Celebrity


Written by Ms Cele









ဝေဖန်ခံနေရတဲ့ သားဖြစ်သူနဲ့ ပတ်သက်ပြီး ပရိသတ်တွေ သိအောင် ပြန်လည်ဖြေရှင်းခဲ့တဲ့ မြင့်မြတ်ရဲ့မိခင်

သရုပ်ဆောင်မြင့်မြတ် ကတော့ မနေ့က ဒီဇင်ဘာလ (၂၀) ရက်နေ့မှာ သူ့ရဲ့ဖခင် ကိုယ်တိုင်ဖြေကြား ထားတဲ့ အင်တာဗျူးဗီဒီယိုကြောင့် ပရိသတ်တွေ ဝေဖန်ခြင်းကို ခံနေရသူတစ်ယောက် ဖြစ်ပါတယ်။

မြင့်မြတ်ကို ချစ်ကြတဲ့ ပရိသတ်တွေ ကတော့ မြင့်မြတ်က သားဆိုးသားမိုက် တစ်ယောက် မဟုတ်မှန်းသိကြသလို တစ်ဖက်ကလည်း သူ့ရဲ့ဖခင် ကိုယ်တိုင်က ပြောတာကြောင့် ဘယ်ဟာက အမှန်လဲဆိုတာ ဝေခွဲမရဖြစ်နေတာပဲ ဖြစ်ပါတယ်။

ယနေ့မှာတော့ ထိုကိစ္စနဲ့ ပက်သတ်ပြီး မြင့်မြတ်ရဲ့ သူငယ်ချင်း အရင်းကြီးဖြစ်တဲ့ သရုပ်ဆောင် ဂျူဂျူးပန်ထွာက မြင့်မြတ်ရဲ့ မိခင်ကိုသွားရောက် မေးမြန်းကာ ပြန်လည်ဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ်

“အမှန်တရား တခုကို ရှင်းပြခဲ့တဲ့ ကိုမြင့်မြတ်ရဲ့အမေ …” ဆိုပြီး သူငယ်ချင်းဖြစ်သူ မြင့်မြတ်ရဲ့မိခင် ကိုယ်တိုင် ရှင်းလင်းပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကို ဂျူးဂျူးပန်ထွာက ဝေမျှတင်ပေးလာတာပဲ ဖြစ်ပါတယ်နော်..။

ဒီဗီဒီယိုဖိုင်ထဲမှာတော့ မြင့်မြတ်ရဲ့မိခင်က မြင့်မြတ်ဟာ မိသားစုကို အိမ်ပိုင် ကားပိုင်ရှိစေချင်လို့ အနုပညာ လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ တာဖြစ်ပြီး အဲ့ဒီကနေမှ အောင်မြင်လာ ခဲ့တာဖြစ်တယ်လို့ ဆိုလာခဲ့တာပါ မြင့်မြတ်ဖခင်က သားကို အရှက်ခွဲ ချင်နေတာသာဖြစ်ပြီး လက်ရှိမှာ ဆိုင်တဆိုင်လုံး ရှိတာကြောင့် Taxi မောင်းနေရတယ်ဆိုတာမဟုတ်ဘူးလို့လဲရှင်းပြလာခဲ့ပါတယ်

ဒီလိုအရှက်ခွဲဖို့ လုပ်နေပေမယ့် မအောင်မြင်ခဲ့ပဲ အခုမှ မီဒီယာသမားတွေကို ကိုယ်တိုင်ခေါ်ပြီး ပြုလုပ်ခဲ့ကြောင်းနဲ့ ဒီလို ကိစ္စတွေကို ဂရုမစိုက်ပဲ ကိုယ့်ပရိသတ်တွေနဲ့ ကိုယ်ပျော်အောင်နေပါ လို့ လည်း အားပေးထား ခဲ့ပါသေးတယ် Video ဖိုင်ကိုတော့အောက်မှာ တပါတည်း ထည့်သွင်းပေး ထားပါတယ်နော်

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment