Celebrity

ျပည္သူေတြအတြက္ ကိုရီးယားထမင္းလိတ္ေတြ ျပဳလုပ္ၿပီးလွဴဒါန္းမႈေတြ ျပဳလုပ္ေနတဲ့ ျပည့္ဖူးခိုင္

Written by Ms Cele

ျပည္သူေတြအတြက္ ကိုရီးယားထမင္းလိတ္ေတြ ျပဳလုပ္ၿပီးလွဴဒါန္းမႈေတြ ျပဳလုပ္ေနတဲ့ ျပည့္ဖူးခိုင္

ပရိသတ္ႀကီးေရ.. သ႐ုပ္ေဆာင္အျဖစ္ ဇာတ္ကားေတြ ရိုက္ကူးထားတဲ့ အျပင္ သီခ်င္းေလးေတြလည္းသီဆိုၿပီး အဆိုေတာ္အျဖစ္ပါ ပရိသတ္ေတြရဲ့အားေပးခ်စ္ခင္မႈေတြကို အခိုင္အမာ ရရွိထားတဲ့ ျပည္ဖူးခိုင္ကိုေတာ့ ပရိသတ္ေတြ အမွတ္ရေနၾကဦးမွာပါ..။အႏုပညာအလုပ္ေတြ နည္းပါးသြားေပမယ့္ ပရိသတ္ေတြ ရင္ထဲေနရာယူထားဆဲျဖစ္တဲ့ ျပည့္ဖူးခိုင္ကေတာ့ လက္ရွိ အေျခအေနေတြမွာလည္း ျပည္သူေတြနဲ႔အတူ ရပ္တည္ကာ လႈပ္ရွားမႈေတြမွာ ပါဝင္ေနတာလည္း ေတြ႕ရပါတယ္..။

ျပည့္ဖူးခိုင္ ကေတာ့ ျပည္သူ႔ သူရဲေကာင္းေတြနဲ႔ အတူ လမ္းေပၚထြက္ လႈပ္ရွားမႈေတြမွာ ကိုယ္တိုင္ပါဝင္ အားျဖည့္သလို လႉဒါန္းမႈေတြလည္း ျပဳလုပ္ေနတာျဖစ္ၿပီး ဒီကေန႔ေလးမွာေတာ့ တစ္နိုင္တစ္ပိုင္ အလႉေလး ျပဳလုပ္ခဲ့ျပန္ပါတယ္..။ေစတနာေတြ အျပည့္နဲ႔ သူမကိုယ္တိုင္ ကိုရီးယား ထမင္းလိပ္ေတြျပင္ဆင္ခ်က္ျပဳတ္ၿပီး ျပည္သူေတြအတြက္ အာဟာရ ဒါနအျဖစ္ လႉဒါန္းမႈေတြျပဳလုပ္ေနတဲ့ ျပည့္ဖူးခိုင္ရဲ့ အလႉေလးကေတာ့ တကယ္ကို သေဘာက်စရာေလးပါပဲ..။

“တနိုင္အလႉေလးပါ..” ဆိုၿပီး ကိုယ္တိုင္ ျပင္ဆင္ထားတဲ့ ထမင္းလိပ္ အလႉေလးေတြကို ျပည့္ဖူးခိုင္က သူမရဲ့ေဖ့စ္ဘြတ္ စာမ်က္ႏွာကေန ပရိသတ္ေတြကို ျပန္လည္မၽွေဝထားတာ ျဖစ္ၿပီး ပရိသတ္ေတြကလည္း သာဓုေခၚဆုေတာင္း ေပးထားၾကတာ ေတြ႕ရပါတယ္..။ျပည္သူေတြအတြက္ လိုအပ္တဲ့ ေနရာေတြမွာ လိုအပ္သလိုလႉဒါန္းမႈေတြျပဳလုပ္ေနတဲ့ အျခားေသာအလႉရွင္ေတြ နဲ႔အတူ အဆိုေတာ္သ႐ုပ္ေဆာင္ ျပည့္ဖူးခိုင္ရဲ့ အလႉကိုလည္း အားလုံး အတြက္ တင္ဆက္ေပး လိုက္ပါတယ္..။

Credit

ပြည်သူတွေအတွက် ကိုရီးယားထမင်းလိတ်တွေ ပြုလုပ်ပြီးလှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ ပြည့်ဖူးခိုင်

ပရိသတ်ကြီးရေ.. သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးထားတဲ့ အပြင် သီချင်းလေးတွေလည်းသီဆိုပြီး အဆိုတော်အဖြစ်ပါ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာ ရရှိထားတဲ့ ပြည်ဖူးခိုင်ကိုတော့ ပရိသတ်တွေ အမှတ်ရနေကြဦးမှာပါ..။အနုပညာအလုပ်တွေ နည်းပါးသွားပေမယ့် ပရိသတ်တွေ ရင်ထဲနေရာယူထားဆဲဖြစ်တဲ့ ပြည့်ဖူးခိုင်ကတော့ လက်ရှိ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လှုပ်ရှားမှုတွေမှာ ပါဝင်နေတာလည်း တွေ့ရပါတယ်..။

ပြည့်ဖူးခိုင် ကတော့ ပြည်သူ့ သူရဲကောင်းတွေနဲ့ အတူ လမ်းပေါ်ထွက် လှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင် အားဖြည့်သလို လှူဒါန်းမှုတွေလည်း ပြုလုပ်နေတာဖြစ်ပြီး ဒီကနေ့လေးမှာတော့ တစ်နိုင်တစ်ပိုင် အလှူလေး ပြုလုပ်ခဲ့ပြန်ပါတယ်..။စေတနာတွေ အပြည့်နဲ့ သူမကိုယ်တိုင် ကိုရီးယား ထမင်းလိပ်တွေပြင်ဆင်ချက်ပြုတ်ပြီး ပြည်သူတွေအတွက် အာဟာရ ဒါနအဖြစ် လှူဒါန်းမှုတွေပြုလုပ်နေတဲ့ ပြည့်ဖူးခိုင်ရဲ့ အလှူလေးကတော့ တကယ်ကို သဘောကျစရာလေးပါပဲ..။

“တနိုင်အလှူလေးပါ..” ဆိုပြီး ကိုယ်တိုင် ပြင်ဆင်ထားတဲ့ ထမင်းလိပ် အလှူလေးတွေကို ပြည့်ဖူးခိုင်က သူမရဲ့ဖေ့စ်ဘွတ် စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပြီး ပရိသတ်တွေကလည်း သာဓုခေါ်ဆုတောင်း ပေးထားကြတာ တွေ့ရပါတယ်..။ပြည်သူတွေအတွက် လိုအပ်တဲ့ နေရာတွေမှာ လိုအပ်သလိုလှူဒါန်းမှုတွေပြုလုပ်နေတဲ့ အခြားသောအလှူရှင်တွေ နဲ့အတူ အဆိုတော်သရုပ်ဆောင် ပြည့်ဖူးခိုင်ရဲ့ အလှူကိုလည်း အားလုံး အတွက် တင်ဆက်ပေး လိုက်ပါတယ်..။

Credit

About the author

Ms Cele

Leave a Comment