Celebrity

ေၾကာ္ျငာ ရုိက္ကူးေနတဲ့ မိခင္ကို ကိုယ္တိုင္ ကင္မရာ ရိုက္ေပးေနရတဲ့ ပိုးၾကာျဖဴခင္

Written by Ms Cele

ေၾကာ္ျငာ ရုိက္ကူးေနတဲ့ မိခင္ကို ကိုယ္တိုင္ ကင္မရာ ရိုက္ေပးေနရတဲ့ ပိုးၾကာျဖဴခင္

ဆိုင္းမိုင္လို႔ ပရိသတ္ေတြသိၾကတဲ့ မင္းသမီးေခ်ာေလး ပိုးၾကာျဖဴခင္က “မိုးေကာင္းကင္အိပ္မက္” ဇာတ္လမ္းတြဲနဲ႔ ေအာင္ျမင္မႈအႀကီးအက်ယ္ ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ေအာင္ျမင္တဲ့ မင္းသမီးေလးတစ္လက္ျဖစ္ေနၿပီျဖစ္တဲ့ ပိုးၾကာျဖဴခင္က အင္မတန္ကို ရိုးေအးၿပီး အေနတည္ၿငိမ္လြန္းတာေၾကာင့္ သူမရဲ့ အႏုပညာကိစၥအဝဝကို သူမရဲ့ မိခင္က စီမံေပးရတာပဲ ျဖစ္ပါတယ္။ ပိုးၾကာျဖဴခင္ရဲ့ ေမေမကေတာ့ အရမ္းကို သြက္လက္ၿပီး စကားေျပာေကာင္းလြန္းတာေၾကာင့္ ပရိသတ္ေတြၾကားမွာ မသိတဲ့သူမရွိေအာင္ နာမည္ႀကီးသူတစ္ေယာက္လည္း ျဖစ္ပါတယ္။

ပိုးၾကာျဖဴခင္ရဲ့ ေမေမကေတာ့ အႏုပညာကို ဝါသနာပါသူျဖစ္ၿပီး ပိုးၾကာျဖဴခင္နဲ႔ ေၾကာ္ျငာအခ်ိဳ႕ကိုလည္း ရိုက္ကူးေပးခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ပိုးၾကာျဖဴခင္က ေၾကာ္ျငာေတြကို ကိုယ္တိုင္လက္ခံရိုက္ကူးေနရၿပီျဖစ္တဲ့ မိခင္ႀကီးအတြက္ သူမကိုယ္တိုင္ ကင္မရာမန္းလုပ္ၿပီး ရိုက္ကူးေပးေနရေၾကာင္းကို “မိုင္မားသားေၾကာ္ျငာကို ကိုယ္တိုင္ရိုက္ေပးထားတာ 😬အေမက မင္းသမီး သမီးက ကင္မရာမန္းပါေပါ့ 😎” ဆိုၿပီး မိခင္အတြက္ ရိုက္ေပးထားတဲ့ ပုံရိပ္ေလးေတြကို မၽွေဝေပးလာပါတယ္။

ပိုးၾကာျဖဴခင္ကေတာ့ သ႐ုပ္ေဆာင္ေကာင္းၿပီး အႏုပညာပါရမီပါတဲ့ မိခင္ႀကီးနဲ႔က်မွ မင္းသမီးအျဖစ္ကေန ကင္မရာမန္းဘဝကို ေန႔ခ်င္းညခ်င္းေရာက္ရွိသြားခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ပိုးၾကာျဖဴခင္ေမေမရဲ့ ေၾကာ္ျငာေလးကို ေစာင့္ေမၽွာ္ၾကည့္ရႈေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

ကြော်ငြာ ရိုက်ကူးနေတဲ့ မိခင်ကို ကိုယ်တိုင် ကင်မရာ ရိုက်ပေးနေရတဲ့ ပိုးကြာဖြူခင်

ဆိုင်းမိုင်လို့ ပရိသတ်တွေသိကြတဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်က “မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုအကြီးအကျယ် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ မင်းသမီးလေးတစ်လက်ဖြစ်နေပြီဖြစ်တဲ့ ပိုးကြာဖြူခင်က အင်မတန်ကို ရိုးအေးပြီး အနေတည်ငြိမ်လွန်းတာကြောင့် သူမရဲ့ အနုပညာကိစ္စအဝဝကို သူမရဲ့ မိခင်က စီမံပေးရတာပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ရဲ့ မေမေကတော့ အရမ်းကို သွက်လက်ပြီး စကားပြောကောင်းလွန်းတာကြောင့် ပရိသတ်တွေကြားမှာ မသိတဲ့သူမရှိအောင် နာမည်ကြီးသူတစ်ယောက်လည်း ဖြစ်ပါတယ်။

ပိုးကြာဖြူခင်ရဲ့ မေမေကတော့ အနုပညာကို ဝါသနာပါသူဖြစ်ပြီး ပိုးကြာဖြူခင်နဲ့ ကြော်ငြာအချို့ကိုလည်း ရိုက်ကူးပေးခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုးကြာဖြူခင်က ကြော်ငြာတွေကို ကိုယ်တိုင်လက်ခံရိုက်ကူးနေရပြီဖြစ်တဲ့ မိခင်ကြီးအတွက် သူမကိုယ်တိုင် ကင်မရာမန်းလုပ်ပြီး ရိုက်ကူးပေးနေရကြောင်းကို “မိုင်မားသားကြော်ငြာကို ကိုယ်တိုင်ရိုက်ပေးထားတာ 😬အမေက မင်းသမီး သမီးက ကင်မရာမန်းပါပေါ့ 😎” ဆိုပြီး မိခင်အတွက် ရိုက်ပေးထားတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာပါတယ်။

ပိုးကြာဖြူခင်ကတော့ သရုပ်ဆောင်ကောင်းပြီး အနုပညာပါရမီပါတဲ့ မိခင်ကြီးနဲ့ကျမှ မင်းသမီးအဖြစ်ကနေ ကင်မရာမန်းဘဝကို နေ့ချင်းညချင်းရောက်ရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုးကြာဖြူခင်မေမေရဲ့ ကြော်ငြာလေးကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment