Celebrity


Written by Ms Cele





Credit:Swelsone News

ကြော်ငြာ ဘုရင်မ ထက်ထက်မိုးဦးနဲ့ ကြော်ငြာတွေ ရိုက်ကူး နေပြီ ဆိုတဲ့ နိုင်လူရဲ့သမီးလေး ခေတ်ဆည်းဆာ

အနုပညာလောမှာ အမြဲမိုက် တိမိုက်ကန်းဇာတ်ရုပ်တွေနဲ့ လူမုန်းများတဲ့ ဗီလိန်ဇာတ် ကောင်နေရာတွေမှာ အမြဲ သရုပ်ဆောင်လေ့ရှိတဲ့ နိုင်လူ ကတော့ ရုပ်ရှင်ထဲနဲ့ အပြင်မှာ တော်တော်လေးကွာခြားပါတယ်။ရုပ်ရှင်ပိတ်ကား ပေါ်မှာ ပရိသတ်မုန်းတဲ့ ဇာတ်ရုပ်တွေကို အပီပြင်ဆုံး သရုပ်ဆောင်ရပေမယ့် အပြင် မှာတော့ ဘုရားတရားကိုင်း ရှိုင်းပြီး မိသားစု အပေါ်ရှာဖွေကျွေးမွေးနေတဲ့ အိမ်ထောင်ဦးစီးကောင်း တစ်ယောက်ပဲ ဖြစ်ပါတယ်။

နိုင်လူကတော့ ချစ်စရာကောင်း တဲ့ မိသားစုလေးနဲ့ ဝါသနာပါရာ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ရင်း ဘဝကိုပျော် ရွှင်စွာဖြတ်သန်း နေတာပဲ ဖြစ်ပါတယ်။နိုင်လူရဲ့အငယ်ဆုံး သမီးလေးခေတ်ဆည်းဆာလေး ကလည်း ချစ်ဖို့ကောင်း လွန်းတာကြောင့် ပရိသတ်တွေ အားပေးချစ်ခံရတဲ့ ကလေးလေးပဲ ဖြစ်ပါတယ်။ ခေတ်ဆည်းဆာလေး ကတော့ အသက်ကြီးလာရင် မင်သမီးလုပ် ချင်တယ်လို့ သူ့ရဲ့ ဝါသနာလေးကို မီဒီယာကနေ ပရိသတ်ကို ပြောခဲ့ပါသေးတယ်။

လတ်တလော မှာလဲ ခေတ်ဆည်းဆာ လေးက သရုပ်ဆောင် ထက်ထက်မိုးဦးနဲ့အတူ ကြော်ညာရိုက်ကူး နေတာပဲဖြစ်ပါတယ်။ နိုင်လူက”ပြည်သူ့အချစ်တော် ထက်ထက်မိုးဦးနှင့်ပြည်သူ့အချစ်တော်ခေတ်ဆည်းဆာတို့ Spoonအချိုမှုန့်ကြော်ငြာရိုက်ကူးခြင်း” ဆိုပြီးတင်ထား တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီး အတွက် ထက်ထက်နဲ့ ခေတ်ဆည်းဆာတို့ရဲ့ ပုံရိပ်လေးတွေ ကိုဖော်ပြပေးလိုက်ပါတယ်နော်။ သမီးလေး ခေတ်ဆည်းဆာလဲ အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ် ပါစေလို့ စွယ်စုံက ဆုတောင်းပေး လိုက်ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment