Celebrity

ျပည္သူေတြအခက္အခဲျဖစ္ေနခ်ိန္ တတ္ႏိုင္တဲ့ဘက္ကပါ၀င္ လွဴဒါန္းမႈေတြျပဳခဲ့တဲ့ ေဆာင္းအိေျႏၵထြန္း

Written by Ms Cele

ျပည္သူေတြအခက္အခဲျဖစ္ေနခ်ိန္ တတ္ႏိုင္တဲ့ဘက္ကပါ၀င္ လွဴဒါန္းမႈေတြျပဳခဲ့တဲ့ ေဆာင္းအိေျႏၵထြန္း

ပရိသတ္ႀကီးေရ.. မမေဆာင္းလို႔ အမ်ားက ေခၚၾကတဲ့ အဆိုေတာ္ သ႐ုပ္ေဆာင္ ေဆာင္းအိေျႏၵထြန္း ကေတာ့ ဟန္ေဆာင္မႈမရွိ ပြင့္လင္းတဲ့ ဟန္ပန္ေလးေတြေၾကာင့္ အႏုပညာေလာကမွာ ပရိသတ္ေတြရဲ့ အခ်စ္ေတြကို တစ္ခဲနက္ ရရွိထားသူပါ..။မမေဆာင္း ကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြမွာ တတ္နိုင္တဲ့ ဘက္ကေန ျပည္သူေတြအတြက္ အလႉေလးေတြ မၾကာခဏ ဆိုသလို ျပဳလုပ္ၿပီး အားလုံး နဲ႔ အတူရပ္တည္ေနတာလည္း ပရိသတ္ေတြ ျမင္ေတြ႕ၾကရမွာပါ..။

မမေဆာင္း ကေတာ့ ၿပီးခဲ့တဲ့ ရက္ပိုင္းေတြ အလႉေလးေတြ ျပဳလုပ္ခဲ့သလို ဒီကေန႔ေလး မွာလည္း လူႀကီးေတြအျပင္ ကေလးငယ္ေလးေတြ အတြက္လည္း အစားအေသာက္ေတြ ေပးေဝ လႉဒါန္းခဲ့တာ ေတြ႕ရပါတယ္..။ ေျမာက္ဥကၠလာေဝဘာဂီ ဘက္မွာ အလႉေငြေတြနဲ႔ အစားအေသာက္ေတြ ေပးေဝလႉဒါန္းၿပီး ျပည္သူေတြရဲ့ စိတ္အေမာေတြကို ခဏတာေျပေပ်ာက္ေစခဲ့ တာဆိုလည္း မမွားပါဘူး..။

“မရွိတဲ့သူေတြ သြားလႉ..” ဆိုၿပီး ျပည္သူေတြ အတြက္ တတ္နိုင္ သေလာက္ေလး ျပဳလုပ္ခဲ့တဲ့ သူမရဲ့အလႉကို Live လႊင့္ကာ ပရိသတ္ေတြကို ေဝမၽွထား တာျဖစ္ၿပီး အားလုံးကလည္း မမေဆာင္းရဲ့အလႉကို သာဓုေခၚကာ ဆုေတာင္းေပးထားၾကတာ ေတြ႕ရပါတယ္..။ အလႉလုပ္ရင္း အားေပးခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြနဲ႔ တရင္းတႏွီး စကားေတြေျပာေနတဲ့ မမေဆာင္းရဲ့ ဗီဒီယိုဖိုင္ ကိုလည္း အားလုံးအတြက္ မၽွေဝတင္ဆက္ေပး လိုက္တာမို႔ ပရိသတ္ေတြလည္း သေဘာက်ေနၾကမယ္လို႔ေမၽွာ္လင့္ ပါတယ္ေနာ္..။

Photo Credit – မမေဆာင္း Fb Page
Credit

ပြည်သူတွေအခက်အခဲဖြစ်နေချိန် တတ်နိုင်တဲ့ဘက်ကပါဝင် လှူဒါန်းမှုတွေပြုခဲ့တဲ့ ဆောင်းအိန္ဒြေထွန်း

ပရိသတ်ကြီးရေ.. မမဆောင်းလို့ အများက ခေါ်ကြတဲ့ အဆိုတော် သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း ကတော့ ဟန်ဆောင်မှုမရှိ ပွင့်လင်းတဲ့ ဟန်ပန်လေးတွေကြောင့် အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေကို တစ်ခဲနက် ရရှိထားသူပါ..။မမဆောင်း ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ တတ်နိုင်တဲ့ ဘက်ကနေ ပြည်သူတွေအတွက် အလှူလေးတွေ မကြာခဏ ဆိုသလို ပြုလုပ်ပြီး အားလုံး နဲ့ အတူရပ်တည်နေတာလည်း ပရိသတ်တွေ မြင်တွေ့ကြရမှာပါ..။

မမဆောင်း ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အလှူလေးတွေ ပြုလုပ်ခဲ့သလို ဒီကနေ့လေး မှာလည်း လူကြီးတွေအပြင် ကလေးငယ်လေးတွေ အတွက်လည်း အစားအသောက်တွေ ပေးဝေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်..။ မြောက်ဥက္ကလာဝေဘာဂီ ဘက်မှာ အလှူငွေတွေနဲ့ အစားအသောက်တွေ ပေးဝေလှူဒါန်းပြီး ပြည်သူတွေရဲ့ စိတ်အမောတွေကို ခဏတာပြေပျောက်စေခဲ့ တာဆိုလည်း မမှားပါဘူး..။

“မရှိတဲ့သူတွေ သွားလှူ..” ဆိုပြီး ပြည်သူတွေ အတွက် တတ်နိုင် သလောက်လေး ပြုလုပ်ခဲ့တဲ့ သူမရဲ့အလှူကို Live လွှင့်ကာ ပရိသတ်တွေကို ဝေမျှထား တာဖြစ်ပြီး အားလုံးကလည်း မမဆောင်းရဲ့အလှူကို သာဓုခေါ်ကာ ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။ အလှူလုပ်ရင်း အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေနဲ့ တရင်းတနှီး စကားတွေပြောနေတဲ့ မမဆောင်းရဲ့ ဗီဒီယိုဖိုင် ကိုလည်း အားလုံးအတွက် မျှဝေတင်ဆက်ပေး လိုက်တာမို့ ပရိသတ်တွေလည်း သဘောကျနေကြမယ်လို့မျှော်လင့် ပါတယ်နော်..။

Photo Credit – မမဆောင်း Fb Page
Credit

About the author

Ms Cele

Leave a Comment