပညာလောကထဲမှာ အတူလှုပ်ရှားရုန်းကန်ကြရင်းနဲ့ တစ်မအေတည်းမွေးတဲ့ မောင်နှမအရင်းတွေလို လက်သည်းဆိတ်ရင် လက်ထိပ်နာတတ်နေပြီဖြစ်တာကြောင့် အူဝဲတို့ဇနီးမောင်နှံကို အမြန်ဆုံးလွတ်မြောက်စေချင်ကြောင်း ပြောထားတာလည်း ဖြစ်ပါတယ် ။

“အချိန်တွေကြာ လာတော့ ဘယ်တော့ပြန်လွတ်မြောက် လာမလဲ မျှော်ရင်းမျှော်ရင်း ရင်ဘတ်တွေ နာလာတယ် သူ့မေမေဖြစ်တဲ့ အန်တီမာရဲ့ရင်ထဲ…သမီးလေးရဲ့ရင်ထဲ ကမေးခွန်းတွေ…သားကလေးရဲ့ နုနယ်လွန်းတဲ့အတွေးတွေကို ကျွန်တော်ဆက် မစဉ်းစားရဲဘူး…” ဆိုပြီးရင်ဖွင့်လာတဲ့ ဒါရိုက်တာစိုးကျော်ဆန်း ကတော့ အူဝဲတို့လွတ်ဖို ့အတွက်သာ ဆုတောင်းပေးနေရတာပဲ ဖြစ်ပါတယ် ။ ပြေတီဦးနဲ့အူဝဲတို့ကို ချစ်ကြတဲ့ ပရိသတ်ကြီးလည်း ဆုတောင်းပေးကြအုံးနော်.

Source: SoeKyaw Sann
Credit

About the author

Ms Cele

Leave a Comment