Celebrity

ျပည္သူထဲက ျပည္သူတစ္ေယာက္ အေနနဲ႔ အသံတိတ္သပိတ္ႀကီးမွာ အသီးသီး ပါဝင္ခဲ့ၾကတဲ့အႏုပညာရွင္မ်ား

Written by Ms Cele

ျပည္သူထဲက ျပည္သူတစ္ေယာက္ အေနနဲ႔ အသံတိတ္သပိတ္ႀကီးမွာ အသီးသီး ပါဝင္ခဲ့ၾကတဲ့အႏုပညာရွင္မ်ား

ကမၻာတစ္ဝွမ္းရဲ့ သတင္းေတြထိ ေနရာယူခဲ့တဲ့ ျမန္မာနိုင္ငံရဲ့ ေႏြဦးေတာ္လွန္ေရးႀကီးဟာ ဆိုရင္ ခုခ်ိန္ထိ လႈပ္ရွားမႈမ်ိဳးစုံနဲ႔ အရွိန္အဟုန္ေကာင္း ေနဆဲပါ။ျပည္သူအားလုံးက ရဲရင့္ၾကသလို Gen Y Gen Z ေတြရဲ့ တီထြင္နိုင္မႈေတြ ေပါင္းစပ္နိုင္ခဲ့တာေၾကာင့္ နိုင္ငံအသီးသီး ကေလးစားခ်ီးက်ဴးေနၾကတာပါ။လူငယ္ေတြကလည္း ဘယ္ေလာက္ပဲ အခက္အခဲေတြရွိေနပါေစ ေနာက္မဆုတ္ဘဲ ယုံၾကည္ခ်က္ေတြအတြက္ ေရွ႕ဆက္လွမ္းေနခဲ့တာ ဒီေနဆိုရင္ ဒီလူထုလႈပ္ရွားမႈႀကီးဟာ တစ္လေက်ာ္လာၾကာခဲ့ပါၿပီ။

ျပည္သူေတြကလည္း တစ္ရက္မွ စိတ္ဓာတ္မက်သြားဘဲ နည္းမ်ိဳးစုံသုံးကာ ေႏြဦးေတာ္လွန္ေရးႀကီး ေအာင္ျမင္ရန္ ယုံၾကည္ခ်က္ေတြ အျပည့္နဲ႔ စည္းလုံးညီညြတ္စြာ ရရာေနရာကေန လူႀကီး လူငယ္မေရြးပါဝင္ လႈပ္ရွားေနၾကတာပါ။ ဒီေန႔ မတ္လ (၂၄) ရက္ေန႔မွာဆိုရင္လည္း ျမန္မာနိုင္ငံ တစ္နိုင္ငံလုံးမွာ အသံတိတ္သပိတ္ဆိုတဲ့ လႈပ္ရွားမႈႀကီးကို အားလုံး ညီညီညြတ္ညြတ္နဲ႔ပါဝင္ခဲ့ၾကတာကို ေလးစားစြာေတြ႕ျမင္ရပါတယ္။

ေနရာအႏွံအျပားရွိ ဆိုင္ေတြ ေဈးေတြ အကုန္ပိတ္ကာ ျပည္သူမ်ား ကလည္း အတတ္နိုင္ဆုံး မိမိတို႔အိမ္ထဲပဲ ေနထိုင္ကာ ဆႏၵျပခဲ့ၾကရာ ကမၻာတစ္ဝွမ္းက သတင္းေတြထိပ်ံ႕ႏွံ့ခဲ့သည္အထိ ေအာင္ျမင္ခဲ့ပါတယ္။ဒါ့အျပင္ အႏုပညာရွင္ေတြ အမ်ားအျပားကလည္း ဒီအသံတိတ္သပိတ္ႀကီးမွာ အားတတ္ သေရာပါဝင္ခဲ့ၾကကာ သ႐ုပ္ေဖာ္ပုံမ်ားကိုလည္း ကမၻာကသိေအာင္ သူတို႔ရဲ့ေဖ့ဘြတ္စာမ်က္မွာေတြ ထက္မွာေဖာ္ျပခဲ့ပါတယ္။

Credit:Cele Zone
Photo – Celebrity

ပြည်သူထဲက ပြည်သူတစ်ယောက် အနေနဲ့ အသံတိတ်သပိတ်ကြီးမှာ အသီးသီး ပါဝင်ခဲ့ကြတဲ့အနုပညာရှင်များ

ကမ္ဘာတစ်ဝှမ်းရဲ့ သတင်းတွေထိ နေရာယူခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကြီးဟာ ဆိုရင် ခုချိန်ထိ လှုပ်ရှားမှုမျိုးစုံနဲ့ အရှိန်အဟုန်ကောင်း နေဆဲပါ။ပြည်သူအားလုံးက ရဲရင့်ကြသလို Gen Y Gen Z တွေရဲ့ တီထွင်နိုင်မှုတွေ ပေါင်းစပ်နိုင်ခဲ့တာကြောင့် နိုင်ငံအသီးသီး ကလေးစားချီးကျူးနေကြတာပါ။လူငယ်တွေကလည်း ဘယ်လောက်ပဲ အခက်အခဲတွေရှိနေပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက်တွေအတွက် ရှေ့ဆက်လှမ်းနေခဲ့တာ ဒီနေဆိုရင် ဒီလူထုလှုပ်ရှားမှုကြီးဟာ တစ်လကျော်လာကြာခဲ့ပါပြီ။

ပြည်သူတွေကလည်း တစ်ရက်မှ စိတ်ဓာတ်မကျသွားဘဲ နည်းမျိုးစုံသုံးကာ နွေဦးတော်လှန်ရေးကြီး အောင်မြင်ရန် ယုံကြည်ချက်တွေ အပြည့်နဲ့ စည်းလုံးညီညွတ်စွာ ရရာနေရာကနေ လူကြီး လူငယ်မရွေးပါဝင် လှုပ်ရှားနေကြတာပါ။ ဒီနေ့ မတ်လ (၂၄) ရက်နေ့မှာဆိုရင်လည်း မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ အသံတိတ်သပိတ်ဆိုတဲ့ လှုပ်ရှားမှုကြီးကို အားလုံး ညီညီညွတ်ညွတ်နဲ့ပါဝင်ခဲ့ကြတာကို လေးစားစွာတွေ့မြင်ရပါတယ်။

နေရာအနှံအပြားရှိ ဆိုင်တွေ ဈေးတွေ အကုန်ပိတ်ကာ ပြည်သူများ ကလည်း အတတ်နိုင်ဆုံး မိမိတို့အိမ်ထဲပဲ နေထိုင်ကာ ဆန္ဒပြခဲ့ကြရာ ကမ္ဘာတစ်ဝှမ်းက သတင်းတွေထိပျံ့နှံ့ခဲ့သည်အထိ အောင်မြင်ခဲ့ပါတယ်။ဒါ့အပြင် အနုပညာရှင်တွေ အများအပြားကလည်း ဒီအသံတိတ်သပိတ်ကြီးမှာ အားတတ် သရောပါဝင်ခဲ့ကြကာ သရုပ်ဖော်ပုံများကိုလည်း ကမ္ဘာကသိအောင် သူတို့ရဲ့ဖေ့ဘွတ်စာမျက်မှာတွေ ထက်မှာဖော်ပြခဲ့ပါတယ်။

Credit:Cele Zone
Photo – Celebrity

About the author

Ms Cele

Leave a Comment