Celebrity


Written by Ms Cele






ကြေငြာလေး တစ်ခုကို မိသားစု နဲ့အတူ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးခဲ့တဲ့ လွင်မိုး

အကယ်ဒမီ များရှင် မင်းသားကြီး လွင်မိုးကတော့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် ကာလမှာတော့ သူ့ခေတ်သူ့အခါလို့ ဆိုရလောက် အောင် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ လက်မလည် အောင် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ လွင်မိုးက အသက်အရွယ် တစ်ခုရောက်ရှိ လာချိန်မှာ စီးပွားရေးလုပ်ငန်းတွေကိုသာ ဦးစားပေး လုပ်ကိုင်နေတာကြောင့် အနုပညာ လုပ်ငန်းတွေနဲ့ အလှမ်းဝေးသွား ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကတော့ လွင်မိုးနဲ့အတူတူ ချစ်စရာကောင်းပြီး စည်းလုံးသိုက်ဝန်းတဲ့ သူ့ရဲ့ မိသားစုလေး ကို ချစ်ခင်အားပေးကြတာပဲ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေကြောင့် အနုပညာ အလုပ်တွေဘက် မလှည့်နိုင်တော့တဲ့ လွင်မိုးက ဘယ်လောက်ပဲ အချိန်တွေကြာကြာ အနုပညာအပေါ် ချစ်မြတ်နိုး စိတ်ကတော့ ပျောက်ကွယ် မသွားပါဘူး။ ဒီကနေ့မှာလည်း လွင်မိုးက သူ့ရဲ့ လီလီပန်းကြော်ငြာ အတွက် ချစ်ဇနီးမေသူကို ကင်မရာကိုင်ခိုင်း၊ သမီးငယ် ဒီဒီးကို Edit လုပ်ခိုင်းရင်း သူကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

လွင်မိုးကတော့ အနုပညာသမား တစ်ယောက်ပီပီ အခုလို ခက်ခဲတဲ့ကိုဗစ်ကာလမှာ ကြော်ငြာတစ်ခု အတွက် ရှိသမျှ အရည်အချင်းတွေကို ထုတ်သုံးပြီး ဇနီး၊ သမီးတို့ရဲ့ အကူအညီနဲ့ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment