Celebrity

ျပည္သူတစ္ေယာက္အေနနဲ့ အမ်ိဳးသားေတြနဲ့ ရင္ေဘာင္တန္းျပီး ရပ္ကြက္အတြင္းရိွ မိဘျပည္သူေတြကို ကူညီေစာင့္ေရွာက္ေပးေနတဲ့ ဝါဆိုမိုးဦး

Written by Ms Cele

ျပည္သူတစ္ေယာက္အေနနဲ့ အမ်ိဳးသားေတြနဲ့ ရင္ေဘာင္တန္းျပီး ရပ္ကြက္အတြင္းရိွ မိဘျပည္သူေတြကို ကူညီေစာင့္ေရွာက္ေပးေနတဲ့ ဝါဆိုမိုးဦး

ငယ္စဥ္ကတည္းက ကေလးသရုပ္ေဆာင္ တစ္ေယာက္အျဖစ္ အနုပညာေလာက ထဲကို ဝင္ေရာက္လာခဲ့တဲ့ ဝါဆိုမိုးဦးက လက္ရိွအခ်ိန္ထိလည္း ပရိသတ္ေတြရဲ့ အားေပးမႈကို ခံယူျပီး ေအာင္ျမင္တဲ့ သရုပ္ေဆာင္ တစ္ေယာက္အျဖစ္ ရပ္တည္ေနတာပဲ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ ဝါဆိုမိုးဦးက ျပည္သူထဲက ျပည္သူတစ္ေယာက္အေနနဲ့ သူမရဲ့ လုပ္စရာ အလုပ္ေတြကို ရပ္နားျပီး မိဘျပည္သူလူထုနဲ့ ျငိမ္းခ်မ္းစြာ ဆႏၵျပေနတာပဲ ျဖစ္ပါတယ္။

အမ်ိဳးသမီးငယ္ေလး တစ္ေယာက္ျဖစ္ေပမယ့္ ဘာကိုမွမေၾကာက္တတ္ပဲ ျဖစ္လာသမွ် အႏၱရာယ္ မွန္သမွ်ကို ရင္ဆိုင္ေနတာပဲ ျဖစ္ပါတယ္။ ဝါဆိုမိုးဦးက တိုင္းေရးျပည္ေရးမျငိမ္မသက္ျဖစ္ေနစဥ္မွာ ကိုယ့္ကိုကိုယ္ အားႏြဲ့တဲ့ အမ်ိဳးသမီး ဆိုတာကို ေမ့ထားျပီး အမ်ိဳးသားေတြနဲ့ ရင္ေဘာင္တန္းျပီး ျပည္သူေတြလံုျခံဳေရး အတြက္ ကင္းေစာင့္ေပးေနတယ္လို့ သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေပးထားပါတယ္။

ဝါဆိုမိုးဦး ကေတာ့ ျပည္သူ တစ္ေယာက္အေနနဲ့ အမ်ိဳးသားေတြနဲ့ ရင္ေဘာင္တန္းျပီး ရပ္ကြက္အတြင္းရိွ မိဘျပည္သူေတြကို ကူညီေစာင့္ေရွာက္ေပး ေနတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုကၸါတယ္ေနာ္။

Source: Warso Moe Oo’s fb
Credit: Cele Connections

ပြည်သူတစ်ယောက်အနေနဲ့ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး ရပ်ကွက်အတွင်းရှိ မိဘပြည်သူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ဝါဆိုမိုးဦး

ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ် အနုပညာလောက ထဲကို ဝင်ရောက်လာခဲ့တဲ့ ဝါဆိုမိုးဦးက လက်ရှိအချိန်ထိလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ခံယူပြီး အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဝါဆိုမိုးဦးက ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ သူမရဲ့ လုပ်စရာ အလုပ်တွေကို ရပ်နားပြီး မိဘပြည်သူလူထုနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာပဲ ဖြစ်ပါတယ်။

အမျိုးသမီးငယ်လေး တစ်ယောက်ဖြစ်ပေမယ့် ဘာကိုမှမကြောက်တတ်ပဲ ဖြစ်လာသမျှ အန္တရာယ် မှန်သမျှကို ရင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။ ဝါဆိုမိုးဦးက တိုင်းရေးပြည်ရေးမငြိမ်မသက်ဖြစ်နေစဉ်မှာ ကိုယ့်ကိုကိုယ် အားနွဲ့တဲ့ အမျိုးသမီး ဆိုတာကို မေ့ထားပြီး အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး ပြည်သူတွေလုံခြုံရေး အတွက် ကင်းစောင့်ပေးနေတယ်လို့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားပါတယ်။

ဝါဆိုမိုးဦး ကတော့ ပြည်သူ တစ်ယောက်အနေနဲ့ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး ရပ်ကွက်အတွင်းရှိ မိဘပြည်သူတွေကို ကူညီစောင့်ရှောက်ပေး နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: Warso Moe Oo’s fb
Credit: Cele Connections

About the author

Ms Cele

Leave a Comment