Celebrity


Written by Ms Cele





Source – Ma Ma Sue
Credit:Cele Zone

ကြော်ငြာခကို တစ်ပြားတစ်ချပ်မှ မယူဘဲ အောက်စီဂျင်အိုး လှူပေးပြီး ကြော်ငြာလက်ခံပေးသွားမယ်ဆိုတဲ့ မိတ်ကပ်မေဆူး

ပရိသတ်တွေရဲ့ အချစ်တော် အလှဖန်တီးရှင် တစ်ယောက်ဖြစ်တဲ့ မိတ်ကပ်မေဆူး ကတော့ လတ်တလောမှာ Live လွှင့်ဈေးရောင်းပေးတဲ့ အလုပ်တွေကို ပြန်လည်လက်ခံပြီး လုပ်ဆောင်သွားမယ့် အကြောင်းသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ Live လွှင့်ဈေးရောင်းရာကနေ အကျိုးအမြတ်အနေနဲ့ အောက်စီဂျင်ဘူးတွေလှူဒါန်းပေးသွားမှာပါတဲ့။

Live လွှင့်ဈေးရောင်းပေးခ ကိုတော့ မိတ်ကပ်မေဆူးက ငွေတစ်ပြားတစ်ကျပ်မှ မယူဘဲ သူ့ကို ဈေးရောင်းပေးဖို့ ငှားတဲ့ လုပ်ငန်းရှင် ဘက်ကနေ ပြီးတော့ တစ်နာရီကို ဈေးရောင်းပေးခ အဖြစ် အောက်စီဂျင်တစ်အိုး၊ နှစ်နာရီငှားရင် နှစ်အိုးနှုန်း လှူဒါန်းပေးရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ Live လွှင့်ဈေးရောင်းပေးသွားမှာ ဖြစ်ပါတယ်တဲ့။ Photo ကြော်ငြာတစ်ခုအတွက်ငှားရင်တော့ အောက်စီဂျင်အိုး (၅)အိုးလှူဒါန်းပေးရမှာပါ။

မိတ်ကပ်မေဆူး ကတော့ ဘာကြော်ငြာပဲ ရိုက်ရိုက် Post တင်ပြီး ကြော်ငြာပေး ရတာပဲဖြစ်ဖြစ် အောက်စီဂျင်အိုးနဲ့ အလှူနဲ့ လက်ခံပေး သွားမျာပါတဲ့။ ပရိသတ်ကြီးရေ မိတ်ကပ်မေဆူးရဲ့ ကြော်ငြာခကို တစ်ပြားတစ်ချပ်မှ မယူဘဲ အောက်စီဂျင်အိုး လှူပေးပြီး ကြော်ငြာလက်ခံပေးသွားမယ်ဆိုတဲ့ စိတ်ကူးလေးက တကယ်ကို ကောင်မွန်လှတဲ့ စိတ်ကူးလေးပါပဲနော်။

Source – Ma Ma Sue
Credit:Cele Zone

About the author

Ms Cele

Leave a Comment