Celebrity

ေႏြဦးေတာ္လွန္ေရးႀကီးမွာ အသက္ေပးကာ တိုက္ပြဲဝင္သြားၾကတဲ့ အာဇာနည္သူရဲေကာင္းေတြ အားလုံးကိုရည္စူးၿပီး အလႉအတန္းေကာင္းမႈ ကုသိုလ္ေတြျပဳလုပ္ေပးခဲ့တဲ့ ေမလသံစဥ္

Written by Ms Cele

ေႏြဦးေတာ္လွန္ေရးႀကီးမွာ အသက္ေပးကာ တိုက္ပြဲဝင္သြားၾကတဲ့ အာဇာနည္သူရဲေကာင္းေတြ အားလုံးကိုရည္စူးၿပီး အလႉအတန္းေကာင္းမႈ ကုသိုလ္ေတြျပဳလုပ္ေပးခဲ့တဲ့ ေမလသံစဥ္

ေမလကေတာ့ ခုျမန္မာနိုင္ငံက အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ျပည္သူေတြနဲ႔အတူ ရဲရဲဝင့္ဝင့္ ရပ္တည္ခဲ့သူ တစ္ေယာက္ပါ။ ရရာေနရာကေန လမ္းမေပၚထြက္ကာ ဆႏၵထုတ္ေဖာ္မႈေတြျပဳလုပ္ ခဲ့တာကိုလည္းေလးစားစြာေတြ႕ျမင္ရပါတယ္။ ဒါ့အျပင္ လမ္းမေပၚထြက္ကာ လႈပ္ရွားမႈျပဳလုပ္ေနတဲ့ သူရဲေကာင္းေတြနဲ႔ ညဘက္မွာ ပတ္ဝန္းက်င္လုံျခဳံမႈ အတြက္ ကင္းေစာင့္ေပးၾကတဲ့ ျပည္သူမ်ား အတြက္လည္း ကာကြယ္ေရးပစၥည္းမ်ား လႉဒါန္းေပးခဲ့ပါေသးတယ္။

ခုလိုေတာ္လွန္ေရး ကာလႀကီးမွာ ျပည္သူေတြနဲ႔အတူ ရပ္တည္ၿပီး လိုအပ္တာ မွန္သမၽွကို ရရာေနရာကေန တတ္နိုင္သေလာက္ ပါဝင္ကူညီရင္း လႉးဒါန္းမႈေတြ ျပဳလုပ္ခဲ့တာေၾကာင့္ အားလုံးက ေလးစားခ်စ္ခင္ေနရတာပါ ။ဒါ့အျပင္တိုက္ပြဲမွာ က်ဆုံးသြားတဲ့ သူရဲေကာင္းေတြရဲ့ မိသားစုေတြဆီကိုလည္း ကိုယ္တိုင္သြားေရာက္ကာ အားေပးႏွစ္သိမ့္ရင္း အလႉေငြမ်ား လႉဒါန္းခဲ့ပါေသးတယ္။

အခုလည္း ေႏြဦးေတာ္လွန္ေရးႀကီးမွာ အသက္ေပးကာ တိုက္ပြဲဝင္သြားၾကတဲ့ အာဇာနည္ သူရဲေကာင္းေတြ အားလုံးကို ရည္စူးၿပီး အလႉအတန္းေကာင္းမႈ ကုသိုလ္ေတြျပဳလုပ္ကာ အမၽွေဝဆုေတာင္းေပးျခင္းေတြကိုျပဳလုပ္ ခဲ့တာျဖစ္ပါတယ္။အလႉပုံေလးေတြနဲ႔အတူ ” တေပါင္းလျပည့္ေန႔အလႉ အခုေနာက္ပိုင္း ကုသိုလ္တခုျပဳၿပီးတိုင္း အမၽွေဝတဲ့အခါ ကိုးကြယ္တဲ့ ဘာသာတူတူ မတူတူ ခံယူခ်က္တူတဲ့ က်ဆုံးသြားေသာ အစ္ကို အစ္မ ေမာင္ေလး ညီမေလးေတြကိုပါ ေလးေလးနက္နက္ အမၽွေပးေဝ ဆုေတာင္းေပးျဖစ္ပါတယ္ “ဆိုတဲ့စာေလးကို ေဝမၽွထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးရင္း က်ဆုံးသြားတဲ့ သူရဲေကာင္းေတြ ေကာင္းရာသုဂတိလားပါေစ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – MayLa Melody

နွေဦးတော်လှန်ရေးကြီးမှာ အသက်ပေးကာ တိုက်ပွဲဝင်သွားကြတဲ့ အာဇာနည်သူရဲကောင်းတွေ အားလုံးကိုရည်စူးပြီး အလှူအတန်းကောင်းမှု ကုသိုလ်တွေပြုလုပ်ပေးခဲ့တဲ့ မေလသံစဉ်

မေလကတော့ ခုမြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရဲရဲဝင့်ဝင့် ရပ်တည်ခဲ့သူ တစ်ယောက်ပါ။ ရရာနေရာကနေ လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ် ခဲ့တာကိုလည်းလေးစားစွာတွေ့မြင်ရပါတယ်။ ဒါ့အပြင် လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုပြုလုပ်နေတဲ့ သူရဲကောင်းတွေနဲ့ ညဘက်မှာ ပတ်ဝန်းကျင်လုံခြုံမှု အတွက် ကင်းစောင့်ပေးကြတဲ့ ပြည်သူများ အတွက်လည်း ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးခဲ့ပါသေးတယ်။

ခုလိုတော်လှန်ရေး ကာလကြီးမှာ ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး လိုအပ်တာ မှန်သမျှကို ရရာနေရာကနေ တတ်နိုင်သလောက် ပါဝင်ကူညီရင်း လှူးဒါန်းမှုတွေ ပြုလုပ်ခဲ့တာကြောင့် အားလုံးက လေးစားချစ်ခင်နေရတာပါ ။ဒါ့အပြင်တိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေဆီကိုလည်း ကိုယ်တိုင်သွားရောက်ကာ အားပေးနှစ်သိမ့်ရင်း အလှူငွေများ လှူဒါန်းခဲ့ပါသေးတယ်။

အခုလည်း နွေဦးတော်လှန်ရေးကြီးမှာ အသက်ပေးကာ တိုက်ပွဲဝင်သွားကြတဲ့ အာဇာနည် သူရဲကောင်းတွေ အားလုံးကို ရည်စူးပြီး အလှူအတန်းကောင်းမှု ကုသိုလ်တွေပြုလုပ်ကာ အမျှဝေဆုတောင်းပေးခြင်းတွေကိုပြုလုပ် ခဲ့တာဖြစ်ပါတယ်။အလှူပုံလေးတွေနဲ့အတူ ” တပေါင်းလပြည့်နေ့အလှူ အခုနောက်ပိုင်း ကုသိုလ်တခုပြုပြီးတိုင်း အမျှဝေတဲ့အခါ ကိုးကွယ်တဲ့ ဘာသာတူတူ မတူတူ ခံယူချက်တူတဲ့ ကျဆုံးသွားသော အစ်ကို အစ်မ မောင်လေး ညီမလေးတွေကိုပါ လေးလေးနက်နက် အမျှပေးဝေ ဆုတောင်းပေးဖြစ်ပါတယ် “ဆိုတဲ့စာလေးကို ဝေမျှထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေ ကောင်းရာသုဂတိလားပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – MayLa Melody

About the author

Ms Cele

Leave a Comment