Celebrity

ေ႐ႊတိဂုံဘုရားကို လမ္းေပၚကေန ဖူးေျမႇာ္ရတဲ့ ဘုရားဖူးေတြ အတြက္ ေအးေဆးစြာ ဝတ္ျပဳႏိုင္ဖို႔ ခုံေလးေတြ လႉဒါန္းေပးၿပီး ကုသိုလ္ျပဳခဲ့တဲ့ ညီညီေမာင္(စမ္းေခ်ာင္း)

Written by Ms Cele

ေ႐ႊတိဂုံဘုရားကို လမ္းေပၚကေန ဖူးေျမႇာ္ရတဲ့ ဘုရားဖူးေတြ အတြက္ ေအးေဆးစြာ ဝတ္ျပဳႏိုင္ဖို႔ ခုံေလးေတြ လႉဒါန္းေပးၿပီး ကုသိုလ္ျပဳခဲ့တဲ့ ညီညီေမာင္(စမ္းေခ်ာင္း)

နာမည္ႀကီး မိတ္ကပ္ ဖန္တီးရွင္ တစ္ေယာက္ ျဖစ္တဲ့ ညီညီေမာင္(စမ္းေခ်ာင္း) ဟာဆိုရင္ ပြင့္ပြင့္ လင္းလင္းနဲ႔ ေပ်ာ္ေပ်ာ္ ေနတတ္တဲ့ သူေလး တစ္ေယာက္ပဲ ျဖစ္ပါတယ္။ အရာရာကို ပြင့္ပြင့္လင္းလင္း ေျပာတတ္ၿပီး ရဲရင့္ ထက္ျမက္လြန္းတဲ့ ညီညီေမာင္ (စမ္းေခ်ာင္း) ကို ပရိသတ္ေတြ သာမကပဲ အႏုပညာရွင္ အသိုင္းအဝိုင္း တစ္ခုလုံးကပါ ခ်စ္ၾကတာပဲ ျဖစ္ပါတယ္။ ေနာက္ပိုင္း မွာေတာ့ ညီညီေမာင္(စမ္းေခ်ာင္း) က သူကိုယ္တိုင္ ႐ုပ္ရွင္နဲ႔ ေၾကာ္ျငာေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း အႏုပညာ အလုပ္ေတြကို လုပ္ကိုင္လာတာကို ေတြ႕ရပါတယ္။

လက္ရွိကိုဗစ္ ကာလမွာ အလုပ္ေလးေတြလုပ္လိုက္ အလႉေလးေတြ လုပ္လိုက္နဲ႔ ျဖတ္သန္းေနတဲ့ ညီညီေမာင္ (စမ္းေခ်ာင္း) က ဒီတစ္ခါ မွာလည္း ေ႐ႊတိဂုံဘုရားကို ဖူးေျမႇာ္တဲ့ ဘုရားဖူးျပည္သူေတြ အတြက္ အလႉေလးတစ္ခုကို ျပဳလုပ္လာ ပါတယ္။ ညီညီေမာင္(စမ္းေခ်ာင္း) က “ေ႐ႊတိဂုံ ဘုရား အေရွ႕ဘက္မုဒ္ ဘုရားဖူးမ်ား ထိုင္ရွစ္ခိုးဖို႔ ခုံ ေတြလႉျဖစ္ပါတယ္ ႏိုင္သေလာက္ ကုသိုလ္ေပါ့ရွင္။ ဘုရားဖူးေတြ ေက်ာက္ျပားေပၚ မထိုင္ပဲ ခုံေလးေပၚကေန ဝတ္ျပဳႏိုင္ေအာင္ပါ။ ကုသိုလ္ ထပ္တူရက်ပါေစေနာ္ တန္ေဆာင္တိုင္ လျပည့္ညအႀကိဳ ကုသိုလ္🙏🏻❤️” ဆိုၿပီး သူ႔ရဲ႕ ကုသိုလ္ေလးကို မွ်ေဝေပး လာပါတယ္။

ညီညီေမာင္(စမ္းေခ်ာင္း) ကေတာ့ ဘုရားေတြ မဖြင့္ေသးခ်ိန္မွာ ေ႐ႊတိဂုံဘုရားကို လမ္းေပၚကေန ဖူးေျမႇာ္ရတဲ့ ဘုရားဖူးေတြ အတြက္ ေအးေအးေဆးေဆး ဝတ္ျပဳႏိုင္ဖို႔အတြက္ စိတ္ကူးေကာင္းေကာင္း နဲ႔ ခုံေလးေတြလႉဒါန္းေပးခဲ့တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပး ၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာ ေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Swelsone News

ရွှေတိဂုံဘုရားကို လမ်းပေါ်ကနေ ဖူးမြှော်ရတဲ့ ဘုရားဖူးတွေ အတွက် အေးဆေးစွာ ဝတ်ပြုနိုင်ဖို့ ခုံလေးတွေ လှူဒါန်းပေးပြီး ကုသိုလ်ပြုခဲ့တဲ့ ညီညီမောင်(စမ်းချောင်း)

နာမည်ကြီး မိတ်ကပ် ဖန်တီးရှင် တစ်ယောက် ဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း) ဟာဆိုရင် ပွင့်ပွင့် လင်းလင်းနဲ့ ပျော်ပျော် နေတတ်တဲ့ သူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ အရာရာကို ပွင့်ပွင့်လင်းလင်း ပြောတတ်ပြီး ရဲရင့် ထက်မြက်လွန်းတဲ့ ညီညီမောင် (စမ်းချောင်း) ကို ပရိသတ်တွေ သာမကပဲ အနုပညာရှင် အသိုင်းအဝိုင်း တစ်ခုလုံးကပါ ချစ်ကြတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ ညီညီမောင်(စမ်းချောင်း) က သူကိုယ်တိုင် ရုပ်ရှင်နဲ့ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာ အလုပ်တွေကို လုပ်ကိုင်လာတာကို တွေ့ရပါတယ်။

လက်ရှိကိုဗစ် ကာလမှာ အလုပ်လေးတွေလုပ်လိုက် အလှူလေးတွေ လုပ်လိုက်နဲ့ ဖြတ်သန်းနေတဲ့ ညီညီမောင် (စမ်းချောင်း) က ဒီတစ်ခါ မှာလည်း ရွှေတိဂုံဘုရားကို ဖူးမြှော်တဲ့ ဘုရားဖူးပြည်သူတွေ အတွက် အလှူလေးတစ်ခုကို ပြုလုပ်လာ ပါတယ်။ ညီညီမောင်(စမ်းချောင်း) က “ရွှေတိဂုံ ဘုရား အရှေ့ဘက်မုဒ် ဘုရားဖူးများ ထိုင်ရှစ်ခိုးဖို့ ခုံ တွေလှူဖြစ်ပါတယ် နိုင်သလောက် ကုသိုလ်ပေါ့ရှင်။ ဘုရားဖူးတွေ ကျောက်ပြားပေါ် မထိုင်ပဲ ခုံလေးပေါ်ကနေ ဝတ်ပြုနိုင်အောင်ပါ။ ကုသိုလ် ထပ်တူရကျပါစေနော် တန်ဆောင်တိုင် လပြည့်ညအကြို ကုသိုလ်🙏🏻❤️” ဆိုပြီး သူ့ရဲ့ ကုသိုလ်လေးကို မျှဝေပေး လာပါတယ်။

ညီညီမောင်(စမ်းချောင်း) ကတော့ ဘုရားတွေ မဖွင့်သေးချိန်မှာ ရွှေတိဂုံဘုရားကို လမ်းပေါ်ကနေ ဖူးမြှော်ရတဲ့ ဘုရားဖူးတွေ အတွက် အေးအေးဆေးဆေး ဝတ်ပြုနိုင်ဖို့အတွက် စိတ်ကူးကောင်းကောင်း နဲ့ ခုံလေးတွေလှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေး ကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment