Celebrity


Written by Ms Cele





Source : Nansu Yati soe
Credit:Yaung Chi

ကြေကွဲမိုးတိမ်ဇာတ်ကားလေးရဲ့ရှုတင်ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို ပြသလာတဲ့ နန်းဆုရတီစိုး

ပရိသတ်ကြီးရေ .. နှုတ်ခမ်းနီမလေးတွေ ရဲ့ အသည်းစွဲ မင်းသား ချောလေး မင်းသွေးခန့် ရဲ့ ဇာတ်ကားကို ပရိသတ်တေ ကြည့်ရှုခွင့်ရတော့မှာပါ ။ ကြေကွဲမိုးတိမ် ဆိုတဲ့ ဇာတ်ကားလေးကို နန်းဆုရတီစိုး ၊ ဟန်တီ နဲ့ မင်းသွေးခန့်တို့က ရိုက်ကူးသွားကြမှာဖြစ်ပြီး မကြာသေးမီကမှ ရုပ်ရှင်ကန်တော့ပွဲ ပေးခဲ့တာဖြစ်ပါတယ် ။

ဒီနေ့မှာတော့ ကြေကွဲမိုးတိမ် ဇာတ်ကား ရှုတင်ရိုက်ကွင်းပေါ်က အနုပညာရှင်အချို့ရဲ့ ရိုက်ကွင်း ပုံရိပ်လေးတွေကို သရုပ်ဆောင် နန်းဆုရတီစိုးက သူမရဲ့လူမှုကွန်ရက် စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးလာ ခဲ့ပါတယ် ။ နန်းဆုနဲ့ မင်းသွေးခန့်တို့ရဲ့ ရှုတင်ရိုက်ကွင်း ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေက ဒီဇာတ်ကားလေးကို အရမ်းကိုကြည့်ချင် နေကြပြီ ဖြစ်ကြောင်း မှတ်ချက်တွေရေးသားခဲ့ကြပါတယ်။

Music Video ရိုက်ကူးထဲက အရမ်းကို လိုက်ဖက်မှုရှိပြီး အတွဲညီခဲ့တဲ့ မင်းသွေးခန့်နဲ့ နန်းဆုတို ့နှစ်ယောက်က ဒီဇာတ်ကားထဲမှာရော ဘယ်လိုတွေ လိုက်ဖက်ညီညီ သရုပ်ဆောင် ထားကြဦးမလဲ ဆိုတာကိုတော့ ပရိသတ်တွေ အရမ်းကို သိချင် ကြည့်ချင်နေကြပြီ ထင်ပါတယ်နော် ။ နန်းဆု နဲ့ မင်းသွေးခန့်တို့ရဲ့ ပရိသတ်ကြီး အတွက်လည်း ရိုက်ကွင်း ပုံရိပ်လေးတွေကို အကြိုရင်ခုန်လို့ရအောင် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Source : Nansu Yati soe
Credit:Yaung Chi

About the author

Ms Cele

Leave a Comment