Celebrity


Written by Ms Cele





Source : Phone Min Nayla
Credit:Yaung Chi

ကြော်ငြာလေးတစ်ခုကို လိုက်ဖက်ညီစွာ နှစ်ယောက်အတူ ရိုက်ကူးနေတဲ့ ဘုန်းမင်းနေလနဲ့ သဇင်ထူးမြင့်

ဘုန်းမင်းနေလနဲ့ သဇင်ထူးမြင့်တို ့နှစ်ဦးဟာ ၂၀၁၈ခုနှစ် အကယ်ဒမီ ရွှေကြိုမောင်မယ်လေးတွေ ထဲမှာ အတွဲညီဆုံး စုံတွဲလေးဖြစ်သလို ပရိသတ် တွေရဲ့ အချစ်ကို ခံရတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။ ရွှေကြိုပွဲပြီးတဲ့ နောက်မှာလည်း သူတို့နှစ်ယောက်က MTV အချို့နဲ့ ဓာတ်ပုံရိုက်ကူးမှု အချို့ကို အတူတူ ရိုက်ကူးခဲ့ကြပြီး ပရိသတ် အားပေးမှု ကို တခဲနက်ရရှိခဲ့တာပါ ။

လတ်တလော မှာတော့ ဘုန်းမင်းနေလက Double Dating အစီစဉ်မှာ ပရိသတ်တွေ အရမ်းကို အားပေး ချစ်ခင်နေတဲ့ သဇင်ထူးမြင့်နဲ့အတူ ကြော်ငြာလေးတစ်ခု ရိုက်ကူးနေကြတယ်လို ့သိရပါတယ် ။ ဘုန်းမင်နေလက မသဲနဲ့ Hearty Heart TVC လေးဒီနေ့ရိုက်ဖြစ်တယ်ထွက် လာရင်အားပေးကြပါဦးနော် ဆိုတဲ့ စာသားလေးနဲ့အတူ သူတို့နှစ်ယောက် ရဲ့ရှုတင်ရိုက်ကွင်း ပုံရိပ်အချို့ကို ပရိသတ်တွေကို မျှဝေပေးလာ ခဲ့တာဖြစ်ပါတယ် ။

အတူတူတွဲဖက်ပြီး မတွေ့ရတာကြာပြီဖြစ်လို့ အခုလို အတူတူ အနုပညာ အလုပ်တွေ ပြန်လုပ်တာကို မြင်ရတာ ဝမ်းသာကြောင်း ပရိသတ်တွေက မှတ်ချက်ရေးသား ထားကြပါတယ် ။ ဘုန်းမင်း နဲ့ သဲတို့နှစ်ယောက်ကို အားပေးတဲ့ ပရိသတ်ကြီးအတွက် ရှုတင် ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Phone Min Nayla
Credit:Yaung Chi

About the author

Ms Cele

Leave a Comment