Celebrity


Written by Ms Cele





Credit

နွေဦးတော်လှန်ရေးတိုက်ပွဲမှာ လုံးဝသွေးအေးမသွားပဲ ဆက်တိုက်လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ ဟန်နီနွေဦးတို့ သူငယ်ချင်းတစ်စု

သရုပ်ဆောင် ဟန်နီနွေဦး ကတော့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့ ထပ်တူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။ဒါ့အပြင်သူမရဲ့ အကောင့်ကနေလည်း မြန်မာနိုင်ငံမှာ နေ့စဉ်ဖြစ်ပျက်သမျှတွေကို ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးခဲ့သလို အရေးကြီးလိုက်နာသင့်တဲ့ သတင်းအချက်အလက်တွေ ကိုလည်း ဝေမျှပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ဟန်နီနွေဦး ကတော့ ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ ၁ရက်နေ့ ကတည်းက ပြည်သူအားလုံး စတင်ခဲ့တဲ့ တော်လှန်ရေး တိုက်ပွဲကြီးမှာ လမ်းပေါ်ထွက် လူထု လှုပ်ရှားမှုတွေ ပြုလုပ်ပြီး ပြည်သူတွေနဲ့အတူ အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်..။သူမကိုယ်တိုင်လည်း လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေမှာ မျိုးစုံပါဝင်ခဲ့သူတစ်ယောက်မို့ အားလုံးက လေးစားနေရတာပါ။ဖြိုခွင်းမှုတွေ ရှိနေတဲ့ကြားက သွေးအေးမသွားဘဲ တတ်နိုင်တဲ့ ဘက်ကနေ အားဖြည့်ပါဝင်နေတာသူလည်း ဖြစ်ပါတယ်..

အခက်အခဲတွေ ကြားက သွေးမအေးသွားဘဲ ရဲရင့်စွာလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ မင်းသားချော အလင်းရောင်ရဲ့ ခိုင်မာပြတ်သားတဲ့ စိတ်ထား တွေနဲ့ လှုပ်ရှားမှု ပုံရိပ်တွေကိုလည်း ပရိသတ်တွေအားလုံးက သဘောကျနေကြတာ ဖြစ်ပါတယ်..။“ယနေ့သပိတ်Daily reminder that the battle’s not over yet ပုံမှန်လိုသွားလာနေထိုင်လို့မရသေးဘူး စစ်အာဏာရှင် အစိုးရ မကျ ရှုံး မ ချင်း ကျွန်တော်တို့အားလုံး အားလျော့လို့သွေးအေးလို့ မရဘူးဆိုတာခေါင်းထဲရိုက်သွင်းထား” ဆိုပြီး လှုပ်ရှားမှုပုံရိပ်တွေ ကို ဝေမျှထားတာ ဖြစ်ပါတယ်..။သွေးမအေးသွားဘဲ လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ ဟန်နီနွေဦးတို့ လူငယ်တစ်စုရဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ပရိသတ်တွေက ချီးကျူးကာ အားပေးစကား တွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Credit

About the author

Ms Cele

Leave a Comment