Celebrity

ျပည္သူနဲ႔အတူ လႉၾကမယ္အစီအစဥ္က ဝယ္ထားတဲ့ ကိုဗစ္ေရာဂါ သက္သာေစမယ့္ ေဆးေတြ ဒီေန႔ေရာက္မွာ ျဖစ္ေၾကာင္း ဝမ္းသာစြာ ေျပာျပလာတဲ့ ဂၽြန္လြင္

Written by Ms Cele

ျပည္သူနဲ႔အတူ လႉၾကမယ္အစီအစဥ္က ဝယ္ထားတဲ့ ကိုဗစ္ေရာဂါ သက္သာေစမယ့္ ေဆးေတြ ဒီေန႔ေရာက္မွာ ျဖစ္ေၾကာင္း ဝမ္းသာစြာ ေျပာျပလာတဲ့ ဂၽြန္လြင္

ျမန္မာနိုင္ငံမွာ ကိုဗစ္ကာလ စတင္ကတည္းက ကပ္ဆိုးႀကီးကို ျမန္မာတစ္ နိုင္ငံလုံး အဆင္ေျပေျပေက်ာ္လႊား သြားနိုင္ဖို႔ အစိုးရေထာက္ပံ့ ကူညီမႈေတြသာမက ပရဟိတအဖြဲ႕အစည္း ေတြလည္း မ်ားစြာထြက္ ေပၚလာခဲ့ၿပီး ယေန႔အခ်ိန္ထိ အင္တိုက္အားတိုက္ ကူညီေနတာေတာ့ ျပည္သူလူထု တစ္ရပ္လုံးလည္း သိၾကမွာပါေနာ္။ ျပည္သူခ်စ္ အႏုပညာရွင္ေတြလည္း ကိုဗစ္ကာလကို တတ္နိုင္သမၽွ ကိုယ္တိုင္လႉဒါန္းေနၾကသလို ျပည္သူနဲ႔အတူတူလႉၾကမယ္ အဖြဲ႕ကေနတဆင့္ လိုအပ္ေနတဲ့ ေဆး႐ုံသုံးစက္ေတြ၊ လိုအပ္ေနတဲ့ အကူအညီေတြ မ်ားစြာေပးနိုင္ခဲ့ပါတယ္။

ဒီတစ္ေခါက္ မွာလည္း ျပည္သူနဲ႔အတူတူ လႉၾကမယ္အစီအစဥ္မွာ အင္တိုက္အား တိုက္ပါဝင္ေနတဲ့ ဂၽြန္လြင္ကေတာ့ သတင္းေကာင္းေလး တစ္ခုကို မၽွေဝေပးလာျပန္ပါတယ္။ ကိုဗစ္ေရာဂါကုသေရးအတြက္ အသုံးျပဳခြင့္ေပး ထားတဲ့ တစ္လုံးကို (၂၄) ေဒၚလာတန္ေၾကးရွိတဲ့ Remdesivir ေဆး အလုံး(၇၉၀) ကို ျပည္သူနဲ႔အတူလႉဒါန္းၾကမယ္အလႉလက္က်န္ေငြ (၂၅၄) သိန္းနဲ႔ ဝယ္ယူခဲ့ၿပီး ဒီေန႔နိုဝင္ဘာ(၂၅) ရက္ေန႔မွာ ေရာက္လာေတာ့မွာျဖစ္ေၾကာင္း သတင္းေကာင္းေလးကို မၽွေဝေပးခဲ့တာပါ။

ဒီေဆး ကေတာ့ ကိုဗစ္ေရာဂါကို အရွင္းေပ်ာက္ေအာင္ မကုသေပးနိုင္ ေသးေပမယ့္ ဗိုင္းရပ္စ္ေတြကို သတ္ေပးတဲ့ အျပင္ ကုသရမယ့္ရက္ ကိုလည္း ေလၽွာ့ခ်ေပးနိုင္တာမို႔ FDA ကခြင့္ျပဳထား တဲ့ တစ္ကမၻာလုံးက သုံးစြဲေနၾကတဲ့ ေဆးျဖစ္သလို မၾကာေသး ခင္ကလည္း အိႏၵိယနိုင္ငံက ျမန္မာနိုင္ငံအတြက္ Remdesivir ေဆးေတြကို လႉဒါန္းေပးခဲ့ပါတယ္။ ဂၽြန္လြင္ကေတာ့ ပါဝင္လႉဒါန္းေပးတဲ့သူေတြအကုန္လုံးကို ေက်းဇူးတင္စကားဆိုခဲ့တဲ့အျပင္ ေရာက္ရွိလာတဲ့ေဆးေတြကိုလည္း လိုအပ္တဲ့ေနရာေတြကိုလႉဒါန္းေပးသြားမွာျဖစ္ေၾကာင္း ေရးသားမၽွေဝခဲ့ပါတယ္။

Credit:Cele Gabar

ပြည်သူနဲ့အတူ လှူကြမယ်အစီအစဉ်က ဝယ်ထားတဲ့ ကိုဗစ်ရောဂါ သက်သာစေမယ့် ဆေးတွေ ဒီနေ့ရောက်မှာ ဖြစ်ကြောင်း ဝမ်းသာစွာ ပြောပြလာတဲ့ ဂျွန်လွင်

မြန်မာနိုင်ငံမှာ ကိုဗစ်ကာလ စတင်ကတည်းက ကပ်ဆိုးကြီးကို မြန်မာတစ် နိုင်ငံလုံး အဆင်ပြေပြေကျော်လွှား သွားနိုင်ဖို့ အစိုးရထောက်ပံ့ ကူညီမှုတွေသာမက ပရဟိတအဖွဲ့အစည်း တွေလည်း များစွာထွက် ပေါ်လာခဲ့ပြီး ယနေ့အချိန်ထိ အင်တိုက်အားတိုက် ကူညီနေတာတော့ ပြည်သူလူထု တစ်ရပ်လုံးလည်း သိကြမှာပါနော်။ ပြည်သူချစ် အနုပညာရှင်တွေလည်း ကိုဗစ်ကာလကို တတ်နိုင်သမျှ ကိုယ်တိုင်လှူဒါန်းနေကြသလို ပြည်သူနဲ့အတူတူလှူကြမယ် အဖွဲ့ကနေတဆင့် လိုအပ်နေတဲ့ ဆေးရုံသုံးစက်တွေ၊ လိုအပ်နေတဲ့ အကူအညီတွေ များစွာပေးနိုင်ခဲ့ပါတယ်။

ဒီတစ်ခေါက် မှာလည်း ပြည်သူနဲ့အတူတူ လှူကြမယ်အစီအစဉ်မှာ အင်တိုက်အား တိုက်ပါဝင်နေတဲ့ ဂျွန်လွင်ကတော့ သတင်းကောင်းလေး တစ်ခုကို မျှဝေပေးလာပြန်ပါတယ်။ ကိုဗစ်ရောဂါကုသရေးအတွက် အသုံးပြုခွင့်ပေး ထားတဲ့ တစ်လုံးကို (၂၄) ဒေါ်လာတန်ကြေးရှိတဲ့ Remdesivir ဆေး အလုံး(၇၉၀) ကို ပြည်သူနဲ့အတူလှူဒါန်းကြမယ်အလှူလက်ကျန်ငွေ (၂၅၄) သိန်းနဲ့ ဝယ်ယူခဲ့ပြီး ဒီနေ့နိုဝင်ဘာ(၂၅) ရက်နေ့မှာ ရောက်လာတော့မှာဖြစ်ကြောင်း သတင်းကောင်းလေးကို မျှဝေပေးခဲ့တာပါ။

ဒီဆေး ကတော့ ကိုဗစ်ရောဂါကို အရှင်းပျောက်အောင် မကုသပေးနိုင် သေးပေမယ့် ဗိုင်းရပ်စ်တွေကို သတ်ပေးတဲ့ အပြင် ကုသရမယ့်ရက် ကိုလည်း လျှော့ချပေးနိုင်တာမို့ FDA ကခွင့်ပြုထား တဲ့ တစ်ကမ္ဘာလုံးက သုံးစွဲနေကြတဲ့ ဆေးဖြစ်သလို မကြာသေး ခင်ကလည်း အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအတွက် Remdesivir ဆေးတွေကို လှူဒါန်းပေးခဲ့ပါတယ်။ ဂျွန်လွင်ကတော့ ပါဝင်လှူဒါန်းပေးတဲ့သူတွေအကုန်လုံးကို ကျေးဇူးတင်စကားဆိုခဲ့တဲ့အပြင် ရောက်ရှိလာတဲ့ဆေးတွေကိုလည်း လိုအပ်တဲ့နေရာတွေကိုလှူဒါန်းပေးသွားမှာဖြစ်ကြောင်း ရေးသားမျှဝေခဲ့ပါတယ်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment