Celebrity

ျပည္သူေတြနဲ႕အတူ အသံတိတ္သပိတ္မွာ ပါ၀င္သ႐ုပ္ေဖာ္ရင္း အားျဖည့္ေပးခဲ့တဲ့ ခင္၀င့္ဝါ

Written by Ms Cele

ျပည္သူေတြနဲ႕အတူ အသံတိတ္သပိတ္မွာ ပါ၀င္သ႐ုပ္ေဖာ္ရင္း အားျဖည့္ေပးခဲ့တဲ့ ခင္၀င့္ဝါ

ခုဆိုရင္ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြ အခိုင္အမာနဲ႔ ရပ္တည္ေနၾကတဲ့ အႏုပညာရွင္ေတြဟာ လတ္တေလာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ျပည္သူေတြနဲ႔အတူ ေန႔စဥ္နဲ႔အမၽွ အားမေလ်ာ့ဘဲ တစ္သားထဲရပ္တည္ကာ တစ္ေထာင့္တစ္ေနရာကေန အစြမ္းကုန္ပါဝင္လ်က္ရွိေနတာကို အားလုံးျမင္ေတြ႕ရမွာပါေနာ္။ အားလုံးကလည္း ဘယ္လို ၿဖိဳခြင္းမႈေတြရွိေနပါေစ လက္မေလ်ာ့ဘဲ ေရွ႕ဆက္သြားေနၾကတာပါ။

တစ္ရက္ထက္တစ္ရက္ အေျခအေနေတြတင္းမာလာၿပီျဖစ္တဲ့ ဒီလူထုလႈပ္ရွားမႈႀကီးဟာဆိုရင္ အသက္ဆုံးရႈံးရသူေတြလည္ းရွိသလို ဒဏ္ရာရသူေတြ ထိန္းသိမ္းခံထားရသူေတြလည္းရွိေနခဲ့ပါတယ္။အာလုံး ကလည္းဒီလိုဆုံးရႈံးမႈေတြထပ္မျဖစ္ေအာင္ တစ္ေယာက္ကိုတစ္ေယာက္ကူညီေဖးမရင္းယုံၾကည္ခ်က္ေတြကို အေကာင္အထည္ေဖာ္ေနၾကတာပါ။

ခုဆိုရင္ အႏုပညာရွင္ေတြထဲ မွာလည္း ၿခိမ္းေျခာက္ခံရမႈေတြ ရွိေနတာလည္း ေတြ႕ရပါတယ္။ဒါေပမယ့္လည္း အႏုပညာရွင္ေတြဟာခုခ်ိန္ထိ မေၾကာက္မရြံ့ဘဲျပည္သူေတြနဲ႔ အတူရပ္တည္ ေနၾကတုန္းပါ။ဒီလိုအႏုပညာရွင္ေတြထဲမွာမွ ခင္ဝင့္ဝါလည္း အပါအဝင္ပါပဲ။ခင္ဝင့္ဝါကေဖေဖာ္ဝါရီထဲက စတင္ခဲ့တဲ့ဒီလႈပ္ရွားမႈႀကီးမွာတတ္နိုင္သေလာက္ပါဝင္ ကူညီအားျဖည့္ကာ ကိုယ္တိုင္လည္း လမ္းမေပၚထြက္ကာ လႈပ္ရွားမႈေတြျပဳလုပ္သလို တိုက္ပြဲမွာ က်ရႈံးသြားတဲ့ သူရဲေကာင္းေတြရဲ့ မိသားစုေတြကိုလည္း အလႉေငြမ်ား သြားေရာက္လႉဒါန္းကာ တတ္နိုင္သေလာက္ကူညီခဲ့တာလည္းျဖစ္ပါတယ္။အခုလည္းဒီေန႔မွာ ျပည္သူေတြစုေပါင္းညီညြတ္စြာ ျပဳလုပ္ၾကတဲ့ အသံတိတ္သပိတ္ႀကီးမွာ ကိုယ္တိုင္ပါဝင္ရပ္တည္ခဲ့တာကို ေလးစားစြာေတြ႕ျမင္ရပါတယ္။ပရိသတ္ႀကီးအတြက္ ခင္ဝင့္ဝါရဲ့ ပုံေလးေတြကို မၽွေဝေပးလိုက္ ပါတယ္။

Credit:Cele Zone
Photo – Khin Wint Wah

ပြည်သူတွေနဲ့အတူ အသံတိတ်သပိတ်မှာ ပါဝင်သရုပ်ဖော်ရင်း အားဖြည့်ပေးခဲ့တဲ့ ခင်ဝင့်ဝါ

ခုဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ အနုပညာရှင်တွေဟာ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ နေ့စဉ်နဲ့အမျှ အားမလျော့ဘဲ တစ်သားထဲရပ်တည်ကာ တစ်ထောင့်တစ်နေရာကနေ အစွမ်းကုန်ပါဝင်လျက်ရှိနေတာကို အားလုံးမြင်တွေ့ရမှာပါနော်။ အားလုံးကလည်း ဘယ်လို ဖြိုခွင်းမှုတွေရှိနေပါစေ လက်မလျော့ဘဲ ရှေ့ဆက်သွားနေကြတာပါ။

တစ်ရက်ထက်တစ်ရက် အခြေအနေတွေတင်းမာလာပြီဖြစ်တဲ့ ဒီလူထုလှုပ်ရှားမှုကြီးဟာဆိုရင် အသက်ဆုံးရှုံးရသူတွေလည် းရှိသလို ဒဏ်ရာရသူတွေ ထိန်းသိမ်းခံထားရသူတွေလည်းရှိနေခဲ့ပါတယ်။အာလုံး ကလည်းဒီလိုဆုံးရှုံးမှုတွေထပ်မဖြစ်အောင် တစ်ယောက်ကိုတစ်ယောက်ကူညီဖေးမရင်းယုံကြည်ချက်တွေကို အကောင်အထည်ဖော်နေကြတာပါ။

ခုဆိုရင် အနုပညာရှင်တွေထဲ မှာလည်း ခြိမ်းခြောက်ခံရမှုတွေ ရှိနေတာလည်း တွေ့ရပါတယ်။ဒါပေမယ့်လည်း အနုပညာရှင်တွေဟာခုချိန်ထိ မကြောက်မရွံ့ဘဲပြည်သူတွေနဲ့ အတူရပ်တည် နေကြတုန်းပါ။ဒီလိုအနုပညာရှင်တွေထဲမှာမှ ခင်ဝင့်ဝါလည်း အပါအဝင်ပါပဲ။ခင်ဝင့်ဝါကဖေဖော်ဝါရီထဲက စတင်ခဲ့တဲ့ဒီလှုပ်ရှားမှုကြီးမှာတတ်နိုင်သလောက်ပါဝင် ကူညီအားဖြည့်ကာ ကိုယ်တိုင်လည်း လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေပြုလုပ်သလို တိုက်ပွဲမှာ ကျရှုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေကိုလည်း အလှူငွေများ သွားရောက်လှူဒါန်းကာ တတ်နိုင်သလောက်ကူညီခဲ့တာလည်းဖြစ်ပါတယ်။အခုလည်းဒီနေ့မှာ ပြည်သူတွေစုပေါင်းညီညွတ်စွာ ပြုလုပ်ကြတဲ့ အသံတိတ်သပိတ်ကြီးမှာ ကိုယ်တိုင်ပါဝင်ရပ်တည်ခဲ့တာကို လေးစားစွာတွေ့မြင်ရပါတယ်။ပရိသတ်ကြီးအတွက် ခင်ဝင့်ဝါရဲ့ ပုံလေးတွေကို မျှဝေပေးလိုက် ပါတယ်။

Credit:Cele Zone
Photo – Khin Wint Wah

About the author

Ms Cele

Leave a Comment