Celebrity


Written by Ms Cele





ခရက်ဒစ်

ပြင်ဦးလွင် မြို့မှာ အနားယူ ဖို့ အကောင်းစား အိမ်ကြီး ကို ဝယ်ယူ လိုက်တဲ့ စိုးမြတ်နန္ဒာ

ပရိသတ်ကြီးရေ မင်းသမီးချော လေးစိုးမြတ်နန္ဒာဟာ ဆိုရင် အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှု တွေကို ရရှိပိုင်ဆိုင် ထားတဲ့ စူပါမင်းသမီးတစ်လက်ပဲဖြစ်ပါတယ်နော်။ ပရိသတ်တွေရဲ့အချစ်ကိုလည်း ရရှိပိုင်ဆိုင်ထားပြီး စိုးညီအစ်မတွေနဲ့ မင်းသမီးပိုးထည်တိုက်ကိုလည်း ဖွင့်လှစ်ထား ပါတယ်။

ယနေ့အချိန် ထိလည်း နုပျိုလှပနေလို့ ငယ်ငယ်တုန်းက အလှအပတွေကလည်း မပြောင်းလဲသွားပါဘူးနော်။ စိုးမြတ်နန္ဒာတို့မိသားစုလေးက စည်းစည်းလုံးလုံးရှိကြပြီး အပြန်အလှန်ဖေးမကူညီကြလို့ အားကျဖို့ကောင်းတဲ့
မိသားစုလေးပဲဖြစ်ပါတယ်။စိုးမြတ်နန္ဒာက မိသားစုထဲမှာ အငယ်ဆုံးသမီးလေးဖြစ်ပေမယ့် မိဘနှစ်ပါးကိုလည်း စောင့်ရှောက်ပေးသလို ချစ်အစ်မကြီး တွေရဲ့အလုပ်တွေကိုလည်း ကူညီပေးတာဖြစ်ပါတယ်။ဒါဒါကတော့ ဘာသာတရားလည်း ကိုင်းရှိုင်းလို့တရားစခန်း တွေလည်း အမြဲလိုလိုဝင်နေတာဖြစ်ပါတယ်နော်။

အခုဆိုရင်တော့ စိုးမြတ်နန္ဒာက သာယာအေးချမ်းတဲ့ ပြင်ဦးလွင်မြို့လေးမှာ အားတဲ့အချိန်တိုင်းအပန်းဖြေလို့ရအောင် အိမ်လှလှလေးတစ်လုံးကို ဝယ်ထားလိုက်တာဖြစ်ပါတယ်။စိုးမြတ်နန္ဒာက”Dream Come trueနေရာလေးလည်းကောင်း ..ရာသီဥတုလေးလည်းကောင်း ..အိမ်လေးတွေကလည်းလှ ..စမ်းချောင်းလေး ဖြတ်ဆင်းသွားတဲ့ အိမ်ရာဝင်းလေး ..အိမ်နီးချင်းဖြစ်သွားရင်တော့ ထမင်း လာစားမှာနော့”ဆိုပြီး ပရိသတ်တွေအတွက် ချစ်စရာအိမ်ပုံလေးတွေကို မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

ခရက်ဒစ်

About the author

Ms Cele

Leave a Comment